• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 14, 2012

အလှဆုံးလူသား

Source Photo from http://www.bbcburmese.com/images

အလှဆုံးလူသား

(မင်းစိုးစံ)
 MAY 14 2012 MONDAY

ကျုပ်ငယ်ငယ်တုန်းက ဖတ်ခဲ့ဘူးတဲ့ ပုံပြင်လေးတပုဒ်လောက်ကို ပြန်ရေးပြပါရစေ။
ဘာကြောင့် ဖတ်ဘူးခဲ့တဲ့ပုံ ပြင်ကို ပြန်ရေးပြချင်ရသလဲဆိုတော့ တိုက်ဆိုင်မှုကြောင့် ဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်းဌာနက မစန္ဒာတင် ဆက်နေတဲ့ အပတ်စဉ်ကဏ္ဍတခုဖြစ်တဲ့ အမေ့ခံပုံရိပ်များ အစီအစဉ်ထဲက တခုကြောင့်ဖြစ်ပါတယ်။ ပုံပြင်နာမည်က အလှဆုံးလူသား လို့သာ မှတ်ထားလိုက်ပါ။

ရွှေသွေးဂျာနယ် က ထုတ်တဲ့ ရောင်စုံရုပ်ပုံကလေး တွေနဲ့ ကလေးတွေအကြိုက်လုပ်ထားတာဖြစ်တဲ့ အတွက်
တော်ရုံမမေ့နိုင်ခဲ့ပါဘူး။

မစန္ဒာရဲ့ အမေ့ခံပုံရိပ်များကို နားမဆင်ခင်မှာ ပုံပြင်လေးကို အလျင်ဦးဆုံး ဖတ်ကြည့်ကြပါစို့လား။

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအုပ်စိုးလျှက်ရှိစဉ်ကာလတွင်ဖြစ်သည်။
 မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သောကြောင့် ဥတုရာသီများမှန်ကန်သဖြင့် တိုင်းသူပြည်သားများအ
တွင်း လူချမ်းသားများတိုးပွါးလေ၏။

အလွန်များပြားလှသော လူချမ်းသာများအတွင်းမှ အချမ်းသာဆုံး သူကြွယ်များကို ရွေးချယ်သောအခါ ကုဋေတ သိန်းစီချမ်းသာသော သူကြွယ်နှစ်ဦးကိုရွေးထုတ်ပြီးနောက် အလှပြိုင်ပွဲဝင်မည်ဟု ကျေငြာမောင်းခတ်ကာ လူ
ထုအများရှေ့မှောက်၌ မိမိတို့ကိုယ်ပေါ်တွင်ဆင်ယင်ထားသည့် အဆင်တန်ဆာများဖြင့် အလှပြိုင် ကြလေတော့
၏။

 တတိုင်းပြည်လုံးသို့ လှည့်လည်ပြီးနောက် မင်းကြီးရှိရာ မင်းနေပြည်တော်သို့ ရောက်လာပြီး မင်းကြီးထံသို့ ထို သူကြွယ်နှစ်ဦးစလုံး ခစားဝင်ရောက်လာသောအခါ မင်းကြီးကိုယ်တိုင် ထိုသူကြွယ်နှစ်ဦးစလုံးကို ရက်အကန့် အသတ်မရှိ ထောင်သွင်းအကျဉ်းချလိုက်လေသည်။

ကုဋေတစ်သိန်းစီချမ်းသာသော သူကြွယ်များမှာ တွင်းထွက်လုပ်ငန်းဖြင့် ကြွယ်ဝသူနှင့် လယ်ယာဥယာဉ်လုပ် ငန်းဖြင့် ကြွယ်ဝသောသူများဖြစ်ကြ၏။

ဘုရင်မင်းတရားကြီး၏ ကြိုတင်မိန့်မှာထားချက်အရ မိမိတို့လုပ်ငန်းခွင် အတွင်းမှထွက်ရှိသည့် ပစ္စည်းများဖြင့် ခန္ဓာကိုယ်တွင်တန်ဆာဆင်ရမည်ဆိုခြင်းကြောင့် တွင်းထွက်လုပ်ငန်းဖြင့် ကြီးပွါးချမ်းသာသူ သူဌေးသည် စိန်၊
ရွှေ၊ ငွေ၊ကျောက်သံပတ္တမြားဖြင့် တန်ဆာဆင်ထားသည့်နည်းတူ လယ်ယာဥယဉ်လုပ်ငန်းဖြင့် ကြီးပွါးချမ်းသာ
သည့် သူဌေးသည်လည်း ငှက်ပျောသီး၊ မာလကာသီး၊ ပိန္နဲသီး၊ သံပုရာ သီး၊ မင်းဂွတ်သီး စသည့်အသီးအနှံများ
ဖြင့် တန်ဆာဆင်ကာ ပါဝင်ယှဉ်ပြိုင်သောကြောင့် ထိုသူနှစ်ဦးစလုံး မိမိတို့ကိုယ်ခန္ဓာပေါ်တွင် ဆင်ယင်ထားသည့် အဆင်တန်ဆာများဖြင့် ထောင်တွင်းသို့ ၀င်ရောက်ကြရလေတော့၏။

ထိုအချိန်က ထောင်ပိုင်များသည် ဗမာပြည်မှ ထောင်ပိုင်များကယ့်သို့ အကျဉ်းသားများ၏ ပစ္စည်းများကို မောင် ပိုင်စီးသည့်အကျင့် ယူငင်သိမ်းဆည်းသည့် ဖြတ်စားလုစားသည့်အကျင့်များမရှိ သေးကြောင်းသိရလေသည်။

ရက်သတ္တလေးပါတ်(တစ်လ)တိုင်တိုင် ရေမှလွဲပြီး အစားအစာများဖြတ်လျက် အကျဉ်းချခံထားရပြီးနောက် အကျဉ်းထောင်အတွင်းမှ ပြန်ထွက်လာသည့်အခါ လယ်ယာဥယဉ်ဖြင့် ကြွယ်ဝချမ်းသာသူ သူဌေးသည် စိန်၊ ရွှေ၊ ရ တနာ တို့ကိုဆင်ယင်လျက်ထွက်လာခဲ့သော်လည်း တွင်းထွက်လုပ်ငန်းဖြင့်ချမ်းသာသည့်သူဌေးမှာမူကား အ ၀တ် တထည်ကိုယ်တခုဖြင့် ထွက်လာခဲ့ရလေ၏။ တချိန်တုန်းက ဗမာပြည်မှာ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ဆောင်ဘို့အရေး ဆော်သြတဲ့ ပညာပေး ကာတွန်းပုံပြင်လေးလို့ ယူဆပါတယ်။ မျိုးဆက်သစ်တွေကို ရည်ရွယ်တာဖြစ်မှာပါ။ ကဲ ဘီဘီစီ မြန်မာပိုင်းဌာနက မစန္ဒာ စီဆင်တင်ဆက်တဲ့ အမေ့ခံပုံရိပ်များ ထဲက အစီစဉ်လေးကို နားသောတ ဆင်ကြည့်ကြပါစို့။


ဒါကြောင့် ကျုပ်တို့ရဲ့ လူထုကြားက ကရင်ခေါင်းဆောင်တစ်ယောက် မှတ်ချက်ချပြောသွားတာက
ဗမာအစိုးရ အဆက်ဆက်ဟာ ငါတို့ကရင်တွေနဲ့ တိုင်းရင်းသားတွေကို အုပ်ချုပ်ချင်လို့ မဟုတ်ဘူး၊ အမျိုးပြုတ်အောင် ဖြုတ်နေတာ။
 ဆိုတဲ့ စကားစုကို ဒီရုပ်သံက သက်သေခံနေတာပါလားလို့ တွေးလိုက်မိပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)