• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, May 1, 2012

ဗိုလ်မှူးချုပ် စောလါးပွယ် သတင်းစာရှင်းလင်း

March 1 2012 Tuesday 
သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်မှူးချုပ် စောလားပွယ်နှင့် တပ်မှူးတပ်ဗိုလ်အချို့ 
Source Photo from http://www.naytthit.net 

ဗိုလ်မှူးချုပ် စောလါးပွယ် သတင်းစာရှင်းလင်း 

2012-05-01
မူးယစ်ရာဇာ အဖြစ် မိမိအပေါ် စွပ်စွဲချက်တွေကို သက်သေပြနိုင်မယ်ဆိုရင် ပေးတဲ့ပြစ်ဒဏ်ကို ရဲဝင့်စွာခံယူ မှာဖြစ်တယ်လို့ ကလိုထူးဘေါ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးချုပ် စောလါးပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွှေး က ဒီကနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဗိုလ်မှူးချုပ်စောလါးပွယ်ကို ဧပြီလ ၂၀ရက်နေ့က ထိုင်းအစိုး
ရက မူးယစ်ရာဇာအဖြစ်စွတ်စွဲပြီး ဆုငွေထုတ်ပြန်ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဒီကနေ့မနက်ပိုင်းက ကလိုထူးဘေါ စစ်ဌာနချုပ်ရှိရာ ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ် ကော်သူးမွဲခီး ဒေသမှာ ပြုလုပ်ပါတယ်။
သတင်းစာရှင်းပွဲနဲ့ပတ်သက်ပြီး ကလိုထူးဘော ကရင်အမျိုးသားအစည်းအရုံး အတွင်းရေးမှူး စောဂုဏ်အောင် က ပြောပါတယ်။

၃၀ ရက်နေ့ နောက်ဆုံးထားပြီးတော့ ကျွန်တော်တို့ဆီမှာ လာပြီးတော့ ရှာဖွေလို့ရတယ်။ 
၃၀ ရက်နေ့ မှာ မလာတဲ့အတွက်ကြောင့် ကျွန်တော်တို့က သတင်းစာ ရှင်းလင်းပွဲလုပ်တာ။ ဗိုလ်ချုပ်စောလါးပွယ်က ဒီမူးယစ်ဆေးဝါးရောင်းဝယ်တဲ့ဟာကို သူကိုယ်တိုင်လည်း မလုပ်ဖူးဘူး။ 
သူများကိုလည်း ညွှန်ကြားချက် တစုံတရာမရှိဘူး။ 
အဲလို ငြင်းလိုက်ပါတယ်။ 
တကယ်လို့ စွတ်စွဲတဲ့ဘက်က စွပ်စွဲချက်တွေကို သက်သေအထောက်အထားအခိုင်အမာနဲ့ ပြနိုင်မယ်ဆို ရင် နိုင်ငံတကာခုံရုံးမှာတက်ပြီးတော့ တရားရင်ဆိုင်မယ်။
ပေးတဲ့အပြစ်ဒဏ်ကိုခံယူမယ်လို့ သူက အဲဒီ လို ကြေညာခဲ့ပါတယ်။

သတင်းစာရှင်းပွဲ ပြုလုပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံဘက်ကနေ မြန်မာပြည်ဘက်ကို ကူးသန်းတဲ့ လမ်းကို ထိုင်းစစ်တပ်က ဒီကနေ့ ပိတ်ထားတာကြောင့် ထိုင်းနိုင်ငံသား သတင်းထောက် လေးဦးပဲ လာရောက်နိုင်တယ်လို့ သိရပါတယ်။
မေလ ၁၀ရက်နေ့မှာလည်း မြန်မာပြည်တွင်း သတင်းထောက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ သတင်းထောက်တွေကို ဒုတိယအကြိမ် သတင်းစာရှင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ကလိုထူးဘော အဖွဲ့က ပြောပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.