• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, September 23, 2012

ကျူးကျော်ဟုသတ်မှတ်ထားသောအိမ်များဖယ်ခိုင်း၍၀ိုင်းဝန်းတောင်းဆို



ကျူးကျော်ဟု သတ်မှတ်ထားသောအိမ်များ

ဖယ်ခိုင်း၍ ၀ိုင်းဝန်းတောင်းဆို


မန္တလေးမြို့တော်စည်ပင်မှ ကျူးကျော်ဟု သတ်မှတ်ထားသော ပြည်ကြီးတံခွန်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ
 ခြံဝင်း၊ နေအိမ်ဝယ်ယူထားသူများအား မြို့တော်ဝန်လာရောက်တွေ့ဆုံ၍ နေအိမ်ခြံဝန်းများအား ဖယ်ရှားပေးရန်
ပြောကြားရာတွင် ၀ယ်ယူထားရှိသောသူများမှ ကျေနပ်မှုမရှိဘဲ ၀ိုင်းဝန်းတောင်းဆိုမှုများ ယနေ့(စက်တင်ဘာလ
၂၂ ရက်နေ့)မွန်လွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Copy from http://www.facebook.com/media/set/?set=a.432405400130422.91399.114803668557265&type=1

ဗမာစစ်အစိုးရ၏ အလွန်အမင်းကောက်ကျစ်ယုတ်မာ၍ အထူးပါးနပ်လိမ္မာသည့် နိုင်ငံအ၀ှမ်းထောက်ခံမှုရရန်နှင့် သန့်ရှင်းသည့်အစိုးရ ကောင်းမွန်သောအစိုးရအဖြစ် အမြင်ရောက်နိုင်ရန် ကြိုးပမ်းမှုများအနက် အလွန်သိသာထင်
ရှားသည့် နည်းပရိယာယ်တခုဖြစ်သည်ကို မကြာမှီ မြင်တွေ့ကြရပါတော့မည်။

ဗမာစစ်အစိုးရရဲ့ အင်မတန်အောက်တန်းကျတဲ့ နည်းပရိယာယ်တခုပါ သူတို့အစိုးရထဲမှာ အပျော့ဂိုဏ်း အမာဂိုဏ်း ဆိုပြီး ကွဲမနေဘူးဆိုတာ အတိအလင်းကျေငြာထားလေတော့ ဒီလိုလုပ်ရပ်တွေဟာအလွန်အမင်းမရိုးသားတဲ့
နည်းတခုဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ တခုလုံးကို နည်းမျိုးစုံနဲ့ ဆူဆူပူပူဖြစ်အောင်လုပ်မယ်။
ပြီးတော့ ကယ်တင်ရှင်ပါဆိုပြီး မဏ္ဍပ်တိုင်တက်ပြမယ်။
မကြာပါဘူး စောင့်ကြည့်ကြပါ။

နေရပ်ရင်းပြန်မယ်လို့ ဆုံးဖြတ်ထားကြတဲ့ ဒုက္ခသည်တွေလည်း အဲဒီနည်းဗျူဟာကို ဘယ်လိုရှောင်ကွင်းမလဲ
ဆိုတာ စဉ်းစားထားကြပါ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)