နာဂစ်မုန်တိုင်းကျပြီး လပွတ္တာမြို့တနေရာကို မြင်ရစဉ်
နာဂစ်အလွန် လပွတ္တာမြို့အခြေအနေ
By BBC Burmese Service
May 2, 2012 Wednesday
ဒီနေ့ဟာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ လေးနှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်၊ နာဂစ်ဒါဏ် ကြောင့်လူအများအပြားအသက်ဆုံးရှုံးခဲ့ကြသလို အသက်မသေပေမယ့် ဘ၀ပျက်ခဲ့ကြရသူတွေ
လည်း ဒုနဲ့ဒေးရှိခဲ့ပါတယ်။
နာဂစ်ဒါဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့မှာတော့ နာဂစ်လေးနှစ်ပြည့်အထိန်းအမှတ်
အနေနဲ့ မနေ့ညက တရားပွဲကျင်းပခဲ့ပြီး ဒီမနက်မှာလပွတ္တမြို့က ဘုန်းကြီးကျောင်း ၄၂ကျောင်းက သံဃာ
တော်တွေအ တွက်အရုဏ်ဆွမ်းကပ်မယ်လို့သိရပါတယ်။
ဒီတော့ နာဂစ်ဒါဏ်ခံခဲ့ရတဲ့ လပွတ္တာမြို့နယ်အနီးတ၀ိုက်က ဒေသခံတွေအနေနဲ့အခုအခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အခြအနေပြန်ရောက်ပြီလား သိရအောင် လပွတ္တာမြို့က ဆားလုပ်ငန်းရှင် ဦးမောင်ခင်ကို မ သီတာနွယ်က ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။
May 2, 2012 Wednesday Morning
Source NEWS Audio from http://www.bbcburmese.com
နာဂစ်အလွန် လပွတ္တာမြို့အခြေအနေဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းနဲ့အတူ နာဂစ်ဥပဒေဆိုတာ အခိုင်အမာအတည်ပြုပေါ်ပေါက်လာပါပြီ။
နာဂစ်မုန်တိုင်းလို နာဂစ်ဥပဒေဆိုတာကလည်း တိုင်းရင်းသားတွေရဲ့ အသက်တွေကို သတ်ဖြတ်ပစ်ဘို့
တိုင်းရင်းသားတွေရဲ့ဘ၀ကို ဖျက်ဆီးပစ်ဘို့ အင်နဲ့အားနဲ့ ထုနဲ့ထည်နဲ့ အဟုန်ပြင်းပြင်းချင်းနင်းလို့
ဝင်ရောက်လာပါပြီ။
ကြိုတင်ပြင်ဆင်ထားကြပေတော့။
အသေခံမလား။
တိုက်ပွဲဝင်မလား။





