မြန်မာဒုက္ခသည်အရေးနှင့် ဗြိတိန်အစိုးရ
မန်အမတ် ၆၆ယောက်က ဗြိတိန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်၊
အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခ သည်တွေအတွက် Early day motion လို့ခေါ်တဲ့ ပါလီမန်အတွင်း
အမတ်တွေက အစိုးရကိုမေတ္တာ ရပ်ခံတဲ့အစီအစဉ်အရ တိုက်တွန်းလိုက်တာလို့ ဗြိတိန်အခြေစိုက် Burma Camping (UK) က မြန်မာ့အရေး ဆောင်ရွက်မှုအတွင်းရေးမှူး နော်မေရီလှ ကပြောဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာရှိတဲ့ ပါလီမန်အမတ် ၆၆ဦးကနေပြီးတော့လေ သူတို့အစိုးရကို မြန်မာပြည်မှာ ပဋိပက္ခဖြစ်နေတဲ့ဒေ သ ဒီ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်တွေနဲ့ ပြီးတော့ တောထဲမှာ လှည့်လည်ခိုအောင်းနေရတဲ့ ဒုက္ခသည်
တွေကို အဓိကအားဖြင့် နယ်ခြားဖြတ်ပြီးတော့ ထောက်ပံ့ကူညီမှုပေးနေတာတွေကို တိုးမြှင့်ပေးဘို့ကို Early day motion ဆိုတဲ့လက်မှတ် ထိုးပြီးတော့ အစိုးရကိုတောင်းဆိုထားတာပါ။
ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် လူတွေနေရပ်ရွှေ့ပြောင်းရတာတွေကိုစိုးရိမ်ရတဲ့အကြောင်း ပါလီမန်အမတ်တွေက ပြာကြားပါတယ်၊
နယ်စပ်မှာ ဒုက္ခသည်ဦးရေ တစ်သိန်းခွဲနီးပါးရှိနေပြီးပဋိပက္ခဖြစ်နေတဲ့ နေရာတွေ က ထောင်နဲ့ချီနေတဲ့ဒုက္ခသည်
တွေကိုလူသားချင်းစာနာမှုအကူအညီပေးတာ ပိတ်ပင်ခံရတာကို စိုးရိမ်ပူပန်ရတယ်လို့ ဆိုပါတယ်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေ ရိက္ခာခွဲတမ်း ၂၂%ဖြတ်တောက်ခံရတဲ့အတွက် ကလေးတွေအဟာရ ပိုချို့တဲ့မှာကိုစိုးရိမ်တယ်လို့လည်း နော်မေရီလှက ပြော ဆိုပါတယ်။
May 18 2012 Morning
Source NEWS Audio from http://www.rfanews.com/burmese/news







