• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, October 12, 2012

ရဲဘော်လား ရဲပျော်လား



ရဲဘော်လား ရဲပျော်လား

By မင်းစိုးစံ
October 12 2012

ဘယ်လိုပဲပြောပြော ကျုပ်တို့ ကရင့်သမိုင်းကြောင်းမှာတော့ မပြေးသော်လည်း ကန်ရာက ရှိခဲ့ပြီပေါ့ဗျာ။
တခုတော့ရှိပါတယ် ဘယ်အလုပ်မျိုးမဆို လိုအပ်တဲ့ အချိန်အတိုင်းအတာတခုအထိတော့ ယူကြပါ။
အချိန်ဖြုဉ်းတာမျိုးတော့ မဖြစ်စေပါနဲ့။

ကရင်လူထုရဲ့အသံကို နားစွင့်ပါ။ ဆိုလိုတာက လူထုရဲ့ ဆန္ဒသဘောထားကို ရယူပါ။
အဲဒီအတွက် အချိန်ယူစေ ချင်ပါတယ်။
အရေးအကြီးဆုံးအချက်က ကရင်လူထုတွေဟာ စစ်နဲ့ပတ်သက်တဲ့ ဒုက္ခသုက္ခနဲ့ ဖိနှိပ်မှုအမျိုးမျိုးကို နှစ်ပေါင်းများစွာ
ခံခဲ့ကြရတဲ့အတွက် သူတို့ကို ကြောက်ရွံ့စိတ်တွေ နည်းသွားအောင် မရှိအောင် လုံးဝ ပပျောက်သွားအောင် ဦးစွာ ပထမ လုပ်ရပါမယ်။
ပြီးတော့ ရဲရဲတင်းတင်း ပြောချင်လာအောင် တံခါးဖွင့်ပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာ ဆရာဦးအောင်ထူးရေးတဲ့ ဆောင်းပါးကို ထည့်သုံးရမယ်ဆိုလျင် ပြည်သူတွေက သေနတ်နောက်ကို လိုက်ခဲ့ရတဲ့နှစ်ပေါင်းက  အတော်ကြာငြောင်းခဲ့ပြီလေ။

ပြောသာပြောရတာ အဲဒါတွေအားလုံးကို တော်လှန်ရေးသမား အဟောင်း အသစ်တွေ အသိဆုံးပါ။
မသိဘူးဆိုလျင် အဲဒီလူဟာ ကိုယ့်ကိုယ်ကိုတော်လှန်ရေးသမားလို့ ခံယူထားပေမယ့် တော်လှန်ရေးသမားစစ်စစ်
မဟုတ်ဘူး လို့ပြောမယ်ဗျာ။
ဘာကြောင့်လဲ သိလား။
အမှန်အကန်တော်လှန်ရေးသမားဆိုတာ အခြေခံလူထု(စကားလုံး နည်းနည်းကြီးသွားမလားမသိဘူး)နဲ့ တသား
တည်းဖြစ်နေရတယ်ဗျ။

ကျုပ်တို့ ပြည်သူတွေအချို့က တော်လှန်ရေးတပ်သားတွေအပေါ် ဘယ်လိုမြင်နေသလဲ ဆိုတာ ကျုပ်ရေးပြမယ်။
ဒီစာကြောင်းတွေကို ကိုယ့်ဖင် ကိုယ်လှန်တယ်လို့ မမြင်ပဲ ဆန်ရင်းနာနာဖွတ်တယ် လို့မြင်လျင် အများကြီးအကျိုးရှိ
မှာပါ။

ဒီလိုဗျ ဒီလို။
ကျုပ်တို့ရွာက ဗမာတပ်ရော ကရင်တပ်ရော ရောက်တဲ့နေရာ။
ဗမာတပ်ကတော့ ဘာမျှခွင့်တောင်းတာမရှိဘူး ရွာထဲမှာရှိတဲ့ အစားအသောက် အ၀တ်အထည် အိုးခွက်ပန်းကန် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်ပစ္စည်း အိမ်မွေးတရိစ္ဆာန် စားပင်သီးနှံ အားလုံးအားလုံးဟာ သူတို့အမေ့လင် လုပ်ထားတဲ့အတိုင်း ဆဲဆို ကြိမ်းမောင်း စားသောက်ဖျက်ဆီးယူငင်ပြီး ရွာကိုမီးရှို့ပစ်ကြတော့တာပဲ။

ကရင်တပ်ကတော့ အဲဒီလိုမဟုတ်ဘူး။
ပြေပြေလည်လည်ပြောဆိုဆက်ဆံတယ်၊ ပြီးတော့ ရွာသူရွာသားတွေ စေတနာနဲ့ချကျွေးတာကိုပဲစားတယ်။
ဒါပေမယ့်။
ဒါပေမယ့်ပေါ့လေ။
အဲဒီတပ်သားတွေကြားမှာ စစ်ဦးထုပ်ကလေးဆောင်းပြီး ဘောလုံးမကန်ပဲ သံပုရာသီးစားတဲ့ လူတွေကိုတွေ့ရဖန် များလာတော့ ရွာသားတွေက ဘာပြောလဲသိလား ဒီလူတွေဟာ ရဲဘော်လား ရဲပျော်လား တဲ့။

ကျုပ်ဆိုလိုချင်တာကို သိကြမှာပါ။
မသိလျင်ထပ်ပြောမယ်။ တော်လှန်ရေးသမားစစ်စစ်တွေကြားထဲမှာ ရဲပျော်တွေ မပါစေနဲ့။
ကိုယ့်ကိုယ်ကို စဉ်းစားကြည့်၊ သုံးသပ်ကြည့်၊ ဝေဘန်ကြည့်၊ ဘောလုံးမကန်ပဲ သံပုရာသီးစားနေတာလား ဆိုတာ။
ခင်ဗျားဟာ ရဲပျော်တယောက်ဆိုလျင် ရဲဘော်တယောက်ဖြစ်အောင် ကြိုးစားပေတော့။

ရဲဘော်မဖြစ်ချင်ပဲနဲ့ ရဲဘော်ရဲ့ကြန်အင်လက္ခဏာတွေကို မစော်ကားမိစေနဲ့။ ရှင်းလား။
တော်လှန်ရေးအဖွဲ့အစည်းထဲက ထွက် မဟာချိုင်မှာ ပုဇွန်သွားခွါ၊ အဲဒါ ကရင်တမျိုးသားလုံးအတွက် အကောင်း
ဆုံး။

ကျုပ်ရေးတဲ့ စာလုံးတွေဟာ ဘယ်သူတဦးတယောက်ကိုမျှ နစ်နာစေလိုတဲ့စိတ်နဲ့ ရည်ရွယ်ပြီးရေးတာမဟုတ်ပါဘူး။
တိုက်ဆိုင်မှုတွေရှိလို့ တော်လှန်ရေးသမားစစ်စစ်တွေကြားမှာ ရဲပျော် လုပ်နေမိခဲ့လျင် ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် မပြီးဆုံးသေးတဲ့ ကရင့်အမျိုးသားတော်လှန်ရေးအတွက် အကျိုးရှိတာမျိုး တခုခုတော့ လုပ်ပေါ့ဗျာ။

KNU နဲ့ပတ်သက်လို့ ဗဒို မန်းငြိမ်းမောင်နဲ့ သတင်းဌာနအချို့ ဆက်သွယ်မေးမြန်းခန်းတွေ ဖြစ်ပါတယ်။
ကဲ အောက်က ရုပ်သံဖိုင်လေး ကလစ်ကြည့်လိုက်ပါလား။





အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)