• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, October 11, 2012

ငြိမ်းချမ်းရေးအစီစဉ်အတွက် နော်ဝေးက ဒေါ်လာဖြတ်


ငြိမ်းချမ်းရေးအစီစဉ်အတွက်

နော်ဝေးက ဒေါ်လာဖြတ်

ငြိမ်းချမ်းရေးလုပ်ဘို့ နော်ဝေးက ဗမာစစ်အစိုးရကို ဒေါ်လာ သန်းနဲ့ချီပြီး ထောက်ပံ့တာတဲ့ဗျို့။
ဒါကြောင့်ကိုး။
မဆီမဆိုင် မယ်တော်ဆေးခန်းအကြောင်း စဉ်းစားလိုက်မိတယ်။

ဆရာမကြီးက ဗမာစစ်အစိုးရပြောတဲ့အတိုင်း ပြည်တွင်းမှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမလုပ်တဲ့အတွက် အကူအညီတွေ အလျှော့ခံလိုက်ရတာများလားလို့။
ဟုတ်ချင်မှဟုတ်မှာနော်။
အလျှော့ခံရတာကတော့ ဟုတ်တယ်။

ရက်စက်ပါပေ့ ရထားဝန်ကြီး ဦးအောင်မင်းရယ်။ 
ဒါကြောင့်မို့လည်း
လက်နက်ကိုင်လာတဲ့လူတွေကို လက်နက်မကိုင်အောင်ပြောလို့မရဘူး။
သူတို့ကို ချမ်းသာအောင်လုပ်ပေးလိုက်လျင် ဘယ်သူမျှ လက်နက်ကိုင်မှာ မဟုတ်ဘူး။
ဆိုပြီး ဖဲ့ထုတ်စည်းရုံးဘို့ လုပ်နေတာလား။ လုပ်ဘို့ကြိုးစားနေတာလား။
ပိုင်လိုက်တာ၊ ပိုင်လိုက်တာ။

အခုတော့ ဘုရားမပြီးခင် ငြမ်းပျက်သွားတော့မှာကို စိုးရိမ်နေတယ် ဆိုပါတော့။
ဘုရားပြီးလျင်တော့ ငြမ်းတို့ရဲ့သဘောသဘာဝအတိုင်း ရှင်းပစ်ဘို့ အသင့်ဆိုတော့လည်း။
ဒါကြောင့် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း က  
ကျုပ်တို့ကတော့ မြစ်ဆုံရေကာတာ ကိစ္စကို မဖြစ်ဖြစ်အောင်လုပ်မှာပဲ လို့ပြောခဲ့သလို
KNU နဲ့ လုပ် ထားတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်မှာပဲ လို့ လူကြီးမင်းပြောသွားတာကိုး။
 RFA ကလွှင့်သွားတဲ့ သတင်းတိုလေးကို ဖတ်ကြည့်ကြပါဦးဗျာ။

KNU ကရင်အမျိုးသားစည်းရုံးရေး ထိန်းချုပ်ထားတဲ့ နယ်မြေဒေသအတွင်း ငြိမ်းချမ်းရေးအကောင်အထည်ဖေါ် မယ့်အစီအစဉ်သစ်တွေကို ရပ်ဆိုင်းထားတယ်လို့ နော်ဝေနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက RFAကိုပြောဆို ပါ တယ်။

KNU အဖွဲ့အတွင်းပြဿနာတွေဖြစ်နေတဲ့ အခြေအနေတွေကြောင့် နော်ဝေးအစိုးရထောက်ပံ့နေတဲ့ MPSI ခေါ် မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်မှုရဲ့ အစီစဉ်သစ်တွေကို ဆက်လက်အကောင်အထည်ဖေါ်ဘို့ မရှိတဲ့အကြောင်း နော်ဝေနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုပါတယ်။

နော်ဝေအစိုးရအနေနဲ့ KNU ခေါင်းဆောင်တွေအချင်းချင်း နောက်ထပ်ဗျူဟာအသစ်တွေရေးဆွဲဘို့အတွက် တိုင် ပင်ဆွေးနွေးဘို့ အချိန်ပေးရမယ်ဆိုတာ နားလည်ပါတယ်။
ဒါကြောင့် KNU ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အစီအစဉ်သစ်တွေကို အကောင်ထည်ဖေါ်မှာ မဟုတ်ဘူး
လို့ ပြောဆိုသွားပါတယ်။

ဒါပေမယ့် အခြားတိုင်းရင်းသားနယ်မြေတွေမှာ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ရဲ့ အစီအစဉ်သစ်တွေ
ကိုတော့ ဆက်လက်အကောင်အထည်ဖေါ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအကောင်အထည်ဖေါ်နိုင်ဘို့ နော်ဝေ အစိုး
ရ ကနေ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ကူညီထောက်ပံ့နေပါတယ်။


မှတ်ကရော။
KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ နောက်ဆုံးအခြေအနေလေးကတော့ ဒီလိုပါတဲ့ဗျား။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ကော်မီတီအစည်းအဝေးကို အောက်တိုဘာလ ၈ရက်နေ့က ကျင်းပခဲ့တဲ့ အခါမှာ ကော်မီတီတ၀က်ကျော်ကျော်ကနေ တက်ရောက်တာမရှိတဲ့အတွက် အစည်းအဝေးဟာ ပျက်ပျယ်သွား ခဲ့ရပါတယ်။

KNUခေါင်းဆောင်တွေကြားထဲမှာ သဘောထားကွဲလွဲတဲ့အပေါ် ဘက်နှစ်ဘက် သဘောမျိုးဖြစ် သွားတာကြောင့် အချင်းချင်းပြန်ပြီးညှိနှိုင်းခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ဗဟိုကော်မီတီအစည်းအဝေးကို မကြာခင်ကာလအတွင်းပြန်လည်ကျင်းပတော့မှာ ဖြစ်တယ်လို့ KNU ဗဟိုကော်မီတီဝင် မန်းငြိမ်မောင် ကပြောပါတယ်။
နောက်ဆုံးအခြေအနေ ကတော့………။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

 Source from http://www.rfa.org/burmese/audio October 10 2012 Evening