KNU အထွေထွေအတွင်းရေးမှူး Naw Zipporah Sein (Center)
Source Photo from http://www.bbcburmese.com/images
(KNU) အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်နှင့်
ဗွီအိုအေသတင်းထောက် ကိုကျော်ကျော်သိန်းတို့
တွေ့ဆုံမေးမြန်းခန်း
By VOA Burmese ServiceMarch 4 2012 Thursday Morning
ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ မြန်မာအစိုးရတို့ အပစ်ရပ်ပြီးငြိမ်းချမ်းရေးတည်ဆောက်ဘို့ ကြိုးပမ်း
နေတာတွေဟာ ပထမအဆင့်မှာပဲရှိသေးတာပဲမို့လို့ ငြိမ်းချမ်းရေးအလင်းရောင်ဘယ်တော့မြင်ရမယ်ဆိုတာ
မပြော နိုင်သေးပါဘူးလို့ (KNU) အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်က ဗွီအိုအေကိုပြောပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့က FCCT နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကြာသာပတေး ညနေပိုင်းတုန်း က ပြုလုပ်တဲ့(KNU) ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ရဲ့ ရှင်းလင်းပွဲမတိုင်ခင်မှာ ဗွီအိုအေ ၀ိုင်းတော်သားကိုကျော်
ကျော်သိန်းနဲ့ သီးခြားတွေ့ဆုံမေးမြန်းစဉ်အတွင်း အခုလိုပြောခဲ့တာပါ။
မေလကုန်ပိုင်းမှာ အစိုးရနဲ့နောက်တ ကြိမ်ထပ်မံဆွေးနွေးဘို့ ရာထားထားတယ်လို့ နော်ဇစ်ဖိုးရာစိန်က ပြောပါ တယ်၊ ကရင်ပြည်နယ်မှာငြိမ်းချမ်းရေး အလင်းရောင်မြင်ရဘို့ အလားအလာဘယ်လောက်အထိနီးစပ်ပြီလဲ၊ ဘယ်လောက်မြန်မြန်မြင်ရပါ့မလဲ ဆိုတဲ့မေးခွန်းတွေကို နော်ဇီဖိုးရာစိန်က အခုလိုစပြီးဖြေပါတယ်။
ပြောရမယ်ဆိုလျင်ပေါ့လေ နော် အဲဒါခုမှကျမတို့က ဒီ (KNU)က အော် တွေ့ဆုံဆွေးနွေးရေးကိစ္စပေါ့ အဲဒါပထ မခြေလှမ်းတခုထဲ စပြီးတော့ သွားတာပဲဖြစ်သေးတယ်၊ အဲဒါကြောင့် ဘယ့် ဘယ့်လောက် အလင်းရောင်မြင် လဲ ဘယ်လောက်အလင်းရောင်ရနိုင်သလဲဆိုရင်တော့ အဲ့ဒါ အော် အခုလောလောဆယ်မှာ ကျမတို့ပထမ ခြေလှမ်း
ပဲရှိသေးတယ်လေ အဲ့ဒါပြောလို့ရပါတယ်။
ဆိုတော့ နည်းနည်းဝေးသေးတယ်လို့ ပြောရမလား။
အာ အူ ပြောရမယ်ဆိုလျင်တော့ ကျမတို့ဆက်လက်ပြီးတော့ ဟိုဥစ္စာပေါ့ ဟို စကားပြောဘို့ အာ ဆွေးနွေးစ ရာတွေအများကြီးရှိသေးတယ် အခုကျမတို့စဆွေးနွေးတာကတော့ ပထမခြေလှမ်းကတော့ အာ အပစ်အခတ် ရပ်ဆဲရေးခြေလှမ်း တခုသွားတာနဲ့ အဲ့ဒီမှာ အာအာ ပထမခြေလှမ်းပေါ့နော် အဲ့ဒါဆက်လက်ပြီးတော့နိုင်ငံ
ရေးဆွေးနွေးပွဲ ရောက် ရောက်ရှိဘို့အတွက်လည်း ဒါကို ကျမတို့ဆက်လက်ပြီးတော့ ဆွေးနွေးရတဲ့အပိုင်းမှာ
အများကြီး ရှိသေးတယ်။
(KNU) အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်နှင့် ဗွီအိုအေသတင်းထောက် ကိုကျော်ကျော်သိန်းတို့
တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံ
(KNU) အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်ကို ဗွီအိုအေသတင်းထောက် ကိုကျော်ကျော်သိန်း
တွေ့ဆုံ မေးမြန်းထားတာပါ။





