Khin Maung Win/Associated Press
U Aung Min, right, a Burmese government negotiator, greeted the Karen National Union leader, Gen. Saw Mutu Sai Po, at a truce signing ceremony on Thursday.
ရထားဝန်ကြီး ဦးအောင်မင်း
အနာနဲ့ဆေး တွေ့သွားပြီ
(မင်းစိုးစံ)
April 8, 2012 Sunday
ရှေ့ကတွေ့ဆုံပွဲတွေက တွေ့ဆုံပွဲသင်္ခန်းစာတွေကိုဖေါ်ထုတ်တယ်၊ ဖေါ်ထုတ်ပြီးတဲ့အခါမှာ အခုကျနော်
တို့ အခုလုပ်တာသင့်တင့်တဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်၊ အခုဟာ ကျနော်တို့မြန်မာနိုင်ငံမှာ ခေတ်သစ်
စနစ်သစ်နဲ့ ချီ တက်နေတာပါ အရင်တုန်းကခွင့်မပြုသေးလို့ဖြစ်ပါတယ်။
အခုကစနစ်ကခွင့်ပြုနေပါပြီ စနစ်ကခွင့်ပြုတဲ့အတွက် ကျနော်တို့က အနာနဲ့ဆေးနဲ့တည့်ပြီလို့တော့ခန့်
မှန်းလို့ရတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကိုယ်စားလှည်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှည်တို့ ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းစစ်ကြာမြင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဘယ်လောက်
အထိအရေးပါ တဲ့ ဆွေးနွေးပွဲဖြစ်ပါသလဲလို့ မြန်မာအစိုးရနဲ့ KNU တို့ရဲ့အမြင်သဘောထားအပေါ်မေးမြန်း ရာမှာ မီးရထားဝန်ကြီး ဦးအောင်မင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။
Myanmar's President Thein Sein shakes hands with peace group Karen National Union 's Naw Si Pho Ra Sein , KNU General Secretary Mutu Saipo and other members in Thein Sein's private farm house in Naypyitaw April 7, 2012. REUTERS/Stringer
အဓိကအကျဆုံးကတော့ ပြည်သူလူထုနဲ့ပတ်သက်တဲ့ကိစ္စတခုဖြစ်တဲ့ ကြောက်ရွံ့မှုကင်းတဲ့ပြည်သူလူ
ထုရဲ့ဘ၀ကို ဖန်တည်းဘို့ နောက်ပြီးတော့ ပြည်သူလူထုရဲ့ယုံကြည်မှု ရရှိဘို့အတွက် ဘာဖြစ်လို့လဲဆို
တော့ အပစ်အ ခတ်ရပ်စဲရေးလုပ်ရာမှာ ပြည်သူလူထုအတွက်အကျိုးရှိတယ်ဆိုတာကို ဖေါ်ဆောင်ရ
မှာကိုး၊ ပြည်သူလူထုအတွက်အကျိုးမရှိတဲ့ငြိမ်းချမ်းရေးမျိုး ကျနော်တို့မလိုလားဘူး။
အဲဒါကိုလုပ်ဆောင်ဘို့ နှစ်ဦးနှစ်ဘက်က သဘော တူဆုံးဖြတ်ချက်ချကြပါတယ်။
ဒါတွေကတော့ သတင်းဌာနတွေက ထုတ်လွှင့်ထားတာကို ပြန်လည်ရေးသားတင်ပြထားတာပါ။
ကဲ ကျုပ်တို့ ဒီစကားရဲ့ အသွားအလာကိုကြည့်ကြပါစို့။
မီးရထားဝန်ကြီး ဦးအောင်မင်းကတော့ အနာနဲ့ဆေး တွေ့သွားပါပြီ၊ ဒါကြောင့်မို့လို့သူက အဲဒီလိုအ
ကျိုးနဲ့ အကြောင်းနဲ့ အချက်နဲ့အလက်နဲ့ပြောနေတာပါ။
ဟုတ်ပါတယ် ဗမာစစ်အစိုးရဘက်ကတော့ အနာနဲ့ဆေးတွေ့ သွားတာတော့ သေခြာပါလိမ့်မယ်။
ကျုပ်တို့ကရင်ပြည်သူလူထုအတွက်ကဘယ်လိုရှိမလဲဆိုတာ တွေးကြည့်ကြရအောင်လား၊ ကြောက်ရွံ့
မှုကင်းတဲ့ပြည်သူလူထုဘ၀ကို ဖန်တည်းဘို့ဆိုတာ အပြောလွယ်သလောက် တကယ့်လက်တွေ့မှာ လွယ်ကူနိုင်ပါ့မလား။
အပစ်အခတ်တွေရပ်စဲလိုက်ရုံလေးနဲ့ ပေါ်တာမဖမ်းရုံလေးနဲ့ မုဒိန်းမကျင့်ရုံလေးနဲ့ ကြက်ငှက်တွေကို
လုယက်စားသောက်ခြင်းမပြုရုံလေးနဲ့ ရွာကိုမီးမရှို့ရုံလေးနဲ့ ငွေတွေကိုအတင်းအကြတ် မယူရုံလေးနဲ့
ပြည်တွင်းစစ်ကာလတလျှောက်လုံး ပြေးလွှားရင်းသေကြေဒါဏ်ရာရခဲ့တာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုတွေက လွယ်လွယ်ကူကူ ပျောက်ပြယ်သွားမယ်လို့ထင်ပါသလား။
နှစ်ပေါင်းခြောက်ဆယ်ကျော်နော်၊ နည်းနည်းနောနော မဟုတ်ဘူး၊ မျိုးဆက် သုံးဆက်ဗျ၊ အဲဒီအထဲမှာ
မှ အသိ ဥာဏ်မဖွံ့ဖြိုးသေးတဲ့ ကလေးဘ၀က ခံစားမြင်တွေ့လာရတဲ့ လူငယ်ပိုင်း လူလတ်ပိုင်း တွေရဲ့ စိတ်ထဲက ခံစား နေရတာတွေကို ကုစားဘို့၊ သူတို့ဘ၀တွေကို ပုံမှန်အနေအထားတရပ် ပြန်ရောက်ဘို့ ကုစားပေးဘို့ရာ အချိန်တွေအများကြီးလိုအပ်ပါတယ်။
အဲဒီတော့ ကျုပ်တို့ကရင်လူထုအတွက် အနာသိလျက် ဆေးမရှိတဲ့အခြေအနေမျိုးပြန်မရောက်သွား
နိုင်မယ့် ငြိမ်းချမ်းရေးမျိုးဖြစ်ဘို့ အင်မတန်အရေးကြီးပါတယ်၊ လိုအပ်ပါတယ်။
ဗမာစကားတခုရှိတယ် စိတ်ဆိုးအောင်လုပ်ပါ စိတ်နာအောင်မလုပ်ပါနဲ့ ဆိုတာလေ။
အဲဒီစကားက စည်းလုံး ညီညွတ်ရေးတည်ဆောက်ဘို့အတွက် ယုံကြည်မှုရအောင်လုပ်တဲ့နေရာမှာ
ဘေးချိတ်ထားလို့မရပါဘူး၊ ကျုပ်တို့ကရင်တွေက ဗမာစစ်တပ်ကိုနည်းနည်းလေးမျှမကြောက်ဘူး၊ ဗမာစစ်တပ်ကို ဗမာအစိုးရကို စိတ်နာနေကြတာ၊ ခင်ဗျားတို့မယုံလျင် စမ်းသပ်လို့ရတယ်။
ဗမာစစ်ဗိုလ်တယောက်ကို လက်နက်မပါပဲ လက်ဝှေ့ထိုးသတ်ဘို့ ရွာပြင်တနေရာမှာ စိန်ခေါ်ပွဲလေး လုပ်ပေးကြည့်လိုက်ပါ၊ အဲဒီစစ်ဗိုလ် အရိုးတခြားအသားတခြားဖြစ်သွားမယ်လို့ အတတ်မပြောနိုင်
ပေမယ့် ထိုးသတ်ဘို့စာရင်းပေးမယ့် အရပ်သားတွေကတော့ ရိုးရိုးလက်ဝှေ့သမားတယောက်ကို ယှဉ်ပြိုင်ထိုးသတ်ဘို့ထက် ပိုပြီး စိတ်ဝင်တစား နာမည်စာရင်းပေးကြပါလိမ့်မယ်။
နောက်ဆုံး လက်ဝှေ့ထိုးသတ်ဘို့ မတတ်နိုင်တဲ့ အဘိုးအိုတွေပါ စာရင်းပေးကြပါလိမ့်မယ်၊ အဲဒီလောက်
ကို စိတ်နာနေကြတယ်ဆိုတာ အောက်ခြေကိုဆင်းကြည့်လျင် သိနိုင်ပါတယ်၊ အဲဒီလို စိတ်နဲ့ပတ်သက် တဲ့ ဝေဒနာကိုကုစားဘို့ဆိုတာ အချိန်တွေအများကြီးလိုအပ်ပါတယ်။
ကျုပ်ကအဲဒီလိုပြောလို့ တော်တော်အမြင်ကျဉ်းမြောင်းတဲ့ ကရင်ပဲလို့တချို့ပြောကြလိမ့်မယ်၊ ခင်ဗျား
တို့ ကိုယ်တိုင်မခံစားရတော့ သဘောထားကြီးရမယ် ခွင့်လွှတ်ရမယ် လူသားအမြင်ရှိရမယ် သင်ပုန်း
ခြေနိုင်ရမယ် ဒါမျှ ငြိမ်းချမ်းရေးလို့ခေါ်တယ် လို့ပြောကြပါလိမ့်မယ်။
ငြိမ်းချမ်းချင်လို့ ကိုယ့်မှာရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်နေလာခဲ့တာ ကြာပြီပဲ၊ အဲဒီလိုရောင့်ရဲတင်း
တိမ်နေခဲ့တဲ့ ကျုပ်တို့ကရင်လူမျိုးတွေအပေါ် လူသားချင်းစာနာရကောင်းမှန်းမသိပဲ ထင်သလိုလက်
နက်နဲ့ အနိုင်ကျင့်စော်ကားလာခဲ့တာ တနှစ်လည်းမဟုတ် ဆယ်နှစ်လည်းမက နှစ်ခြောက်ဆယ်လေ၊ အခုထက်ထိလည်း စော်ကားနေတုန်းပဲ။
ကရင်တွေ စစ်တိုက်တာ စားစရာမရှိလို့ စစ်တိုက်တာ အလုပ်အကိုင်လေးတွေ ဖန်တည်းပေးလိုက်
လျင် အလိုလိုစစ်တိုက်ချင်စိတ်ပျောက်သွားမယ် ဆိုတဲ့ စကားလုံးဟာ ကျုပ်တို့ကရင်လူမျိုးတွေရဲ့ စိတ်ဓါတ်ကို ချိုးဖဲ့လိုက်တာဖြစ်တယ် ကျုပ်တို့ကရင်အမျိုးသားထုတရပ်လုံးကို စော်ကားလိုက်တာဖြစ်တယ်။ တော်လှန်ရေးသမိုင်းကြောင်းတခုလုံးကို ဖျက်ဆီးပစ်လိုက်တာဖြစ်တယ်။ သေးသိမ်စေ
တာဖြစ်တယ်။ ကရင်ပြည်သူလူထုတရပ်လုံး ယုံကြည်လာဘို့ဆိုတာကတော့ ဝေးပြီ။
ကျုပ်တို့ ကရင်ပြည်သူလူထုတွေရဲ့ဘ၀ကို ကုန်းကောက်စရာမရှိအောင် နည်းလမ်းပေါင်း မျိုးစုံအောင် သုံးပြီး နှစ်ပေါင်းမြောက်များစွာ ဖျက်ဆီးခဲ့တဲ့လူတယောက်က အနာနဲ့ဆေးတည့်ပြီဆိုကတည်းက ဒါ
ဟာကောင်းတဲ့စေတနာနဲ့ ပြောတဲ့စကားလုံးတွေ မဖြစ်နိုင်ပါဘူး။
နာနေတာက ကရင်ပြည်သူလူထုဗျ။ ဗမာစစ်အစိုးရက နာနေတာမဟုတ်ဘူး။
အသာစီးရပြီး ပြောအားရှိလို့ ပြောနေတာသာဖြစ်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)






