ယခုလဆန်းပိုင်းက တွေ့မြင်ရသည့် DKBA တပ်မှူးအချို့
DKBA အမည် ပြောင်းလဲ ခေါ်ဆို
ဧပြီလ ၆ရက်၊ ၂၀၁၂ခုနှစ်
ယခုလဆန်းပိုင်းက တွေ့မြင်ရသည့် DKBA တပ်မှူးအချို့ ယခင် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အစည်းအရုံး တပ်မတော် Democratic Karen Buddhist Army(DKBA)ကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် Democratic Karen Benevolent Army (DKBA)အဖြစ် ပြောင်းလဲ ခေါ်ဆိုလိုက်ပြီဟု သိရှိရသည်။
အဆိုပါ တရားဝင် ပြောင်းလဲခေါ်ဆိုမှုကို ယခုလဆန်းပိုင်း ၁ရက်ကနေ ၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ကလိုထူးဘော ညီလာခံအပြီး တပ်မှူးစုံ အစည်းအဝေးတခု ဆက်လက် ကျင်းပရာမှ ယခုကယ့်
သို့အမည်ပြောင်းလဲ ခေါ်ဆိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုသည်။
ယခု ပြောင်းလဲခေါ်ဆိုလိုက်သည့် DKBAအဖွဲ့ကို KKOဟု ခေါ်သည့် ကလိုထူးဘော ကရင်အစည်းအရုံး၏ ဦးဆောင်မှုအောက်တွင် လက်နက်ကိုင် တပ်တခုအနေဖြင့် ဆက်လက်ရပ်တည် သွားမည် ဖြစ်သည်။
ယခု လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည့် ကလိုထူးဘော ကရင်အစည်းအရုံးကို မန်းရောဘတ်ဇန်က ဥက္ကဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး DKBAဟု ခေါ်သည့် တပ်ဘက်ဆိုင်ရာကိုဖြင့် ဗိုလ်ချုပ်စောလားပွယ် (နှုတ်ခမ်းမွေး)မှ
ဦးဆောင် သွားမည် ဖြစ်သည်။
Posted by အဲခေါင်သောင့် at 8:05 PM
Copy from http://ehkhaungthaunt.blogspot.com.au/2012/04/dkba.html




