• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, September 22, 2012

အနာနဲ့ဆေးတည့်ပြီပြောပြီး ဆေးပြန်ရှာမယ့် ဦးအောင်မင်း

KNU ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားတခုမှ မီးရထားဝန်ကြီး ဦးအောင်မင်း
 Source Photo from http://kareninformationcenter.com

အနာနဲ့ဆေးတည့်ပြီပြောပြီး ဆေးပြန်ရှာမယ့် 

ဦးအောင်မင်း


(မင်းစိုးစံ)
S3ptember 21 2012

မီးရထားဝန်ကြီး ဦးအောင်မင်းကတော့ ဆေးပြန်ရှာမယ်လို့ပြောလာပါပြီ။
ဘာကြောင့်လို့ထင်ပါသလဲ။
အနာနဲ့ ဆေးတည့်ပြီလို့ ပြောပြီးကာမှ ဆေးပြန်ရှာမယ်ဆိုတော့ အစောပိုင်းတုန်းကဆေးက ရောဂါမပျောက်နိုင်လို့
ဆေး ပြန်ရှာဘို့လုပ်နေတာလို့ ယူဆစရာရှိပါတယ်။
ရောဂါကို နာတာရှည်ရောဂါလို့ သတ်မှတ်တဲ့အပြင် ဗမာအစိုးရ အဆက်ဆက်က ကုလာတာမပျောက်ဘူး။ သူကတော့ အင်မတန်ကိုစေ့သပ်သေခြာပြီး အပြန်ပြန်အလှန်လှန် လေ့လာပြီး နာတာရှည်ရောဂါကို ကုနေတာ အ
နာနဲ့ဆေးတည့်ပြီဆိုတာကိုပြောခဲ့ပါတယ်။
အဲဒီတော့ (KNU)နဲ့ဆွေးနွေးပွဲတွေ လုပ်နေတုန်း သတင်းထောက်တယောက်မေးတဲ့ မေးခွန်းကို ရယ်ရယ်မော
မော ပေါ့ပေါ့ပါးပါး အားပါးတရဖြေသွားတဲ့ စကားလုံးတွေကို ဖတ်ကြည့်ကြပါ။

တကယ်တော့ဗျာ ဒီရောဂါကြီးကို ကျနော်က အနာရောဂါကြီးတခုလို့ယူဆပါတယ်။
ဒီရောဂါကြီးဖြစ်ခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ့်သုံးခုနှစ်ကစပြီး လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ့်သုံးနှစ်
ကစပြီး ဖြစ်ခဲ့တဲ့ဥစ္စာကြီး ဒီရောဂါကိုလည်း နိုင်ငံတော်အစိုးရအစဉ်အဆက်က ဒီရောဂါကိုပျောက်အောင်ကုခဲ့
ပါတယ်။
ကုသော်လည်းပဲ အနာနဲ့ဆေးမတည့်တဲ့အခါကျတော့ ဒီရောဂါကြီးမပျောက်ဘူး။ ဘာဖြစ်လို့မပျောက်လဲဆို ရောဂါနဲ့ဆေးနဲ့မတည့်တဲ့အခါကျတော့ ဒီရောဂါပျောက်အောင်ကုဘို့ကမဖြစ်ဘူး။ အခုကတော့ကျနော်တို့က ဒီအရင်တုန်းကဖြစ်ခဲ့တဲ့ Process တွေ အတွေ့ကြုံသင်္ခန်းစာတွေအားလုံး ကိုပြန်ကြည့်
တယ် တိုင်းရင်းသားတွေလိုအပ်ချက်ကိုပြန်ကြည့်တယ်။
ရှေ့ကတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေသင်္ခန်းစာတွေကိုဖေါ်ထုတ်တယ်၊ ဖေါ်ထုတ်ပြီးတဲ့အခါမှာ အခုကျနော်တို့ဟာ
ဆေးအသစ်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဆေးအသစ်ကလည်းဘာလဲဆိုရင်အခုဟာကျနော်တို့မြန်မာနိုင်ငံမှာ ခေတ်သစ်စနစ်သစ်နဲ့ ချီတက်နေပါတယ်။ အရင်တုန်းကစနစ်က ခွင့်မပြုခဲ့လို့ဖြစ်ပါတယ်။ 
အခုကစနစ်ကခွင့်ပြုနေပါပြီ စနစ်ကခွင့်ပြုတဲ့အတွက် ကျနော်တို့က ဒီဥစ္စာအနာနဲ့ဆေးနဲ့တည့်ပြီလို့တော့ခန့်မှန်း လို့ရတယ်။ 
ဟို တည့်မတည့်ဆိုတာကတော့ ကျနော်တို့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာမူတည်တာပေါ့ဗျာ။ ဒီ ရောဂါကြီးလုံးဝပျောက်အောင်ကုဘို့ စိတ်ကဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။ 
သို့သော်လည်းပဲ ဒီ အခုတော့ တည့်ပြီလို့လဲယူဆပါတယ် တည့်လို့လဲဒီလိုစားပွဲဝိုင်းတွေမှာ တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်ဒီလိုတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ 
ဒါလေးကိုကျနော်တို့ဆက်ပြီးဆောင်ရွက်သွားဘို့ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

သူက ဆရာဝန်မဟုတ်ဘူးဗျ၊ ဆေးနည်းရှိပေမယ့် မှန်ကန်တဲ့ကုနည်းကို မသုံးရဲရှာဘူး၊ မီးရထားဝန်ကြီးဆိုတော့ မီးရထားတွေရဲ့သဘောတရားလောက်ပဲ နားလည်တာလေ၊ ရောဂါက နှစ်ဘက်စလုံးကိုကုရမှာဆိုတော့ ခေါက် ရိုးမကျိုးတဲ့ဘက်က အကုမခံလျင် ဘယ်လိုလုပ်ပြီး ကုလို့ရမှာလဲ။
ပြီးတော့ သူက ဥစ္စာရူး။ သူ့စကားကိုနားထောင်ကြည့် ဥစ္စာကြီး၊ ဥစ္စာ ဆိုတာတွေ က မပါလို့ကိုမပြီးဘူး။ အဲဒါကြောင့် ကျုပ်က သူ့ကို ဥစ္စာရူးလို့ပြောတာပါ။

အဲဒီလိုတွေဖြေသွားပြီးကာမှ လွန်ခဲ့တဲ့ ရက် ပိုင်းလောက်မှာပဲနောက်သတင်း ထောက်ကိုတော့ အခုလိုပြောသွား
ပြန်ပါတယ်။

တိုင်းရင်းသားကိစ္စကိုလုပ်တဲ့အခါမှာလည်း ဒီဥစ္စာကြီးကိုပြန်ကြည့်ကြည့်ရင် နှစ်ပေါင်းခြောက်ဆယ်လောက် ဖြစ် ခဲ့တဲ့ နာတာရှည်ရောဂါကြီးဖြစ်တယ်။
ဒီနာတာရှည်ရောဂါကြီးကို တကယ်ပျောက်တဲ့ဆေးနဲ့ကုရမှာပေါ့။
အဲဒီဆေး ကိုပြန်ရှာမယ်။ 
ကျနော်တို့က ဘယ်သူတွေပါမလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါမယ်။ 
တိုင်းရင်းသား ကျနော်တို့မြန်မာနိုင်ငံမှာ ၁၃၅မျိုးရှိတယ် သူတို့ကကိုယ်စားလှည်တွေပါမယ်။ 
(NGO)တွေပါမယ်။ ပါတီတွေပါမယ်။ 
သူတို့အဖွဲ့တွေ အကြေအလည်ကိုဆွေးနွေးပြီးကာမှ အဲဒါကိုအားလုံး ဆွေးနွေးချက်တွေအားလုံး အဆင်ပြေသွားပြီ
ဆိုရင်တော့ ကျနော်တို့က ထာဝရငြိမ်းချမ်းရေး စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာဖြစ်မယ်။
လက်မှတ်ထိုးမယ်။ 
အဲဒီတော့ ပင်လုံထက်ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲကြီးဖြစ်တယ်လို့ ကျနော်ပြောတယ်ဆိုတာ ဒါကြောင့်မို့လို့ပြောတာ။

သူရှာမယ့်ဆေးနည်းကိုတော့ မီးရထားဝန်ကြီး ဦးအောင်မင်းက ကွက်ကွက်ကွင်းကွင်းကို ဖေါ်ပြလိုက်ပါပြီ။ အဲဒါကဘာတွေလဲဆိုတော့ တိုင်းရင်းသား ၁၃၅မျိုးရဲ့ကိုယ်စားလှည်၊ (NGO)တွေ ပါတီတွေ အဲဒါတွေအားလုံး က
နေအကြေအလည်ဆွေးနွေးပြီးပြီဆိုမှ ဗမာစစ်အစိုးရနဲ့ဆွေးနွေး။
ပြေလည်ပြီဆိုလျင် လက်မှတ်ထိုးမယ် အဲဒါက သူရှာလို့ရတဲ့ဆေးနည်း။
ပြီးတော့သူက ပင်လုံထက်ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲဆိုတာလေးနဲ့ တန်ဆာဆင်ထားလိုက်ပါတယ်။ ကုမယ့်နည်းကိုတော့ ဗမာစစ်အစိုးရနဲ့ အကြိမ်ကြိမ် အဖန်ဖန် အခါခါ ထပ်ခါတလဲလဲ ဆွေးနေီးခဲ့ဘူးကြတဲ့ တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့အစည်းတွေသိကြမှာပါ။

ဘာကြောင့် ဆေးနည်းပြန်ရှာရသလဲဆိုတာထက် ဘာကြောင့်ဆေးနည်းကိုမရှာလျင်မဖြစ်တော့တဲ့အခြေအနေ မျိုးကိုရောက်သွားရသလဲဆိုတာ အောက်က မီးရထားဝန်ကြီး ဦးအောင်မင်း ပြောသွားခဲ့တဲ့စကားတွေကို လေ့လာ ကြည့်လျင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပါလိမ့်မယ်။

ကျန်တဲ့အဖွဲ့တွေက စကားပြောနေတုန်းပဲ ဒါပေမယ့် ဒီအဖွဲ့ကြီး အဆင်ပြေသွားရင် နောက်အဖွဲ့တွေ အလိုလို
Automatically ပြီးသွားမယ် ဒါကြီးက ဒီဥစ္စာက အခက်အခဲဆုံးနဲ့ အင်အားအကြီးဆုံးဖြစ်နေလို့ပါပဲ။ 
ဒါဖြစ်သွားရင် ကျန်တဲ့လူ အလိုလိုပါလာမယ်။

ဒါဆိုလျင် ကျုပ်တို့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ တိုင်းရင်းသားကိုယ်စားလှည်တွေ NGO တွေ ပါတီတွေ ဘာဆက်လုပ်ရမယ်ဆိုတာ သဘောပေါက်လိမ့်မယ်လို့ အလေးအနက်ယုံကြည်မိပါကြောင်း။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က ရုပ်သံဖိုင်လေးကို ဖွင့်ပြီးလေ့လာကြည့်ဘို့ တိုက်တွန်းပါရစေ