ဆက်ကြေး နဲ့ အခွန်
May 9 2012 WednesdayBy (မင်းစိုးစံ)
ငွေကြေးကျိကျိတက်ချမ်းသာတဲ့ အရာရှိပုဂ္ဂိုလ်တစ်ယောက် နဲ့ သာမာန်ဆင်းရဲသားအရပ်သား ပုဂ္ဂိုလ်တစ်ယောက် မူးယဇ်ထုံထိုင်းဘေးဖြစ်စေတတ်တဲ့ အရာတွေကြောင့် ဆေးရုံတရုံမှာ ကျန်းမာရေးအတွက် တနေ့ထဲမှာ တချိန်ထဲ အတူတူ ဆေးကုသတာခံနေကြရပြီ ဆိုပါစို့။ ဘယ်လိုသဘောထားကြမလဲ။
အဲ့ဒီနည်းတူ အကောင်းစားကားကိုစီးပြီး လူ့အထက်တန်းလွှာတြွေ ကားငွေရှင်ကြေးရှင်အမျိုးသမီးတစ်ယောက်နဲ့ လမ်းကြိုလမ်းကြားမှာ ကြုံရာလူနဲ့ ခန္ဓာကိုယ်ကို ရင်းနှီး စားသောက်ရတဲ့ မရှိဆင်းရဲသူ အမျိုးသမီးတယောက် ဆေးရုံတရုံမှာ ကျန်းမာရေးအတွက် တနေ့ထဲမှာ တချိန်ထဲမှာ အတူတူဆေးကုသတာခံနေကြရပြီ ဆိုပါစို့။ ဘယ်လိုသဘောထားကြမလဲ။
ကုန်သည်ပွဲစားလောကမှာ လက်ကားသမားအရောင်းစာရေးတစ်ယောက်နဲ့ လက်လီသမားအရောင်းစာရေးတ
ယောက် ငွေကြေးနဲ့ပတ်သက်ပြီး သူ့လုပ်ပိုင်ခွင့်အတိုင်းအတာနဲ့သူ မရိုးမသားလုပ်မှု တနေ့ထဲမှာတချိန်ထဲမှာ လုပ် ငန်းတခုထဲမှာ တပြိုင်ထဲ ဖြစ်လာခဲ့ပြီဆိုပါစို့။
ဘယ်လိုသဘောထားကြမလဲ။
အဲဒီတော့ဗျာ၊ အခေါ်အဝေါ်လေးတွေ မခွဲချင်ကြပါနဲ့။
ရွှေကျင်မြို့မှာ KNU ဆက်ကြေးကောက်
KNU ဟာနှစ်ပေါင်းများစွာ ဆက်ကြေးမကောက်ပဲနဲ့အခုအခါ တောင်ငူခရိုင်ရွှေကျင်မြို့မှာ ဆက်ကြေးတွေ
ကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်၊
အသေးစိပ်ကိုတော့ ဘီဘီစီ သတင်းထောက်ဦးသန်းက အခု လို ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။
စတင်ကောက်ခံလာတာကတော့ အင်းခွန် လယ်ခွန် ကူးတို့ခွန်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်၊ အင်းခွန်ဆိုလျင် အစိုးရကလေလံဆွဲတဲ့အတိုင်း ၃၅%အထိ ထပ်ပေးနေရပါတယ်၊ မပေးနိုင်လျင်တော့ အင်းလုပ် ခွင့်မပေးနိုင်ဘူးလို့ အင်းသမားတွေကို ခေါ်တွေ့ပြီးပြောပါတယ်၊ ဆင့်ခေါ်တဲ့ KNU အဖွဲ့ကတော့ တောင်ငူခရိုင် တပ်ရင်း ၇ ကဗဒိုမောင်အေးနဲ့ တပ်ရင်း ၉က တပ်ရင်းမှူး စောဘလဲဒို့ ဖြစ်တယ်လို့ ဒေသခံက အခုလိုပြောပါ တယ်။
ဒီကိစ္စက တရားဝင်လိုဖြစ်နေတယ်၊ အင်းသူကြီးတွေကို ဆက်ကြေးခေါ်တောင်းတယ်၊
ဒီဘက်ကူးတို့တွေ ခေါ် တောင်းတယ် နောက်ပြီး လယ်သမားတွေကို ခေါ်တောင်းတယ်၊ ရွာတွေမှာလည်းတောင်းတယ်၊ တောင်းတာက တော့ ရာခိုင်နှုံးကတော့ သိန်း၁၀၀နဲ့ ဒီဘက်မှာအင်းတစ်ခုကို
ကောက် လိုက်လို့ရှိလျင် ၃၅သိန်းတောင်းတယ်၊ ကူးတို့လည်း အတူတူပဲ၊ အဲဒါရွှေကျင်မြောက်ခြမ်းက ပြင်ရေ ကူးတို့တောင်းတယ်၊
ကျနော်တို့ အင်းဆိုလျင်ဆယ့်ရှစ်နံ တောင်းတယ် ဒီဘက်ကရွှေကျင်နောက်ကြောက ပကွီးအင်းတောင်းတယ်၊ ကျနော်တို့ဒီဘက် ညောက်ကျအင်း တောင်းတယ်၊ လယ်ကျတော့ စပါး၁၀၀ကို ဆယ်တင်းကနေ လေးတင်းအ ထိတောင်းတယ် အိမ်ကျတော့ တအိမ်ကို သုံးသောင်းနှုံး ဆန်က တတင်းပေါ့။
လယ်သမားတွေကလည်း ဒီနှစ်မှာစပါးသိပ်မရတဲ့အတွက် တခြားနေရာက ၀ယ်ဖြည့်ပေးနေရတာရှိသလို မ
ပေးနိုင်တဲ့ လယ်သမားတွေကလည်း ရွာကနေရှောင်တိမ်းနေရပါတယ် ရွာသားတွေဆိုလျင်လည်း တစ်အိမ်ကို
ကျပ် သုံးသောင်းကောက်ခံတဲ့အတွက် မပေးနိုင်တဲ့သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။
May 10 2012 Wednesday
ကျော်ထူး (စောဌက်)... အစိုးရနာမည်ခံသူတွေ ငွေကောက်ရင် အခွန်လို့ ခေါ်တယ်။
သူပုန်ငွေကောက်တော့ ဆက်ကြေးဆိုပဲ။ အစိုးရဆိုသူတွေ လူထုကို စည်းရုံးတော့ ပညာပေးတယ်တဲ့။
သူပုန်ဆိုသူတွေအတွက်ကျ လူထုကြားစိမ့်ဝင်တယ်၊ ဝါဒဖြန့်တယ်ဆိုလား။
အစိုးရချင်သူတွေ သူတို့အတွက် လမ်းတံတားဖောက်တော့ ဖွံ့ဖြိုးရေး။
သူပုန်လုပ်နေရသူတွေ လုပ်ပြန်တော့ နယ်ပယ်ချဲ့တယ်၊ အင်အားတည်ဆောက်တယ်၊ တရားမဝင်တာ
တွေလို့ ပြောကြပြန်တယ်။
အိမ်ထောင်ဦးစီး လုပ်ချင်သူကပြောရင် ဆုံးမတာ။
အိမ်သားတစ်ယောက်က ကျိုးကြောင်းနဲ့ ပြန်ပြောရင် အာခံ ခံပြောတာတဲ့။
မနေ့က မိတ်ဆွေတစ်ယောက်ကို ခင်ဗျားပါးမှာ နှပ်ချေးဖတ် ကပ်နေတယ်လို့ သူသတိထားမိအောင်
စေတနာနဲ့ ပြောလိုက်တယ်။
ဘေးကတစ်ယောက်က မင်းတော်တော်ရိုင်းပြီး စိတ်ပုတ်တဲ့လူပဲတဲ့။
Copy from http://mahnkoko.blogspot.com/2012/05/blog-post_10.html#more





