• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 10, 2012

ရုရှားလေယာဉ်ပျက်အနီး ရုပ်အလောင်းများ သယ်ယူ

အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono 
Source Photo from http://www.google.com/images 

ကြာသပတေး, 10 မေ 2012
ရုရှားလေယာဉ်ပျက်အနီး ရုပ်အလောင်းများ သယ်ယူ

By VOA (မြန်မာပိုင်း)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တောင်ပိုင်း တောင်စွန်းနားမှာ ပျက်ကျခဲ့တဲ့ ရုရှား လေယာဉ်နဲ့အတူ လူသေအလောင်းတွေကို တွေ့ရှိတယ်လို့ အင်ဒိုနီးရှား ကယ်ဆယ်ရေးတွေက ပြောပါတယ်။

ခန့်မှန်းခြေ ၅၀ လောက်ပါသွားတဲ့ လေယဉ်ပေါ်က အသက်ရှင်ကျန်မဲ့သူ ရှိနိုင်တဲ့ လက္ခဏာ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပျက်ကျတဲ့နေရာဟာ အလှမ်းဝေးတဲ့ အတွက်ရော ဆိုးဝါးတဲ့ ရာသီဥတုကြောင့်ပါ၊ ရှာဖွေ ကယ်ဆယ်ရေး လုပ်တဲ့နေရာ အဟန့်အတားတွေ ဖြစ်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်နေသူတွေနဲ့ သူတိုက်ရိုက် အဆက်အသွယ် လုပ်နေပါတယ်လို့ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono ကပြောပါတယ်။ ကြာသပတေးနေ့ အစောပိုင်းတုန်း ရဟတ်ယဉ်ပေါ်ကနေ
ကြိုးနဲ့ ချပေးခဲ့သလို ရဟတ်ယဉ်တွေနဲ့လဲ အပေါ်ကနေ ပျံသန်း ရှာဖွေခဲ့တယ်လို့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

Halim လေဆိပ်မှာ စုဝေးနေကြတဲ့ မိသားစုဝင်အချို့ 
Source Photo from http://www.google.com/images

တွေ့ရှိတဲ့ အလောင်းတွေကို ယာယီ ဖြန့်ထားတဲ့ ပိုက်ကွန်တွေပေါ်တင်ပြီးတဲ့အခါ ရဟတ်ယဉ်နဲ့ သယ်ယူ မယ်လို့လဲ ပြောပါတယ်။
လေယာဉ် အပျက်အစီးတွေကို တွေ့ရပြီဆိုတဲ့ သတင်းကိုကြားတဲ့အခါ ဂျကာတာလေဆိပ်မှာ စုဝေးနေကြတဲ့ မိသားစုဝင်တွေက ငိုယိုခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ဂျကာတာမြို့ Halim လေဆိပ်ကနေ နေ့လည်ပိုင်းမှာ ပျံသန်းထွက်ခွာသွားတဲ့ ရုရှားလေယဉ်
ဟာ ပြန်လာရမဲ့ အချိန်မှာ ပြန်ရောက်မလာဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


အစမ်းပျံသန်းပြနေတဲ့ Sukhoi Superjet ၁၀၀ အမျိုးအစား ဂျက်လေယာဉ် 
Source Photo from http://www.google.com/images

Copy NEWS from http://www.voanews.com/burmese