ကဲ မြင်တော်မူကြတဲ့အတိုင်းပါပဲဗျာ။
aနကလည်းပူ မီးကလည်းပျက် ဒီတော့ ရေတွင်းထဲကရေကို တင်ဘို့မဖြစ်နိုင်လို့ ရေကလည်းမလာ ပန်ကာလည်းဖွင့်လို့မရ နည်းနည်းလေးသောက်ထားတဲ့လူဆိုလျင် ပူအိုက်လိုက်မယ့်ဖြစ်ခြင်း။
အဲဒီတော့ ဦးဏှောက်ကလည်း ပူထူလာ။
ဆိုတော့ သိပ်ပြီး အရှည်မတွေးနိုင်တော့ဘူးလေ။
အလောသုံးဆည် ကတ္ထူပြားပေါ် စာကောက်ရေး လျှပ်စစ်မီးပေးပါပေါ့။
ဒီမှာလည်း ကြည့်။
တရုတ်ကို သွားအားကိုးနေသလားမှတ်တယ်။
ကျုပ်သာ တရုတ်ဆို ဒီလိုပြောလိုက်ချင်စမ်းပါဘိ။
ခင်ဗျားတို့ ဘာတွေအရူးထနေတာတုန်း။
ခင်ဗျားတို့ကို အုပ်စိုးနေတဲ့ လူတွေ ကျုပ်ငွေယူထားတာ များလှပေါ့။
ခင်ဗျားတို့ကို မကူညီနိုင်တာတော့အမှန်ပဲ။
တခုတော့ရှိတယ် မြစ်ဆုံရေကာတာပြန်ဆောက်ပြီးလျင်တော့ နည်းနည်းပါးပါး ဖြစ်နိုင်ခြေရှိလိမ့်မယ်လို့ ယူဆနိုင်စရာရှိတဲ့ မျှော်လင့်ချက်လေးတော့ ပေးနိုင်လိမ့်မယ်ထင်တာပဲ။
အဲဒီလိုကိုပြောမိမှာ။
Democratic Voice of Burma က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းလေးကို
နားသောတဆင်ကြည့်ကြပါစို့လား။
May 23 2012 Wednesday evening