Still CCTV Camera
Source Photo from http://www.google.com/images
သင်္ကြန်ထောင်ချောက် မဖြစ်စေလိုပါ
by မင်းစိုးစံApril 10 2012 Tyesday
သင်္ကြန်ကျတော့မယ်။
ပျော်စရာကြီး(ကျုပ်မပါဘူးနော်) ပျော်စရာမကောင်းပဲ ပြောစရာကောင်းနေလို့ပါ။
KNU နဲ့ငြိမ်းချမ်းရေးလက်မှတ်တွေထိုးပြီးမျှ ထူးထူးခြားခြား ဒီနှစ်မှာ မြ၀တီသင်္ကြန်ပွဲကို စင်တင်မဏ္ဍပ်
တွေဖျော်ဖြေ တင်ဆက်မှုတွေ ယိမ်းအကယှဉ်ပြိုင်ပွဲတွေလုပ်မယ်ဆိုတာ သိလိုက်ရတော့ ကျုပ်တို့ကရင့်
တော်လှန်ရေးအဖွဲ့တွေအတွက် အများကြီးအများကြီးကို တွေးတောစရာ သတိပြုစရာတွေဖြစ်လာပါ
တယ်။
လူမသိကျားမကိုက် လို့ ထားမယ်ဆိုလည်း ထားလို့ရပါတယ်၊ မိုးတော့မပြိုဘူးပေါ့ဗျာ ပြိုခဲ့သည်ရှိသော် ဆိုတဲ့အတွေးနဲ့ တစ်တီတူးငှက်လို ခြေထောက်မိုးပေါ်ထောင်ပြီး အိပ်ကြဘို့ဆိုလိုတာလည်းမဟုတ်ပါဘူး။ ပထမစဉ်းစားရမှာက စင်မဲ့မဏ္ဍပ်နဲ့ ရိုးရာပွဲကိုကျင်းပတော့ ဘာဖြစ်မှာတဲ့တုန်း၊ ဗုံးထောင်ရမှာမလွယ်လို့
လား၊ အခုဟာက ကရင်နဲ့ဗမာ ယုံကြည်မှုတည်ဆောက်နေတဲ့ အင်မတန် ထိလွယ်ရှလွယ်တဲ့ ကာလ မျိုးဆိုတာ သိနေပါလျက်နဲ့ ယုံကြည်မှုပျက်ပြယ်အောင် ဗျုဟာတရပ်ခင်းလိုက်တာလား။
Dom CCTV Camera
Source Photo from http://www.google.com/images
ပုံမှန်အတိုင်းလုပ်လည်း ရိုးရာပွဲက ရိုးရာပွဲပါပဲ။ ဘာများ ထူးဆန်းသွားမှာမို့လို့တုန်း။
ရန်ကုန်မြို့လိုအတွင်းပိုင်းကျတဲ့ နေရာမှာတောင်မှ မဏ္ဍပ်ကြီးတွေမှာဆိုလျင် Still CCTV ကင်မရာ၃လုံး
နဲ့ Dom CCTV ကင်မရာ ၁ လုံး အဲလိုတပ်ရမယ်၊ မဏ္ဍပ်လတ် မှာတော့ Still CCTV ကင်မရာ ၂ လုံး၊ Dom CCTV ကင်မရာ ၁ လုံး တပ်ရမယ်၊ လုံခြုံရေး ၀န်ထမ်းကိုလည်း မဏ္ဍပ်ကြီးမှာ အနည်းဆုံး၁၅
ယောက်နဲ့ မဏ္ဍပ်လတ်မှာတော့ အနည်းဆုံး ၁၀ ယောက် ထားရမယ် အဲဒီလို စည်းကမ်းသတ်မှတ် ထားကြတာ။
ရှိသေးတယ် အဲဒီမဏ္ဍပ်တွေကို တနေ့၂ ကြိမ်စစ်ဆေးမယ်ဆိုပါလား ရေမကစားမှီ တကြိမ်နဲ့ ရေ ကစားပြီးတကြိမ်ဆိုပြီး အဲဒီလိုကိုစစ်ဆေးမှာတဲ့။
ဒါတင်လားဆိုတော့ မကသေးဘူး ကင်မရာက မှတ်တမ်းတင်ထားသမျှ နေ့တိုင်း အစိုးရအဖွဲ့ကို ပို့ပေးရမယ်။ ဒါ့အပြင် မဏ္ဍပ်နဲ့မနီးမဝေးမှာလည်း ရဲတပ်ဖွဲ့တွေထားမှာဖြစ်သလို ကွပ်ကဲရေးရုံးတွေ ကိုလည်းထားရမယ် ဆိုတာတွေပါ ပါသေးသဗျား။ ထိုင်းနယ်စပ်က မြ၀တီမြို့မှာကျတော့ အဲဒါတွေ ထားဘို့လိုလားမလိုဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။
ကရင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဗမာအစိုးရ ငြိမ်းချမ်းရေးလုပ်ဘို့လက်မှတ်ထိုး
ထားတဲ့ အချိန်ကာလလေးက အင်မတန်နုနယ်ပါသေးတယ်၊ မြ၀တီလိုနယ်စပ်မြို့မျိုးကိုမပြောနဲ့ ကော့ ကရိတ်နဲ့ အတန်အသင့်ပဲဝေးတဲ့ ကျုံးဒိုးက မီးပုံပွဲမှာတောင် ဗမာစစ်သားကို အနီးကပ်ပစ်သတ်ပြီး
သေနတ်ယူသွားသေးတာပဲ။
ဗုံးပေါက်တတ်တဲ့ နယ်စပ်မြို့လေးမှာ သင်္ကြန်အတွင်း အလားတူဖြစ်ရပ်မျိုး မဖြစ်နိုင်ဘူးလို့ ကံသေ ကံမ ပြောလို့ရပါ့မလား။
အဲဒီလိုမဖြစ်အောင် ရန်ကုန်လိုမြို့ကြီးထက် နယ်စပ်မြို့ကလေးက ပိုမလိုအပ်ဘူးလား၊ ကရင်တွေသေ
တာပဲ မလိုဘူးဆိုတဲ့သဘောလား။
သင်္ကြန်ပွဲဆိုတော့ စစ်သားလည်းလူပဲဗျ ပျော်ချင်တာပေါ့၊ ဗမာစစ်သားကရင်စစ်သား အားလုံးဟာ လူငယ်လူ ရွယ်တွေဆိုတော့ ဒီလိုနေ့မျိုးမှာ နည်းနည်းပါးပါးလေး သောက်မိကြမယ်၊စားမိကြမယ်၊
သွေးတွေနည်းနည်းပူမယ်၊ ပြီးတော့ ပြောရင်းဆိုရင်း အပေါက်အလှမ်းမတည့်တာလေး ပါသွားလျင် ပွဲဆူမယ်။
အဲဒီလိုအချိန်မှာ အကွက်ချောင်းနေတဲ့ ခွေးရူးက ပွဲခင်တခုလုံးပြောင်းဆန်အောင်လုပ်လိုက်ပြီဆိုလျင် ဘာကင်မရာမှ တပ်မထားတဲ့အတွက် ကျုပ်တို့တတွေ လူသတ်တယ်ဆိုတဲ့ သတင်းထွက်လာပြီဆိုလျင်
ကဲ ဘာဆက်လုပ်မလဲ။
ကရင်နှစ်သစ်ကူးမှာ ဗုံးပေါက်တော့ KNU ဘက်ကပြောပါတယ်၊ အဲဒါ ကျုပ်တို့လုပ်တာမဟုတ်ဘူး၊
ကျုပ်တို့ ကရင်လူမျိုးတွေရဲ့ ပွဲမျိုးကျုပ်တို့မလုပ်ဘူး ဒါလေးနဲ့ပြီးမယ်တဲ့လား၊ သင်္ငြ်္ကန်မှာ ဗုံးပေါက်ပြီဆိုပါ
စို့ ငြိမ်းချမ်းရေးလုပ်ဘို့ လက်မှတ်ထိုးထားတာလေ၊ သံသယတွေက ပိုပြီးကြီးထွားမလာနိုင်ဘူးလား။
ကရင်ပြည်နယ်ငြိမ်းချမ်း သာယာရေးကို ပူး ပေါင်းဆောင်ရွက်ဘို့အတွက် လုပ်ကြတဲ့အခါ ကရင်ပြည် နယ်အတွင်း အကြောင်းအရာတွေကို ပူးပေါင်းလုပ်ဆောင်နိုင်ခွင့် ရှိရပါလိမ့်မယ်။
မပြောကောင်းမဆိုကောင်းမြ၀တီမြို့သင်္ကြန်ပွဲမှာ ရန်ကုန်က သင်္ကြန်ပွဲလို ဗုံးပေါက်ပြီးလူသေတယ်ဆို
ပါစို့ ကဲ ကျုပ်တို့တတွေ ဘာပြန်ပြောမလဲ၊ စကားတွေအများကြီးပြောရတော့မယ်၊ လုပ်စရာရှိတာမ
လုပ်ရဘူး၊ သတင်းဌာန ပေါင်းစုံက တယ်လီဖုန်းတွေဝင်လာမယ်၊ မဖြေပြန်လျင်လည်း ဆေးတံညိုလို
ဖြစ်လေမလားပေါ့နော်။
ပိုဆိုးတာက ထိုင်းနိုင်ငံသားတယောက်လောက် မြ၀တီမြို့သင်္ကြန်ပွဲမှာ တစုံတရာဖြစ်ပျက်သွားမယ်
ဆိုလျင် ဘယ်လောက်အထိ ပြောရဆိုရခက်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ၊ ဗမာအစိုးရက ပြဿ
နာမရှိဘူး၊ ပြဿနာရှိမှာက ကျုပ်တို့။
ဗမာအစိုးရက ထိုင်းကိုလုပ်ကွက်လေးတကွက်ပေးလိုက်လျင် အိုကေ။
ကျုပ်တို့က ဘာပေးစရာရှိလဲ။
အဲဒီလိုပြောနေတာက ဖြဲချောက်နေတာမဟုတ်ဘူးနော်၊ ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို စဉ်းစားထားနိုင်အောင်လို့ပါ၊ ဘာကြောင့်လဲဆိုတော့ လူတကာယိုတဲ့ချီး ပုဇွန်စိပ်ခေါင်းပေါ်ကျခဲ့ပေါင်း
က များနေပြီ။
အခုဟာကလည်း ငြိမ်းချမ်းရေးလုပ်ဆောင်ဘို့ သဘောတူလက်မှတ်ထိုးထားတဲ့အဆင့်ဆိုတော့ အားလုံး
မှာ သံသယကင်းကင်းရှင်းရှင်းလေးရှိဘို့ လိုအပ်နေတာမဟုတ်လား။
ကျုပ်သဘောကတော့ မြ၀တီက သင်္ကြန်မဏ္ဍပ်တွေမှာ ရန်ကုန်ကမဏ္ဍပ်တွေလိုပဲ စီစဉ်ပေးစေချင်
တယ်၊ အဲဒါက ဗမာနဲ့ကရင် စကားမများချင်ဘူးဆိုလျင်ပေါ့။ အဲဒီလိုစီစဉ်ထားတာတွေမရှိဘူး ဆို
လျင်တော့ ကျုပ်သင်္ကြန် မဏ္ဍပ်ထဲသွားကစားဘို့မပြောနဲ့ အဝေးကတောင်လှမ်းမကြည့်ဘူး၊
ရေပုံးထဲရေအပြည့်ထည့်ပြီး ကိုယ့်အိမ်ရှေ့ကနေ အပျိုမလေးတွေအလာကို စောင့်ပြီးရေလောင်း
တော့မယ်။
ဒီကောင် အဝေးထိန်းခလုတ်နဲ့ ဗုံးဖေါက်တာ ဆိုပြီး အချောင်သက်သက် မျောက်ဖြစ်သွားမှာ စိုးလို့
ပါ။ ညင်းလို့မရဘူးနော် ကင်မရာတပ်ထားတာမဟုတ်ဘူးလေ။
Source Photo from http://www.google.com/images
သင်္ကြန်အတွင်းမှာ ပိတောက်ရွှေဝါ ချယ်ရီပန်းလို ပွင့်ပါစေ။
လူငယ်များစွာ မဟာသင်္ကြန်ခါ မှန်ကန်တဲ့ပျော်ရွှင်မှုကို ရပါစေ။
အန္တရာယ်အပေါင်းမှ ကင်းကြပါစေ။
မြန်မာပြည်မှာ ပိတောက်တွေပွင့်ပြီလား မပွင့်သေးဘူးလာတော့ မပြောတတ်ဘူး၊ ကျုပ်နေတဲ့နေရာမှာတော့ ချယ်ရီတွေပွင့်နေပြီဗျို့။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)







