ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တု
လွှတ်တင်ရန်အတွက်
ထောက်ခံ ခွင့်ပြုစာ ပေးအပ်ခဲ့
Saturday 16th June 2012
မြန်မာနိုင်ငံမှာ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင် နိုင်ဖို့အတွက် ပထမအဆင့် အနေနဲ့ လေ့လာ
မှုတွေ ပြုလုပ်ဖို့ကို ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့ကို ထောက်ခံ ခွင့်ပြုစာ
ပေးအပ်မှု ပြုလုပ်ခဲ့ ပါတယ်။
အဆိုပါ ပေးအပ်မှုကို ဇွန်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ တော်ဝင် နေပြည်တော် ဟိုတယ်မှာ ပြုလုပ်ခဲ့တာ
ဖြစ်ပြီး ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်မှ ထောက်ခံ ခွင့်ပြုကြောင်းစာ
ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တု လွှတ်တင် ရင်တော့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ သစ်တောရေးရာ၊ ဓာတ်သတ္တု ရှာဖွေရေး အစရှိတဲ့ ကဏ္ဍတွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့ ပို့ဆောင်
ရေး ၀န်ကြီး ဌာန၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူပြောကြားချက်အရ သိရပါတယ်။
လက်ရှိ ပြည်တွင်းမှာ အာကာသမှ အဝေးအာရုံခံစနစ်နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ထားရှိမယ့် မြေနေရာ ရွေးချယ်ခြင်း၊ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုနဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ ကဏ္ဍအ
လိုက် လိုအပ်ချက်နဲ့ အသုံးဝင်မှု တွေကို ဆွေးနွေးခြင်းများ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီလို ဆွေးနွေးရာမှာ ပထမအကြိမ် ဆွေးနွေးမှု ကိုတော့ ဇွန်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ပြုလုပ် လျက်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ပိုင်း မှာလည်း ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့က ကမ္ဘာမြေ
လေ့လာရေး ဂြိုဟ်တု အသုံးပြုမယ့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ၀န်ထမ်းတွေကို နည်းပညာဆိုင်ရာ သင်
တန်းများ ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါတင်မကဘဲ မြန်မာနိုင်ငံ အတွက် ကမ္ဘာမြေပြင် လေ့လာရေး ဂြိုဟ်တု လွှတ်တင် နိုင်ဖို့ကို ဂျပန်နိုင်ငံ အစိုးရမှ ကူညီ ထောက်ပံ့ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Copy from
http://www.mrtv4.net.mm/news/local/others/detail/item:6064