• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, September 27, 2012

ကရင့်အရေး တွေးကြည့်ခြင်း

မြန်မာအစိုးရနှင့် ကေအဲန်ယူ အပစ်အခတ်ရပ်စဲရေး 
တတိယအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲ 

ကရင့်အရေး တွေးကြည့်ခြင်း 

 By မင်းစိုးစံ
 26 September 2012 Thursday

ဟိုအကြောင်း ဒီအကြောင်းတွေ ရေးရပြောရ ဝေဘန်ရ ငြင်းခုံရ ဆွေးနွေးရတာနဲ့ ကိုယ့်ကရင်အကြောင်း ဘာဆိုဘာ
မျှ မရေးဖြစ် မပြောဖြစ် မဝေဘန်ဖြစ် မဆွေးနွေးဖြစ်ခဲ့တာကြာလှပေါ့။
ဆွေးနွေးချင်စိတ်ကုန်နေတာလည်း ဖြစ်ကောင်းဖြစ်မှာပါ။
ဆွေးနွေးပြီဆိုလျင်လည်း ဆွေးနွေးမှန်းမသိပဲ ဒီကောင်ဗမာခွေး ဆိုပြီး ခဏခဏအပြောခံရတဲ့အခါကျတော့ အကြံ
ပေးချင်စိတ် ဆွေးနွေးချင်စိတ်တွေက တွေးလိုက်တိုင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ ပိုးကရင်ဘာသာနဲ့ ကရင်တွေအကြောင်းကို မကြာခဏဆိုသလို ရေးသားခဲ့ဘူးပေမယ့် တုန့်ပြန်ဆွေးနွေးတာတွေ မ
တွေ့ရပါဘူး။
ကျုပ်ရဲ့တင်ပြဆွေးနွေးပုံတွေက စံမမှီလို့ဖြစ်ပါလိမ့်မယ်။

ကရင်အမျိုးသားအစည်းအရုံးနဲ့ပတ်သက်လို့ ကျုပ်တွေးမိတာလေးတွေထဲက တခုလောက်ရေးပြကြည့်မယ် ဗမာ
တွေအကြိုက်ဖွတာမဟုတ်ဘူးဆိုတာကိုတော့ စာပါအကြောင်းအရာတွေက သက်သေခံပါလိမ့်မယ်။
ကျုပ်တို့ရဲ့ ကရင်အမျိုးသားအစည်းအရုံးမှာ စစ်ဘက်နဲ့ အုပ်ချုပ်ရေးဘက် ဆိုပြီး ဘက်နှစ်ဘက်ကွဲနေတယ်၊ အဲဒီ
အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ထိခိုက်နိုင်တယ် ဆိုတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ ပြောနေတာ အမှန်ပဲလား။
ဘာကြောင့်လဲ။
ဘာကိုကြည့်ပြီးတော့ပြောနေတာလဲ။
ကျုပ်ကတော့ စဉ်းစားလို့မရဘူး။

ကျုပ်အမြင်ကတော့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေက ကျုပ်တို့ကို တမင်တကာကို ဗလာချီ တဘက် သပ် ဖိအားပေးတာလို့မြင်ပါတယ်၊ ငြိမ်းချမ်းရေးထိခိုက်တယ် မထိခိုက်ဘူးဆိုတာက နှစ်ဘက်စလုံးရဲ့ စေတနာ ကိုအရင်းခံမှုလုပ်ရပ်နဲ့ ရည်ရွယ်ချက်တွေအပေါ်မှာ မူတည်ပါတယ်။
စေတနာမမှန်လျင် အရပ်ဘက်က တာဝန်ရှိတဲ့လူနဲ့ပဲ ဖြစ်ဖြစ် စစ်ဘက်က တာဝန်ရှိတဲ့လူနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဆွေး
နွေးဆွေးနွေး ဘယ်လောက်ပဲညှိနှိုင်းညှိနှိုင်း အချိန်ဘယ်လောက်ပဲယူယူ တနည်းမဟုတ်တနည်းနည်းနဲ့ပျက်မှာပဲ။
စေတနာမှန်လျင်တော့ ဒါတွေရဲ့ဆန့်ကျင်ဘက်အကျိုးဆက်ကို ရမှာဖြစ်ပါတယ်။

လိမ်ညာသူရဲ့စေတနာ 

လိမ်လည်လှည့်ဖျား ကောက်ကျစ်သူတွေရဲ့ စေတနာကို အဖြူထည်သက်သက်လို့ အရမ်းကာရော မမြင်မိဘို့ လိုပါ
တယ်၊
အဲဒီလိုမြင်နေသမျှ ငြိမ်းချမ်းရေးဆိုတာကို ထည့်မပြောနဲ့ အပစ်ခတ်ရပ်ဆိုင်းရေးဆိုလား ရပ်စဲရေးဆိုလား အဲဒါတွေ
တောင် ဘာမျှ တိတိကျကျရေရေရာရာ ထင်သာမြင်သာရှိလာမှာမဟုတ်ပါဘူး။

ဦးအောင်မင်းတို့ကတော့ နိုင်ငံတကာကိုလှည့်ပြီး ဗမာပြည်ကြီးတခုလုံးနီးပါး သေနတ်သံတွေ တိတ်နေပါပြီတဲ့ အဲဒီ
လိုကို လိုက်ပြောနေတာ၊ ကျုပ်တို့ကရင်ပြည်နယ်မှာ သေနတ်သံတွေတိတ်နေတယ်ဆိုတာ ဘာကြောင့်တိတ်နေရ
တာလဲ။
လူလိမ်တွေလိမ်နေတာကို သိသိကြီးနဲ့အလိမ်ခံနေလို့ သေနတ်သံတွေ တိတ်နေတာ၊ ကျုပ်ကတော့ ဒီလိုပဲပြောချင်
တယ်။

ဇွန်လ ၂၅ရက် တနင်္လာနေ့က တောထဲအင်ဥအရှာထွက်တဲ့ ကရင်တယောက် အနီးကပ်မသေမချင်း အပစ်သတ်ခံ
ရတဲ့သတင်း ဖတ်လိုက်ရတယ်။
ဘယ်သူတာဝန်ယူဖြေရှင်းပေးသလဲ။
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေပါးစပ် ဘာတွေနဲ့အဆို့ခံနေရလို့လဲ။
ဘာသံမှထွက်မလာဘူး။

သူပစ်သတ်ခံရတဲ့ နေရာက မြန်မာတပ်စခန်းနဲ့ တော်တော်နီးတယ်။ 
ကန့်သတ်နယ်မြေဆိုတော့ ပစ်လိုက်တဲ့သဘောပဲ။ 
ဒီလူက အရပ်ဝတ်နဲ့ဆိုတော့ အဝေးကနေ မြင်ရင်တောင် အရပ်သားဆိုတာသိနိုင်တယ်။ 
အခုက အဝေးကနေ ပစ်ထိပြီး အနီးကပ် ထပ်ပစ်တဲ့အသွင် တွေ့ရတယ်။ 
ဘယ်ဘက် မျက်လုံးတဖက် မရှိတော့ဘူး။

ကဲ အပြစ်အခတ်ရပ်ဆိုင်းထားတဲ့ကာလ ဒီလိုဒီလိုတွေအလုပ်ခံနေကြရတာ ဘယ်သူတွေလဲ၊ သည်းခံတာနဲ့ အညံ့ခံ
တာမတူဘူးဆိုတာ လူတိုင်းအသိပါ။ ခွင့်လွှတ်တာနဲ့ အရှုံးပေးတာကလည်း တခြားစီပဲ။

ဆရာမန်းထက်ခေါင်ရေးတဲ့ ဆောင်ပါးတခုဖြစ်တဲ့ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ ဆိုတဲ့ ခေါင်းစဉ်ပါ
ဆောင်းပါးထဲက စာကြောင်းတခုထဲမှာ အခုလိုရေးသားထားပါတယ်။

မင်းမမှားဘူး တင်ငွေ။ 
မင်းမှန်တယ်။ မှားတာက ငါ။ 
မင်းကို ဒီကောင်တော့ အသက်လည်း ကြီးလာပြီ။ 
အသိတရားလည်း အတော်ကလေးရလာပြီ၊ ကိုယ့်ကိုကိုယ် ပြုပြင်လာပြီလို့ တွက်ပြီးတော့ ယုံယုံကြည်ကြည်နဲ့ ခိုင်း လိုက်မိတာကိုက ငါ့အမှား။ 
မင်း မမှားဘူး။ 
မင်းက မင်းလမ်းကြောင်းကိုမင်း ဖြောင့်ဖြောင့်ကြီး လျှောက်နေတာ။ 
ဘယ်တော့မှ မဖောက်ပြန်ဘူး။ 
မပြောင်းလဲဘူး။ 
တသမတ်တည်း မှန်မှန်ကြီးကိုချီတက်နေတာ။ 
ကိုယ့်ရပ်တည်ချက်ကနေ ဖောက်ပြန်သွားတာက ငါ။ 
မင်းကိုပြောင်းလဲလာပြီလို့ ထင်လိုက်တာကိုက ငါ့အမှားပဲတင်ငွေ။

အဲဒီစာပိုဒ်လေးလိုပါပဲ ကျုပ်တို့ဆက်ဆံနေရတဲ့ သူတွေဟာ အလျင်ကလူတွေပဲဆိုတာကို မေ့ထားလို့မဖြစ်ပါဘူး သူတို့က သူတို့လမ်းကို လျှောက်မှာပဲ၊ ကိုယ့်ဘက်ကသာ ကိုယ့်လမ်းကို ကိုယ်လျှောက်နေရဲ့လားဆိုတာ သတိ ထားမိဘို့လိုပါတယ်။

အလိမ်မခံနိုင်တော့လျင် ဘာဖြစ်လာမလဲ 

တနေ့ အလိမ်မခံနိုင်တော့လို့ တိုက်ရခိုက်ရတော့မယ်ဆိုလျင် သူတို့ဘက်က လက်နက်အပြည့်အစုံ စားနပ်ရိက္ခာ အ
ပြည့်အစုံ ဆေးဝါးအပြည့်အစုံ လူအင်အားအပြည့်အ၀ ဖြည့်ပြီးသား။
ကျုပ်တို့မှာက ကိုယ့်လက်နက်ကိုယ့်မှာရှိနေပေမယ့် ရန်သူဘက်က သေနတ်ပေါက်မှ ကိုယ့်ဘက်က ပြန်ဖေါက်
မယ်ဆိုလျင် အရမ်းနောက်ကျသွားပြီလို့ ပြောချင်ပါတယ်။

ရန်သူက သမားရိုးကျ လုပ်စရာရှိတာကိုလုပ်နေတာပါ။ 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဘာမျှထိ ခိုက်စရာမရှိပါဘူး၊
နွေဦးပေါက်မှာ တပ်တွေအပြောင်းအရွှေ့လုပ်တာပါ။
ဆိုတဲ့ အပြောမျိုးနဲ့ ဖိနှိပ်အနိုင်ကျင့်မှု အမျိုးမျိုးကို ခါးဆီးခံနေ ရတဲ့ ကရင်ပြည်သူလူထုကို ဇဝေဇ၀ါဖြစ်အောင်မလုပ်
ပါနဲ့။

ရှင်းရှင်းပြောမယ်ဗျာ လူထုနဲ့ကင်းကွာတဲ့လေသံမျိုး လုံးဝမထွက်မိပါစေနဲ့။
ဘာကြောင့်ကျုပ်ဒီလိုပြောရသလဲ ဆိုတော့ လူထုသဘောထားအမြင်တခုမှာ လူတယောက်ပြောသွားတာရှိတယ်၊

ဗမာစစ်အစိုးရနဲ့ဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးဘို့ရှိတယ်၊ 
ရလာမယ့်အကျိုးကျေးဇူးနဲ့ ဆိုးကျိုးတွေကတော့ဖြင့် ဘာတွေရှိတယ်ဆိုတာကို ပထမဦးဆုံး တပ်ဘက်နဲ့ ပြည်သူလူ
ထုတွေကို ရှင်းရှင်းလင်းချပြဆွေးနွေးဘို့လိုတယ်၊ 
ပြီးမှသာ လူထုရဲ့ဆန္ဒသဘောထားအရ ဆွေးနွေးသင့်မသင့်ဆိုတာ ရယူအဖြေရှာပြီးမှ ဗမာစစ်အစိုးရနဲ့ဆွေးနွေးတာ
တွေ လုပ်သင့်တယ်၊ 
အခုလို ဘာမပြောညာမပြော အလျဉ်စလိုဆွေးနွေးတာမျိုးက သိပ်ပြီးမသင့်တော်ဘူး။
ဆိုတဲ့ ကရင်အမျိုးသားတဦး အသံလွှင့်ဌာနတခုမှာပြောသွားတာကို ကြားလိုက်ရလို့ပါ။

နောက်တခုက KNU နဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တို့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ KNU ကမလုပ်နိုင်တာတွေကို ၈၈ မျိုးဆက် ကျောင်းသားတွေကို လုပ်စေမှာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသားတွေ မလုပ်နိုင်တာတွေကို KNU က
ဝိုင်းကူမယ်ဆိုတာ ဖတ်လိုက်ရတော့ စောစောဆိုသူက အခုလို မှတ်ချက်ရေးထားတာ တွေ့လိုက်ရပါတယ်။

စောဘဦးကြီး မူလေးချက်တဲ့ တစ်ခုဖြစ်တဲ့ (ကရင့်ကံကြမ္မာကရင်ဖန်တီးရမည်) ဆိုတဲ့ မူကို ပြောင်းလဲရင် ပိုကောင်းမလား။ (ကရင်ကံကြမ္မာ ၈၈ကျောင်းသားများ ဖန်တီးရမည်)
ဟားဟားဟား….အဲလိုပဲ ရယ်ချင်တယ်။ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပြီး။

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ပတ်သက်လို့ ၈၈ ကျောင်းသားဟောင်း ကိုဇော်ဝင်း ရေးသွားတာကလည်း အင်မ တန်မှတ်သားစရာ ကောင်းလှပါတယ်။

လက်ပံတောင်း သင်ခန်းစာ

ဒီတော့ လက်ပံတောင်းသင်ခန်းစာကို ပြန်ချုပ်ရင် လက်ပံတောင်းလှုပ်ရှားမှု ရှုံးနိမ့်ရတာဟာ 

၁။ လူထုကြားထဲကို အညံ့ခံ၊ အရှုံးပေးဝါဒ သွတ်သွင်းလာလို့ လူထုကိုယ်တိုင်က အလျှော့ပေးချင်လာလို့ စိတ်ပျက်လာလို့ ရှုံးရတာဖြစ်တယ်။ 

၂။ လူထုကြားကို အညံ့ခံဝါဒ သွင်းလာသူတွေဟာ ခေါင်းဆောင်တွေ (၈၈ မျိုးဆက်တွေ) ဖြစ်တယ်။ ၈၈ မျိုးဆက်တွေ သစ္စာဖောက်လို့ ရှုံးနိမ့်ရတာဖြစ်တယ်။ 

၃။ ၈၈ တွေ သစ္စာဖောက်တာဟာ သူတို့အပေါ်မှာ အညံ့ခံဝါဒ အတွေးအခေါ်မှား ဖုံးလွှမ်းနေလို့ ဖြစ်တယ်။ 

 ဒါဟာ လက်ပံတောင်းကနေရတဲ့ ခါးသီးတဲ့ သင်ခန်းစာဖြစ်ပါတယ်။

အခုတော့ KNLA ကနေပြီး ဆွေးနွေးပွဲတက်မယ်ဆိုတာဖြစ်သွားရတာ ဘာကြောင့်လဲ။ ကရင်အမျိုးသားတယောက်ရဲ့အမြင်က မှန်နေလို့လား၊ ဒါမှမဟုတ် KNU ကနေ KNLA ဆိုပြီးကွဲထွက်သွားတာကို အတည်ပြုလိုက်တာများလားဆိုတာ တွေးနေမိပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Source;

http://www.kicnews.org/?p=13496
 http://www.kicnews.org/?p=13089
http://drlunswe.blogspot.com/2012/09/blog-post_972.html
http://blog.irrawaddy.org/2012/09/knu_26.html