• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, May 18, 2012

ရှမ်းလမ်းဈေး မီးလောင်ကျွမ်း ဆိုင်ခန်းပေါင်း (၂၀၀) ကျော် ဆုံးရှုံး

ရှမ်းလမ်းဈေး မီးလောင်ကျွမ်းမှု ဆိုင်ခန်းပေါင်း (၂၀၀) ကျော် ဆုံးရှုံး 

Friday 18th May 2012

ယနေ့ မေလ(၁၈) ရက်နေ့ နံနက် (၁) နာရီ (၅) မိနစ်ဝန်းကျင်အချိန်က စမ်းချောင်းမြို့နယ် ကျွန်းတော
မြောက်ရပ်ကွက်၊ ဗဟိုလမ်းရှိ ရှမ်းလမ်းဈေး အရပ်အခေါ် ဂွဈေးမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ရှမ်းလမ်းဈေးမှာ ဆိုင်ခန်းပေါင်း(၃၁၈)ခန်းရှိပြီး မီးလောင်ကျွမ်းမှု ကြောင့် ဆိုင်ခန်းအရေအတွက် (၂၃၃)ခန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 ရှမ်းကလေးဈေးမီးလောင်ကျွမ်းမှုဟာ နံနက် (၁) နာရီဝန်းကျင်ခန့်မှ စတင်လောင် ကျွမ်းခဲ့တာဖြစ်ပြီး မီး
သတ်ဦးစီးဌာနမှ သတင်းရရှိချိန်က (၁) နာရီခွဲအချိန်တွင် စတင်သတင်း ရရှိခဲ့ပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ မီးထိန်းနိုင်မှုကိုတော့ (၂)နာရီဝန်းကျင်ခန့်မှ မီးထိန်း နိုင်ခဲ့ပြီး (၂)နာရီ (၂၅)မိ
နစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်ကျွမ်း မှုကိုတော့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၃၅) စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှုဟာ ရှမ်းလမ်းဈေးအတွင်းရှိ (ဃ)ရုံဈေးတန်း ဆိုင်ခန်း အမှတ်(၁) မှာ (၄)ပေမီးချောင်း မီးထွန်းထားရာ အပူလွန်ကဲပြီး လောင်ကျွမ်းခြင်းဖြစ်တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ် (၃၄၉.၅) သိန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 Copy from http://www.mrtv4.net.mm/news/local/others/detail/item%3A4855

May 18 2012 Friday morning


Source NEWS Audio from http://www.voanews.com/burmese