Porsche ကားကုမ္ပဏီမှ
တောင်ကိုရီးယားရှိ ကားများကို ပြန်လည်သိမ်းယူမည်
Tuesday 3rd April 2012
ဂျာမနီနိုင်ငံအခြေစိုက် ဇိမ်ခံကားကုမ္ပဏီ Porsche ဟာ တောင်ကိုရီးယားနိုင်ငံမှာ ရောင်းချခဲ့တဲ့ ကား ၆၇စီးကို
ပြန်လည် သိမ်းယူမယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြန်လည် သိမ်းယူခဲ့တာဟာ ကားတွေရဲ့ လောင်စာဆီပိုက်မှာ ချို့ယွင်းမှုရှိတဲ့အတွက် ပြန်လည်သိမ်းယူမှာ ဖြစ်ပါတယ်။
အဲ့ဒီကားတွေမှာ တပ်ဆင်ထားတဲ့ လောင်စာဆီပိုက်လိုင်းဟာ အင်ဂျင် အအေးပေးစနစ်နဲ့ သွားထိတဲ့ အခါ အင်ဂျင် ရုတ်တရက် ရပ်တန့်သွားနိုင်ကြောင်း တောင်ကိုရီးယား သယ်ယူပို့ ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ပြန်လည်သိမ်းယူမယ့် ကားအမျိုးအစားတွေထဲမှာ 911 Carrera ၊ 911 Carrera S ၊ 911 Carrera Cabriolet ကား
အမျိုးအစားတွေ ပါဝင်ပါတယ်။
အဲ့ဒီလို ချို့ယွင်းချက်ရှိတဲ့ ကားပိုင်ရှင်တွေဟာ ဆားဗစ်စင်တာကို ဆက်သွယ်ရမှာဖြစ်ပြီး ပေါ်ရှေးကုမ္ပဏီက အခ
မဲ့ပြင်ဆင်ပေးမှာဖြစ်သလို ပြင်ပြီးသား ကားပိုင် ရှင်တွေကိုလည်း ကုန်ကျစရိတ်ပြန်အမ်း ပေးသွားမယ်လို့ သိရပါ
တယ်။
Reference : Xinhua.com
Copy from http://www.mrtv4.net.mm/





