• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 14, 2012

အက်ကြောင်း


အက်ကြောင်း
By Angelhlaing 

ဘယ်လိုပြုံးပြုံး 
မဲ့ ပြုံးဆိုတာ သိနေမှတော့ 
စာမတက်လည်း ခံစားတက်ပါတယ် မောင်... ။


နွေနဲ့ရေ သဟဇာတ မတည့်ကြတဲ့အခါ 
ပထဝီမြေကြီးက အက်ကြောင်းပြသလိုပဲ 
နင်နဲ့ ငါလည်း စကားဇောင်းထက်ခဲ့ကြတယ်... ။


ဘဝကို လက်စွဲတဲ့ငါက သစ္စာနည်းတယ်လို့ 
နင်စွပ်စွဲခဲ့သလို 
အတ္တဆိုတာလည်း ငါ့အတွက် 
ကာရံတစ်ခုတဲ့... ။


မာနရှင်ဆိုပေမယ့် မြွေစွယ်ကျိုးသလို 
တန်ဖိုးထားခဲ့တဲ့ ချစ်ခြင်းဆိုတာ 
နင်သတ်မှတ်တဲ့ ဘောင်တစ်ခုမှာ 
ငါမှအမှတ်မှီခဲ့မှတော့ လမ်းခွဲဆိုတာ 
ငါ့အတွက် ဆုလာဒ်အဖြစ်နဲ့ပေါ့... ။

ကျောခိုင်း ကြစို့တဲ့လားမောင်
နေဝင်မှတော့ အမှောင်ကို အံတုဖို့ 
ငါကြိုးစားရုံကလွဲပြီး ဘာများတက်နိုင်မှာလဲ ...။

မှာချင်တယ်..မောင် 
ထွက်သွားမယ်ဆိုမှတော့ သတိရခြင်းတွေ ထားမခဲ့ပါနဲ့.. 
ငါ့အတွက် နာကျည်းစရာတွေသာ 
လက်ဆောင်အဖြစ် ချန်ထားရစ်ခဲ့ပါလေ... ။

နင်တစ်မျိုး ငါတစ်ဖုံ 
ဘဝလမ်းဆုံမှာ ခွဲကြစတမ်းရယ်လို့ 
စခဲ့ကြတာ မဟုတ်လေတော့ 
ရင်နာတယ် ဆိုတဲ့စကား 
မလုံလောက်ဘူး...မောင်။ 

Written By Angelhlaing
Thursday,June 14,2012 8.58 pm
Austria

Copy from
http://angelhlaing.blogspot.com/2012/06/blog-post.html