ဗာရာဏသီ သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းနေသည့် ရထားဝန်ကြီး ဦးပြောင်ငြင်း
သို့မဟုတ် ဦးအောင်မင်း
ဓါတ်ပုံ အင်တာနက်ပေါ်မှ ရယူပါသည်
အထူး စက်ရပ်သတင်း
ကချင်ပြည်က စစ်တလင်း
ပြောင်ပြောင်တင်းတင်း
အောင်မင်းငြင်း
ကချင်တွေရဲ့ စခန်းကို သိမ်းဘို့မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ သိမ်းလို့မရလို့ပါ။
သိမ်းလို့မရတာက ဗမာ့တပ်မတော်ထဲက လက်နက်ကိုင်တွေဟာ တိုင်းရင်းသူတွေကို မုဒိန်းကျင့်ဘို့ လက်နက်မရှိတဲ့ အရပ်သားတွေကို
အနိုင်ကျင့်လုယက်ဘို့ လူသူမရှိတဲ့ အိမ်တွေထဲက ပစ္စည်းခိုးနည်း
တွေကိုပဲ တတ်အောင်သင်ထားပေးတာဆိုတော့ စခန်းသိမ်းဘို့ မတတ်နိုင်လို့
စခန်းသိမ်းဘို့မဟုတ်ပါဘူး လို့ပြောရတာပါ။
ကချင်တွေတင်မကပါဘူး တိုင်းရင်းသားတွေအားလုံးကို အမြစ်ဖြုတ်ချင်နေတာပါ။
ဗမာ့တပ်မတော်လို့သာပြောနေရတာ မြင်းဆေးရှူနည်းလောက်ပဲ တတ်တာလေ။
လို့ လုံးဝအတည်မပြုနိုင်တဲ့ ကျုပ်တို့ရဲ့ ဗာရာဏသီသတင်းရပ်ကွက်က သတင်းထောက်တဦးက ပြောပြပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)





