• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 3, 2012

ထိုင်းဒေသခံတွေကို ထိုင်းအာဏာပိုင်တွေ သတိပေး

 May 1 2012 Tuesday 
သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဗိုလ်ချုပ်စောလားပွယ် 

ထိုင်းဒေသခံတွေကို ထိုင်းအာဏာပိုင်တွေ သတိပေး

March 3 2012 Thursday

By RFA Burmese Service

မူးယဇ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့အလိုရှိသူစာရင်းထဲမှာပါဝင်နေတဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓ ဘာသာတပ်မတော် ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ရဲ့ခြိမ်းခြောက်
ပြောဆိုချက်တွေကြောင့် ထိုင်းမြန်မာနယ်စပ်က ထိုင်းဒေသခံတွေကို သေတိဝိရိယနဲ့ နေကြဘို့ထိုင်းအာဏာပိုင်
တွေကသတိပေးထားတယ်လို့ အေအက်ဖ်ပီ(AFP)သတင်းကဖေါ်ပြလိုက်ပါတယ်။

 ပြီးခဲ့တဲ့ ဧပြီလ ၂၀ရက်န့က ထိုင်းအစိုးရကမူးယဇ်ရာဇာ ၂၅ယောက်ရဲ့အမည်စာရင်းနဲ့ ထိုင်းဘတ်ငွေ ၁၀သိန်း ဆုငွေထုတန်ခဲ့ရာမှာ ဗိုလ်ချုပ်စောလားပွယ်ရဲ့အမည်စာရင်း ပါဝင်ခဲ့ပါတယ်။

 မေလ ၁ရက်နေ့မှာ ဗိုလ်ချုပ်စောလားပွယ်က ဒီကေဘီအေဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ထိုင်း
အစိုးရကအလို ရှိနေတဲ့ မူးယဇ်ရာဇာ ၂၅ဦးထဲမှာ သူပါဝင်နေတာဟာ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်ဖြစ်တာ
ကြောင့် ဒီကိစ္စကို ထိုင်းဒုတိ ယ၀န်ကြီးချုပ်က တာဝန်ယူမဖြေရှင်းဘူးဆိုလျင် နှစ်နိုင်ငံနယ်စပ် ဧချမ်းတည်
ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း၊ ထိုင်းအစိုးရအနေနဲ့ မိမိတို့ဆီကို ကိုယ်စားလှည်အဖွဲ့စေလွှတ်ပြီး အခြေနေမှန်
ကို လာရောက်စစ်ဆေးနိုင်ကြောင်း၊ စွပ်ဆွဲသလိုမဟုတ်ခဲ့လျင် သူ့ကိုအလိုရှိသူစာရင်းကနေ ပယ်ဖျက်ပေးရ
မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းမြန်မာနယ်စပ်တပ်ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ထိုင်းဒေသခံတွေအပေါ် ဒီကေဘီအေခေါင်းဆောင်
စာလားပွယ်ကခြိမ်းခြောက်ခဲ့ကြောင်း ဒါကြောင့် ဒေသခံတွေကို သတိပေးထားရကြောင်း နယ်စပ်တလျှောက်
ကိုလည်း စစ်တပ်နဲ့ရဲကို တပ်လှန့်ထားကြောင်း အခုထိတော့ ပုံမှန်အခြေအနေမှာရှိနေကြောင်း အေအက်ဖ်ပီ(AFP) သတင်းဌာနကိုပြောဆိုပါတယ်။
May 03 2012