• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, May 12, 2012

ပန်းပွင့်တွေကို ဟင်းချက်စားမယ်


ပန်းပေါင်းစုံဟင်း 

ကျုပ်တို့ ဗမာပြည်က ကျည်ဆံအစားပန်းများပွင့်စေ ငါတို့ချစ်တဲ့ ဗမာပြေ(ပြည်) ဆိုတဲ့လှုပ်ရှားမှုကြီး လုပ်တာကြားလိုက်တယ်။

အခု တရုတ်က အဲဒီအစီအစဉ်လေးကို ကြိုက်လို့လားမသိဘူး ပွင့်လာတဲ့ပန်းတွေကို ဟင်းချက်စားမလို့လုပ်နေပြီ။ ဗမာပြည်က ထွက်တာမှန်သမျှ တရုတ်က အကုန်ယူမှာဆိုတော့ ဘာကိုမျှရွေးနေတာမဟုတ်ဘူး။
ဗမာပြည်မှာ လူမပြောနဲ့ ပန်းတွေတောင် ရဲရဲတင်းတင်းပွင့်ဘို့ အတော် အားယူနေရပြီထင်ပါရဲ့။
အဲဒါ ကျုပ်လည်း ပန်းတွေလိုက်ရှာတော့ သူတို့ပြောတဲ့ ပန်းတွေကို အားလုံးရှာလို့မတွေ့လို့တွေ့တဲ့ပန်းတွေ
ကောက်ပြီးတင်ပေးလိုက်ပါတယ်။
ဝါသနာရှိလျင် ချက်စားကြည့်ပေတော့။
ဟင်းချက်နည်း သိချင်လျင် အောက်ကလိပ်စာကို သွားလို့ရပါတယ်။

အခု တရုတ်ပြည်မှာ ပန်းမျိုးစုံနဲ့ဟင်းချက်နည်းဟာ ဖက်ရှင်တစ်မျိုးလို့ ဖြစ်နေပါတယ်။
သိပ္ပံပညာ သုတေသနပြုချက်အရ၊ ပန်းထဲမှာ လူကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အေမီနိုအက်ဆစ်ဓါတ် ၂၂-မျိုးနဲ့ ပရိုတင်ဓါတ်၊ ကစီမှုန့်၊ ဆီဓါတ်၊ သံဓါတ်၊မဂ္ဂနီဆီယမ်ဓါတ်၊ ကယ်လီယံဓါတ်၊ ဇင့်ဓါတ် စတဲ့အာဟာရဓါတ် ပေါကြွယ်
စွာ ပါထားပြီး ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတယ်လို့ သိရပါတယ်။

* ဂန္ဓမာပန်းဟာ အစာအိမ်နဲ့ သွေးလည်ပတ်မှုအတွက် အကျိုးပြုနိုင်ပါတယ်။

* ပျားရည်စုတ်ပန်းဟာ အပူဓါတ် ကျစေနိုင်ပြီး မကောင်းတဲ့ဓါတ်ပစ္စည်းတွေကို သုတ်သင်ပေးနိုင်ပါတယ်။
(ရှာမတွေ့ပါ)

* စံပယ်ပန်းဟာ ဆံပင်နဲ့ အသားအရည်အတွက် အကျိုးပြုနိုင်ပါတယ်။

* သစ်တော်ပန်းဟာ အပူဓါတ်ကျစေနိုင်ပြီး သလိပ်ပျော်စေပါတယ်။
(ရှာမတွေ့ပါ)

* တရုတ်စကားပန်းဟာ အဆုပ်ရောင်နာမှုကို ပျောက်စေနိုင်တယ်။


* နှင်းဆီပန်းဟာ ရုပ်ရည်ချောမောလှပနုပျိုစေနိုင်တယ်။ 

* မြစ်ကိုင်းပန်းဟာ ဖောခြင်း၊ရောင်ခြင်းတို့ကို အရောင်ကျစေနိုင်ပြီး သွေးစုနာအတွက်လည်း ပျောက်ကင်း
အောင် ကုသနိုင်ပါတယ်။ 
(ရှာမတွေ့ပါ)

Copy from 
http://myanmar.cri.cn/666/2012/05/09/1s19491.htm