မေမ့ပါဘူး နာန္ၟခု္လာၟ
ရေခပ်တဲ့ ၀ါးကျ ည်ထောက်ကို သတိရသလို သင်တိုင်းဖြူလေးကို မမေ့ပါဘူး။
ဒါပေမယ့် ငါကအဝေးကြီးမှာလေ။
ပြီးတော့ အရာအားလုံးက ကျန်ခဲ့ပြီပဲဟာ။
ဝါးကျည်ထောက်ထဲက တောင်ကျစမ်းရေကို ရေသန့်ဗူးထက် ငါ မက်မောပါတယ်။
အကောင်းဆုံးရေမွှေးနံ့ထက် မန်ကျည်းခေါက်နံ့က ငါ့ကိုပိုပြီးညှို့ယူဖမ်းစားထားပါတယ်။
ဒါပေမယ့် အခုအချိန်မှာ ငါ့ရဲ့အသက်အရွယ်က နင်နဲ့တွေ့ခဲ့ကြတုန်းကလို မဟုတ်တော့ပါဘူး။
ခါးတွေကုံးပြီး သွားတွေကျိုးကုန်ပြီလေ၊ ငါ့ရင်ထဲမှာကတော့ ကုလားမတောင်(နာန်ၟခုလာၟ)နဲ့ နင့်ကို မေ့လို့မ ရနိုင်သေးတာ အမှန်ပါ။
ငါ့ရင်ထဲမှာ နင်ဟာ အမြဲတမ်းနုပျိုလန်းဆန်းနေတဲ့ စကားဝါပန်းလေးတပွင့်ပါ နာန်ၟခ်ုလာၟရယ်။
ယုံချင်မှယုံပါ။ နင်ယုံအောင်ငါ ပြောနေတာမဟုတ်ပါဘူး။
Copy from http://www.zawmintun2009.blogspot.com/
မှတ်ချက်
စိုင်းထီးဆိုင် ဆိုထားခဲ့တဲ့ သီချင်းလေးတပုဒ်လိုပါပဲ မေ့နေပြီလို့ထင်ထားပေမယ့် အခုလိုတိုက်ဆိုင်မှု
လေးတွေကြုံလာတော့အဟောင်းတွေက အသစ်ဖြစ်ရပါတယ်။
စောဇော်မင်းထွန်းကို ကျေးဇူးတင်ပါတယ်။