• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, September 19, 2012

ဟင်းရွက်စားတဲ့ ခွေးကလေး

Source Photo from http://www.google.com/images


ဟင်းရွက်စားတဲ့ ခွေးကလေး

By မင်းစိုးစံ

ခွေးဆိုတာ အသားစားသတ္တ၀ါဖြစ်ပါတယ်။ ဒါပေမယ့် ကျုပ်မွေးထားတဲ့ခွေးကလေးကတော့ ဟင်းရွက်တွေ အ သီးတွေစားပြီးမှ အသားစားပါတယ်။ သူစားတဲ့အသီးတွေကတော့ အစုံပါပဲ။ ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ သ ခွါးမသီး၊ ပြောင်းဖူး၊ စတဲ့ အသီးအနှံတွေအပြင် ပဲသီးစိမ်း(ပဲတောင့်ရှည်)ကိုလည်း စားလေ့ရှိပါတယ်။

နောက်တခါ ကန်ဇွန်းရွက်၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ သခွါးသီး ဘူးသီး စတဲ့အသီးအရွက်တွေကို တခါတလေ အစိမ်းစားလေ့ရှိပြီး တခါတလေမှာတော့ ပြုတ်ကျွေးရပါတယ်။ အဲဒီလို အသီးအရွက်တမျိုးမျိုးကို စားပြီးမှသာ အသားကိုစားပါတယ်၊ ပုဇွန်ကိုစားပေမယ့် စားပြီးတာနဲ့ မကြာခင်မှာ အန်တဲ့အတွက် အခုဆို သူ့ကို ပုဇွန်မကျွေးတော့ပါဘူး။

ကျုပ်ခွေးကလေးက ထမင်းမစားပါဘူး။
ဆိုင်က အသင့်လုပ်ထားတဲ့ ခွေးစာတွေကိုလည်း မစားပါဘူး။ သူဟာကျုပ်အတွက် အဖေါ်ကောင်းဖြစ်ပါတယ်။ အိမ်သူသက်ထားဇနီးမယား အလုပ်သွားaနတဲ့အချိန်၊ သားတွေသမီးတွေ ကျောင်းသွားချိန်မှာ အိမ်မှာတယောက်
တည်းကျန်နေတဲ့ကျုပ်ကို သူဟာ အဖေါ်အဖြစ်နေပေးတဲ့အတွက် သူ့ကိုကျေးဇူးတင်မိတာအမှန်ပါ။

အမြီးလေးတလှုပ်လှုပ် နားရွက်ကလေးတွေကို ကုပ်ပြီး အသံပေးတတ်တဲ့အတွက် သူဟာ အိမ်မှာတယောက်တည်း
ကျန်နေတဲ့ကျုပ်အတွက် စိတ်ဖိစီးမှုတွေကို လျော့နည်းစေတာအမှန်ပါ။

ကျုပ် ဗမာပြည်မှာနေခဲ့တုန်းက ခွေးမွေးခဲ့ဘူးပါတယ်၊ တနေရာကနေ တနေရာကိုပြောင်းတဲ့အခါမှာ ခွေးကို ချန် ရစ်ခဲ့ရလို့ ငိုခဲ့ရပေါင်းလည်း များလွန်းလှပါပြီ။ နေရာအတည်တကျနေရတယ်ကို မရှိပါဘူး။ ကျုပ်အဖေက အစိုး ရအမှုထမ်းဆိုတော့လေ။

အဲဒီအစိုးရအမှုထမ်းကနေထွက်ပြီး ကရင်ပြည်နယ်ရောက်ပြန်တော့ ပြေးရလွှားရနဲ့ စာမသင်ခဲ့ရပြန်ဘူး။ ဗမာစစ်တပ် ရွာထဲဝင်ပြီဆိုတာနဲ့ ခွေးတောင်မချန်ဘူး အကုန်ကိုစားပစ်တာ။ တခြားအကောင်အလောင်တွေဆိုလျင်တော့ ပြောနေစရာမလိုဘူး။
ရွာထဲက ယောက်ျားသားတွေ တယောက်မှမရှိတော့ ဗမာ့တပ်မတော်သားကြီးတွေ အစွမ်းကုန် မိုက်ရိုင်းကြတော့ တာပေါ့။

ဗမာပြည်ကခွေးကျတော့ စပါးလင်ရွက် မြက် စတာတွေကိုစားပြီး အန်ထုတ်တတ်ကြတာတွေ့ရတယ်ဗျို့။ ကျုပ်အဘိုးပြောတာကတော့ ခွေးတွေဟာ သူတို့နေမကောင်းဖြစ်လျင် အဲဒီလိုပဲ သူတို့ဘာသာ သူတို့ကုကြတယ် တဲ့။
ဗမာပြည်ကလူတွေ ခွေးမွေးပြီး တရုတ်ဘက်ကို ပို့တယ်ဆိုတာကြားလိုက်ရတော့ ဟုတ်ရဲ့လားပေါ့လေ၊ဘာကြောင့်
လဲဆိုတော့ ကျုပ်တို့ငယ်ငယ်တုန်းကဆိုလျင် တချို့လူတွေ ခွေးသားကိုအပျော်သဘောစားတတ်ကြပါတယ်။ တချို့ကျပြန်aတာ့လည်း မက်မက်မောမောကို စားကြပါတယ်။
တချို့ကျပြန်တော့ ဆေးဖြစ်ဝါးဖြစ် စားလေ့ရှိတာတွေ့ရပါတယ်။ အထူးသဖြင့်ကတော့ ငှက်ဖျားရောဂါ ခံစားနေရသူ
များနဲ့ မီးဖွါးပြီးခါစ အမျိုးသမီးအချို့ဟာ ခွေးသားကို ဆေးဝါးအဖြစ်စားသုံးတတ်ကြပါတယ်။

ခွေးသားရဲ့အရသာဟာ အခြားအသားတွေနဲ့မတူပဲ ထူးခြားတဲ့အရသာ ရှိတယ်လို့ ပြောသံကိုလည်း ကြားဘူးပါ
တယ်။ ကျုပ်တို့ကရင်အဘိုးအဘွားတွေကတော့ ခွေးသားကို မစားနဲ့လို့မတားပေမယ့် ထမင်းနဲ့ရောပြီး မစားဘို့
တားခဲ့တယ်ဆိုတာကို ကျုပ်အဘိုးအဘွားတွေက ပြောခဲ့ဘူးပါတယ်။

ခွေးသားကို ထမင်းနဲ့ရောစားလျင် စပါးလိပ်ပြာတွေ လွင့်သွားပြီး စပါးအောင်မြင်ဖြစ်ထွန်းမှုနည်းပါးသွားမှာ ဖြစ်တဲ့
အတွက် နောင်သောအခါမှာ ဆန်ရေစပါးရှားပါးမှုနဲ့ ကြုံရလိမ့်မယ်လို့ ဆိုခဲ့ကြပါတယ်။ ကဲဗျာ ရှေးလူကြီးတွေစကားကို ယုံချင်လည်းယုံ မယုံချင်လည်းနေ၊ ကမ္ဘာပေါ်မှာတော့ စားနပ်ရိက္ခာဈေးတွေက တရိပ်ရိပ်တက်နေတယ် ဆိုတာကိုတော့ အားလုံးသတိထားမိကြမှာပါ။

အောက်က ကျုပ်ရဲ့ခွေးကလေး ဟင်းရွက်စားနေတာကို ကြည့်ကြဗျာ။
ကျုပ်ကိုယ်တိုင်ရိုက်ထားတဲ့ ဟင်းရွက်စားနေတဲ့ သူ့ပုံလေးပါ။



ခွေးချစ်တတ်သူများ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး