တရုတ်ပြည့်သူ့နိုင်ငံ ရေးအတိုင်ပင်ခံကွန်ဖရင့်ပြည် လုံးဆိုင်ရာကော်မတီ
ဒု-ဥက္ကဋ္ဌဝမ်ကန်းက အတွင်းတိမ်လူနာများအား လာရောက်ကြည့်ရှူအားပေး
ပထမဆုံးအကြိမ်မြောက်တရုတ်-မြန်မာ
ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟူသော
လှုပ်ရှားမှုအမျိုးမျိုးကို စတင်ကျင်းပ
ပထမဆုံးအကြိမ်တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟူသော လှုပ် ရှားမှု အမျိုးမျိုးကို ယမန်နေ့၁၅ရက်နေ့တွင် မြန်မာနိုင်ငံရန်ကုန်မြို့၌ စတင်ကျင်းပခဲ့ကြောင်း၊
မြန်မာနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီနိုင်ငံရေးဦးဆောင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပြည် လုံးဆိုင်ရာကော်မတီဒု-ဥက္ကဋ္ဌ ဝမ်ကန်းသည် ယင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် ယင်းလှုပ်ရှားမှုအမျိုးမျိုးတို့သည် တရုတ်-မြန် မာပြည်သူလူထု များအပြန်အလှန်နားလည်မှုနှင့်ချစ်ကြည်ရေး ခိုင်မာတိုး တက်နိုင်စေသည်ဟု ပြောကြားခဲ့
ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
၎င်းအကြိမ်ချစ်ကြည်ရေးလှုပ်ရှားမှုအမျိုးမျိုးတွင် အနုပညာဖျော်ဖြေပွဲ၊ အတွင်းတိမ်ရှိသူများအလင်းပြန်ရ
အောင် ဆေးကုသခြင်း၊ မူလတန်ကျောင်းနှင့်အလယ်တန်းကျောင်းတို့ ကို ကွန်ပျူတာများလှူဒါန်းပေးခြင်း
နှင့် အငယ်စား၊ အလတ်စားလုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲစသည်တို့ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရပါသည်။
Copy from
http://myanmar.cri.cn/666/2012/05/16/1s19704.htm





