• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 24, 2012

ဗမာမျက်ဖြူဆိုက်လေ တရုတ်ကြိုက်လေ


မြန်မာပြည်မီးလင်းရေးအတွက် 

တရုတ်ကူညီမည်ဟုဆို

May 24, 2012

by ကိုသက်

မြန်မာပြည်သူတွေ လျှပ်စစ်မီး ရစေဖို့ တရုတ်နိုင်ငံက အကူအညီတွေပေးဖို့ ဆန္ဒရှိတယ်လို့ မြန်မာပြည်တွင်း
မှာဖြစ်နေတဲ့ မီးလင်းရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆို လိုက်ပါတယ် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟောင်လီက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက မီးလင်းရေးဆန္ဒပြပွဲတွေအပေါ်အမြင်နဲ့ မီးပေးနိုင်ရေးအတွက် အကူ
အညီပေးဖို့ဆန္ဒရှိကြောင်းကို အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

မစ္စတာဟောင်လီက
ကျနော်တို့နားလည်တာကတော့ ဒီဆန္ဒပြပွဲတွေမှာ လူတော်တော်များများက အခုမြန်မာနိုင်ငံတချို့နေရာတွေ
မှာ မီးမရဘူးဆိုတဲ့အပေါ်မှာ ဘယ်မှာပြဿနာဖြစ်တယ်ဆိုတာကို သေချာသိကြပါတယ်။ 
မီးမရတဲ့အပေါ်မှာ ကျနော်တို့နားလည်တာကတော့ မြန်မာနိုင်ငံမှာသုံးနေတဲ့ လက်ရှိလျှပ်စစ်ဓာတ်အားပေး လိုင်းစနစ်တွေ က တော်တော်ဟောင်းနွမ်းနေပြီဖြစ်တာကြောင့်ပါ။ 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေနဲ့ မြန်မာပြည်သူ လူထုရဲ့ နေထိုင်မှု ဘဝကို ပိုကောင်းလာအောင် ဒီလျှပ်
စစ်ဓာတ်အားပေး လိုင်းတွေကိုအဆင့်မြှင့်ဖို့ မြန်မာနဲ့ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒရှိပါတယ်
လို့ ပြောပါတယ်။

မြန်မာနို်င်ငံရဲ့ မြို့တော်တော်များများမှာ အခုရက်ပိုင်းတွေမှာ ၂၄ နာရီ မီးလင်းရေးအတွက် ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ ပျံ့နှံ့ဖြစ်ပွားနေတာဖြစ်ပါတယ်။
အစိုးရဘက်ကတော့ နွေရာသီမှာ ရေနည်းတာကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု နည်းသွားတာကြောင့် လို့ ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ မိုင်းထိပျက်စီးသွားတဲ့ ၂၃၀ ကေဗီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင်ပြုပြင်
ရေးလုပ်ငန်းကိုလည်း လူအင်အားများစွာနဲ့ အရှိန်မြှင့်လုပ်နေသလို အမေရိကန်နိုင်ငံနဲ့ စင်ကာပူနိုင်ငံက မီးစက်
 ၆ လုံးစီ တပတ်အတွင်းရောက်ဖို့ရှိတယ်လို့ ပြည်သူကိုအသိပေးပါတယ်။

ဒါ့ပြင် အမေရိကန်နိုင်ငံ ဂျင်နရယ် အီလက်ထရွန်နစ် ကုမ္ပဏီကနေ ဂက်စ်တာဘိုင် ၂ လုံး အမြန်ဆုံးရောက်
ရှိလာဖို့လည်း ကြိုးစားနေတယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး အသိပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ အစိုးရကပေးတဲ့ လျှပ်စစ်ကို အသုံးပြုနေရတာဖြစ်ပြီး ကမ္ဘာပေါ်မှာ လျှပ်စစ်မီး အသုံးပြုမှု အနည်းဆုံး နိုင်ငံတွေထဲမှာ တနိုင်ငံ အဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။
 ပျမ်းမျှ လူတဦးကို ၁ နာရီ ၁၀၄ ကီလိုဝပ်သာ အသုံးပြုနေရပြီး ကွန်ဂိုနဲ့ နီပေါနိုင်ငံတွေ နှုန်းလောက်ပဲ ရှိတယ်
လို့ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က စာရင်းထုတ်ပြန်ထားပါတယ်။

 http://burmese.dvb.no/archives/25887