ဌာနေကို စွန့်ခွါထွက်ပြေးနေရသည့်
ရွာပုန်းရွာရှောင် မျိုးဆက်သစ်ကရင်ကလေးငယ်များ၏ဘဝ
အောင်မြင်မှု
By နန္ဒ
လူတစ်ယောက်ရဲ့ အောင်မြင်မှု ဆိုတာကို ကျွန်တော်တို့ ဘယ်လိုတိုင်းတာသက်မှတ်ထားတတ်ကြလည်း ဆိုတာ ဝေဖန်ဆန်းစစ်ကြည့်ကြရအောင်။
ကျွန်တော်ကိုယ်တိုင်ကတော့ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့လူ့တန်ဘိုး ဆိုတာကို ကျွန်တော်စဉ်းစားမိသလောက်၊ ဆင်ခြင်မိသလောက်ပြောကြည့်ပါဦးမယ်။
အောင်မြင်မှု ဆိုတဲ့ စကားနဲ့ ပတ်သတ်ပြီးလည်း ကျွန်တော်တို့ ငယ်ငယ်ကသင်ခဲ့တဲ့ ဇာတ်တော်တွေထဲ က
ပေါက်တူးသမား ရဲ့ အကြောင်းအရာကိုလည်း မှတ်မိမယ်ထင်ပါတယ် ။
စစ်ထွက်တဲ့ ဘုရင်ကြီးက တိုင်းပြည်များစွာ သိမ်းပိုက်ခဲ့ပြီး မြစ်ကမ်းပါးမှာနားနေတုန်း ပေါက်တူးသမားတစ်
ယောက်က ပေါက်တူးတစ်လက်ကို မြစ်ထဲဝှေ့ ယမ်းလွှင့်ပစ်ပြီး " ဇိတံမေ " ငါအောင်ပြီ လို့  ၃ ကြိမ်ဟစ်ကြွေး တဲ့အခါ ဘုရင်က သူဟာစစ်ပွဲကိုအောင်မြင်ပြီးပြန်ခဲ့တယ် .. အခု ဒီ လယ်လုပ်သား ကဘာကိုများအောင်မြင်
သလဲ ဆိုတာသိချင်တာနဲ့  မှုးမတ်တို့ ကို အခေါ်ခိုင်းပြီး မေးမြန်းတဲ့အခါ လယ်လုပ်သားက ရှင်းပြပါတယ် ။
သူဟာ ဒီပေါက်တူးနဲ့ အသက်မွေးတဲ့သူတစ်ဦးဖြစ်ပြီး တစ်နေ့ မှာ လောကီအလုပ်တွေကိုငြီးငွေ့ တာကြောင့်
ပေါက်တူးကို သင့်တော်ရာ တစ်နေရာမှာ သိမ်းဆည်းထားခဲ့ပြီး တောထွက်ရသေ့ရဟန်းပြုပါတယ် ..
ဒါပေမယ့် အချိန်အတော်ကြာလာတော့ ပေါက်တူးကို စွဲလမ်းစိတ်ဖြစ်တာက တစ်ကြောင်း၊ လောကီလူမှုဘ၀ ကိုပြန်အောက်မေ့သတိရပြီး ရသေ့ရဟန်းဘ၀က ပြန်ထွက် ပေါက်တူး ကိုပြန်ယူပြီး လောကီလူမှု အလုပ်တွေ
ပြန်လုပ်ပြန်ပါတယ် ..။
တစ်ခါ ဒီအလုပ်တွေကိုငြီးငွေ့ လာပြန်ပြီး တဖန် ရသေ့ရဟန်းဘ၀ပြန်သွားပါတယ် ..ဒီလိုနဲ့  ၆ကြိမ်လောက် ၀င်လိုက်ထွက်လိုက်နဲ့ သူ့ ရဲ့ စိတ်ဟာ ခိုင်မာတဲ့ဦးတည်ချက်မရှိပဲ စိတ်ရဲ့ အခြေအနေအတိုင်း လိုက်ပါ လုပ်ဆောင်နေတော့ တယ် ..။ ဒီလို နဲ့ နောက်ဆုံးမှာ သူဟာ ဒီပေါက်တူးကို အပြီးတိုင် စွန့် ပစ်ဖို့ စိတ်ပိုင်းဖြတ်ပြီး မြစ်ကမ်းပါးကိုလာရောက်ကာ မြစ်လည်ကို အားကုန် စွန့် ပစ်လိုက်ပါတော့တယ် .။
ပြီးတော့ ငါအောင်ပြီ လို့ ကြွေးကြော်ပါသတဲ့ ။
ဒီပုံ သာဓက ကအဓိကအကြောင်းအရာက စစ်မြေပြင် စစ်ပွဲတွေအောင်နိုင်တယ်ဆိုတာ တကယ်တော့ အောင်
မြင် ခြင်းအစစ် မဟုတ်သေးဘူး ..ကိုယ်တွင်းက မိမိရဲ့ စိတ် ကိလေသာကိုအောင်နိုင်မှ တကယ့်အောင်မြင်ခြင်း
ပါပဲ ဆိုတာ ပြောလိုရင်းပေါ့ ..။
ကရင်များ၏ဘ၀ကိုကြည့်ကာ ကြေနပ်အားရနေသည့် လူဝင်မှုကြီးကြတ်ရေးဝန်ကြီး ဦးခင်ရီ
ဒါက လောကီနဲ့ လောကုတ္တရာ နယ်ပယ် နှိုင်းယှဉ်ပြီး အောင်မြင်ခြင်း ကိုဖွင့်ဆိုတဲ့ အရာပါ။ ကျွန်တော်တို့ လောကီလူမှုနယ်ပယ်မှာလည်း လူတစ်ယောက်ရဲ့ အောင်မြင်မှု ဆိုတာကို အမျိုးမျိုးတိုင်းတာသတ်
မှတ် တတ်ကြပါတယ် ။ . ငွေကြေး ဥစ္စာပေါများတာ၊ ဘွဲ့ ဒီကရီတွေ ပိုင်ဆိုင်တာ၊ နာမည်ကျော်ကြားလူကြိုက်များ တာ စသဖြင့် အမျိုးမျိုးပါပဲ ။
ဒါကိုမှ အောင်မြင်တယ် ပြောမယ်ဆိုရင် ကျန်တဲ့လူများစုအသိုင်းအ၀ိုင်းဖြစ်တဲ့ သာမာန်လူတွေ ၊ လက်လုပ်
လက်စားတွေ ၊ နေရာအသီးသီးမှာ ထိပ်ဆုံးမရောက်တဲ့သူတွေကို မအောင်မြင်ဘူးလို့  သတ်မှတ်တော့မလား ။
သတ်မှတ်လို့ မရပါဘူး။
ကျွန်တော်ငယ်ငယ်က တနင်္ဂနွေနေ့ လည်တွေမှာ TV ကလာတဲ့ စစ်ပြီးခေတ်နောက်ပိုင်းအဖြူအမည်း ရုပ်
ရှင်တွေကြည့်တာ ၀ါသနာပါပါတယ် ။
ဒီရုပ်ရှင်တွေ ကြည့်ဖြစ်တဲ့ အကြောင်းကတော့ ရသနဲ့ အသိပညာပေးတတ်ပြီး ၊ အနုပညာ အတွက် စစ်မှန်တဲ့ အရည်အချင်းနဲ့ မှန်ကန်တဲ့ ခံယူချက်ရှိတဲ့ တကယ့် သရုပ်ဆောင်ကောင်းတွေ နဲ့ သူ့ ခေတ်သူ့ အခါ ပရိသတ်
တွေအတွက် တကယ့်သုတ၊ရသ အစစ်အမှန်တွေ ပေးတတ်လို့ ပါပဲ ။
ဇာတ်လမ်းနာမည်တော့ မမှတ်မိတော့ပါဘူး ။
ရုပ်ရှင်မင်းသား အဆိုတော် အကယ်ဒမီ ၀င်းဦး
ဇာတ်ဝင်ခန်းတစ်ခုမှာ သရုပ်ဆောင် ဖိုးပါကြီးက မင်းသားဝင်းဦး ကိုပြောဆိုတဲ့ စကားလေးပါ။
မင်းသားဝင်းဦးက မန္တလေးသင်္ကြန်ကိုအလည်သွားရင်း ကျုံးထဲကျ ရေနစ်တဲ့အခါ လူသိထင်ရှားအများကြည်ညို
လေးစားတဲ့ မန္တလေးမြို့ခံ ဆရာဝန်ကြီးတစ်ဦးက ရေဆင်းကူးဆယ်တင်ရင်း ကယ်တင်လိုက်ပါတယ်။ မင်းသားဝင်းဦးက အသက်ရှင်ပေမယ့် ၀င်ဆင်းကယ်တဲ့ ဆရာဝန်ကြီးကတော့ သေဆုံးသွားရှာပါတယ်။
အဲဒီဖြစ်ရပ်ပေါ်အခြေခံပြီး ဆရာဝန်ချင်း တူပေမယ့် လူတန်ဘိုးအရကွာနေတော့ ၀င်းဦးခမျာမှာ လူကဲ့ရဲ့ခံရတဲ့ အခြေအနေ ရောက်နေတာပေါ့။ အဲဒီဇာတ်လမ်းမှာ ၀င်းဦးက လူ့ ပေါ်ကြော့၊ သူဌေးသား၊ပညာတတ်တစ်ဦးပါ ဒါပေမယ့် သူကို သူ့ ပတ်ဝန်းကျင်နဲ့ လူတွေက အထင်မကြီးကြဘူး ။
ဒီလိုနဲ့တစ်နေ့ အရက်မူးမူးနဲ့ ကားပျက်ပြီး လမ်းလျှောက်အလာ ဖိုးပါကြီးအိမ်ရောက်ပြီး ခင်မင်ရင်းနှီးသွားကြတဲ့နောက်မှာ .. စောစောက တင်ပြခဲ့တဲ့ ဘယ်သူ့မှသူ့ကိုအထင်မကြီး လေးစားမှုမရှိကြတဲ့ သူ့ပြဿနာကို ဒါဘာကြောင့်လဲဆိုတာ သူက ဖိုးပါကြီးကို မေးခွန်းထုတ်တယ် ။
ဝဏ္ဍကျော်ထင် အကယ်ဒမီနှစ်ထပ်ကွမ်း ဟာသထိပ်သီး ဖိုးပါကြီး
အဲဒီမှာ ဖိုးပါကြီးက အောင်မြင်ခြင်းနဲ့ လူတန်ဖိုး ဆိုတာကို ရှင်းပြပါတယ် ။
သူပြောတာက
လူဆိုတာ ငွေကြေးချမ်းသာတိုင်း၊ ပညာတတ်တိုင်းလည်း အောင်မြင်တဲ့လူ တန်ဖိုးရှိတဲ့သူ မဖြစ်နိုင်ပါဘူး၊ သူ့ မှာရှိတဲ့ငွေကြေးဥစ္စာတွေ ၊သူတတ်တဲ့ပညာတွေနဲ့  လူ့ပတ်ဝန်းကျင် ၊ လူ့အသိုင်းအ၀ိုင်းကို တစ်နည်းတစ်ဖုံ ပြန်လည်အကျိုးပြုနိုင်မှ သူဟာ တန်ဖိုးရှိတဲ့လူ အောင်မြင်တဲ့လူဖြစ်မယ် တဲ့ ။
ဒီလို တန်ဖိုးရှိတဲ့စကားကြောင့် အဲဒီဇာတ်လမ်း နိဂုံးမှာ ဦးဝင်းဦးက ပညာရှင်ပီသတဲ့ လူ့ တန်ဖိုးရှိတဲ့ အောင်မြင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ဇာတ်လမ်းကိုအဆုံးသတ်သွားပါတယ် ။
ဒါက ကျွန်တော် မှတ်သားလေ့လာခဲ့ဖူးတဲ့ အောင်မြင်ခြင်းနဲ့လူ့တန်ဘိုးဆိုတဲ့ သတ်မှတ်မှုတွေ အပေါ်မှာ ကြည့်
ဖူးမှတ်သားဖူးတဲ့ အကြောင်းရပ်တစ်ခုကို ရေးသားလိုက်တာပါ။ လူအများစုဟာ နာမည်ကြော် ပုဂ္ဂိုလ်တွေ၊ ချမ်းသာကြွယ်ဝသူတွေကို အထင်ကြီးတာ လူ့ သဘာဝပါပဲ ။
တစ်ချို့ က နာမည်ကျော် သရုပ်ဆောင်တွေ ၊တစ်ချို့ က ကမ္ဘာကျော် သူဌေးကြီးတွေ စသဖြင့်ပေါ့ ။
သူတို့ ယူဆတဲ့အောင်မြင်ခြင်း ပေတံနဲ့ တိုင်းတာကြတယ် ။
သူတို့ အတိုင်းအတာနဲ့ သူတို့ ကြိုးစားကြတယ် ။
သူတို့ အမြင်မှာ ဒီလိုမှ အောင်မြင်မှုရမယ် လို့ အနည်းနဲ့ အများ သတ်မှတ်ထား တတ်ကြပါတယ် ။
ဒီနေရာမှာ ခုနက " အောင်မြင်မှုဆိုတာ " ခေါင်းစဉ်က လိုပဲ ရှုထောင့်အမျိုးမျိုးက စဉ်းစားဝေဖန်ကြည့်မယ်ဆိုရင် စာဖတ်သူများ လည်း အောင်မြင်မှု နဲ့လူ့တန်ဘိုး ဆိုတဲ့ စကားလုံးကို စဉ်းစားဖြစ်ဦးမယ်ထင်ပါတယ် ..။
သူငယ်ချင်းများအားလုံး ကိုယ်ရဲ့ ဘ၀အခန်းကဏ္ဍ၊ကျရာနေရာမှာ ၊ ကိုယ်ယုံကြည်ရာ အားထားရာ နေရာတိုင်းမှာ စစ်မှန်တဲ့အောင်မြင်မှုတွေ ရရှိနိုင်ပါစေ ..။
ခင်မင်လျက် .. နန္ဒ
http://newworldnanda.ning.com/
Copy from http://newworldnanda.ning.com/profiles/blogs/3451740:BlogPost:12146








