• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, April 5, 2012

အစိုးရနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံဆွေးနွေးမည့် KNU ကိုယ်စားလှယ်စာရင်း

KNU ကရင်အမျိုးသားအစည်းအရုံးမှ ကိုယ်စားလှည်တော်ကြီးများနှင့် အဖွဲ့
Source Photo from http://knljapan.blogspot.com/
၂၀၁၂ - ၀၄ -၀၅

အစိုးရနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံဆွေးနွေးမည့် 

KNU ကိုယ်စားလှယ်စာရင်း

 ၁။ ။ နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်)
၂။ ။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်)
၃။ ။ ပဒိုစောကွယ်ထူးဝင်း
၎။ ။ ပဒိုရွှေမောင်း
၅။ ။ ဗိုလ်မှူးချုပ် အဲကလူသိန်း (တပ်မဟာ-၃မှူး)
၆။ ။ ပဒိုစောအားတိုး
၇။ ။ ပဒိုစောရောဂျာခင်
၈။ ။ ဗိုလ်မှူးထူးထူးလေး
၉။ ။ ပဒိုစောသောသီဘွဲ (ရုံးတာဝန်ခံ)
၁၀။ ။ ပဒိုစောလှထွန်း (ရုံး ဒုတာဝန်ခံ)
၁၁။ ။ နော်ဘလူးမင်းနိုက်ဇန်
၁၂။ ။ နော်မေဦး
၁၃။ ။ နော်ထူးဖော (ရုံးအဖွဲ့)
၁၄။ ။ စောအောင်ဝင်းရွှေ
၁၅။ ။ ဗိုလ်မှူးကြီး မိုးဖြူ
၁၆။ ။ စောကြီး
။ ။ စောတာဒို့မူး
၁၈။ ။ စောဘောဘိုး
၁၉။ ။ စောဒူးဖလော်စိုး (ရုံးအဖွဲ့အကူ)
၂၀။ ။ နန်းဖော့ဂေ (သတင်းတာဝန်ခံ)
၂၁။ ။ စောအဲနာ (သတင်းအဖွဲ့)
အမည်စာရင်းတွေကို အောက်ကလိပ်စာမှာ ကူးယူထားတာဖြစ်ပါတယ်။
from http://knljapan.blogspot.com/

Source Photo from http://knljapan.blogspot.com/

နော်မေဦးကို ကျုပ်သိပါတယ်၊ လူပုဂ္ဂိုလ်ကိုတော့ တခါဘူးမျှ မမြင်ဘူးပါဘူး။
သူ့လက်ရေးနဲ့ ရေးပေးခဲ့တဲ့ စာတစောင်ကြောင့် ကျုပ်ရဲ့ အိမ်မက်တွေ အကောင်အထည်ပေါ်ခဲ့ပါတယ်။(အချို့) သူ့လက်ရေးကို ပိုင်ရှင်ဖြစ်တဲ့သူက မြင်လျင် မှတ်မိနိုင်ပေမယ့် သူရေးခဲ့တဲ့ အကြောင်းအရာကိုတော့ နည်းနည်း
လေးမျှ သတိရနိုင်မှာ မဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသားပါ။
ကျုပ်အခုထက်ထိသိမ်းထားဆဲပါ။

ကရင်အမျိုးသမီးငယ်လေးတယောက် အားမာန်အပြည့် အရိုးသားအဖြူစင်ဆုံး နဲ့ စိတ်ရင်းစေတနာရင်းနဲ့ ရေး
သားခဲ့တဲ့ စာပါအကြောင်းအရာတွေက ရိုးရိုးလေးဆိုမှ တကယ့်ရိုးရိုးလေးပါ။
အစိမ်းရောင် မင်နဲ့ရေးထားတဲ့ အင်မတန်သေသပ်လှပတဲ့ လက်ရေးနဲ့စာကို ကျုပ်သိမ်းထားရတဲ့ အကြောင်းရင်း
က ကျုပ်ထက်အသက်အများကြီးငယ်ပေမယ့် သူ့ရဲ့ကရင်အမျိုးသားတွေအပေါ် ထားတဲ့ စိတ်ဓါတ်ကို လေးစားဂုဏ်
ယူမိခဲ့လို့ ဖြစ်ပါတယ်။

အခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူလည်း ပါတယ်ဆိုတော့ အားရှိသွားတာအမှန်ပါ။
 အောက်က အသံဖိုင်လေးကတော့ သူ့ကို DVB သတင်းထောက်က မေးတာကို ပြန်ဖြေထားတာ ဖြစ်ပါတယ်။


Source NEWS Audio from http://www.dvb.no