• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 15, 2012

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (၄)


ကရင်အမျိုးသားအစည်းအရုံးအတွင်း 

စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး

အပိုင်း (၄)

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၅) ရက်


ကေအင်ယူ ဟူသည်မှာ အဘယ်နည်း

အာက်တိုဘာလ (၁၂) ရက်နေ့နံက်တွင် ဘီဘီစီမှ မင်္ဂလာရှိသော သတင်းကြားလိုက်ရပါသည်။ ယင်းမှာ ကေအင်ယူ အတွင်း ပြန်လည်ညှိနိုင်းလို့ရပြီဖြစ်ပြီး ခေါင်းဆောင်များ ဗဟိုကော်မတီ အစည်းအဝေးကို အတူတက်ကြမည် ဟူ၍ဖြစ်သည်။
အောက်ခြေ aကအင်ယူ ပါတီဝင်များ၊ တပ်မှုး တပ်သားများနှင့် ကရင်လူထုများသာမက ပြည်တွင်းငြိမ်းချမ်းရေး ကို မြတ်နိုးကြိုးပမ်းလျှက် ရှိသော အဖွဲ့အစည်းများ၏ ခေါင်းဆောင်များပါ များစွာ စိတ်သက်သာရာ ရသွားကြ
ပါမည်။

စာရေးသူလည်း အလားတူပင်ဖြစ်သည်။
သို့ရာတွင် ဗဟိုကော်မတီ အစည်းအဝေးအပြင် လေးနှစ်တကြိမ်ကျင်းပမည့် ညီလာခံကြီးပြီးမှသာ သေချာပါမည်။ ကျင်းပတော့မည့် ဗဟိုကော်မတီအစည်းအဝေး နှင့် ကွန်ဂရက်သည် ကေအင်ယူ နှင့် ကရင်တမျိုးသား လုံး အတွက် အဖိုးမဖြတ် နိုင်သောအမွေအနှစ်အဖြစ် ချန်ထားနိုင်ရုံသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး အ
တွက်ပါ စံနမူနာကောင်း အဖြစ် သမိုင်းတွင်ရစ်စေခြင်ပါသည်။
အဘယ်ကြောင့် ဤမျှ သမိုင်းနှင့်ချီ၍ ဆိုရပါသနည်း။
ယင်းကို နားလည်နိုင်ရန်မှာ ကေအင်ယူ ဟူသည်မှာ ဘာလဲ ပြန်လည် သုံးသပ်ကြည့်ရပါမည်။

ခက်ခဲကြမ်းတမ်းသည့် လက်နက်ကိုင်တော်လှန်စစ်ကို အဆက်မပြတ်ဆင်နွှဲခဲ့ရသဖြင့် ကေအင်ယူတွင် လည်း
ကောင်း၊ကေအင်ယူ ခေါင်းဆောင်များတွင်လည်းကောင်း အားနည်းချက်များ အမြောက်အများရှိနိုင်ပါသည်။ သို့ရာတွင် အနှစ် သာရကို မြင်အောင်ကြည့်ဘို့လိုပါမည်။
ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားတွေ အတွက်သာမက တိုင်းရင်းသားပေါင်းစုံလူထုကြီး အတွက်ပါ ဖြစ်စေရ မယ် ဟူ၍ကြွေးကြော် ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဦးဆောင်မှုကို ခံယူခဲ့သည့် အဖွဲ့အစည်း၊ ကရင်အမျိုးသား
ထု တရပ်လုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းခွင့် ရရှိရေးမှသည် တိုင်းရင်းသားပေါင်းစုံလူထုကြီး တရပ်လုံး ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရေးနိုင်ရေးအထိ နှစ်ပေါင်း ၆၀ ကျော် မဆုတ်မနစ် တိုက်ပွဲဝင်လာခဲ့သည့် အဖွဲ့အစည်း၊ မာနယ်ပလော လွတ်မြောက်နယ်မြေကို စစ်အာဏာရှင်များက စစ်ရေးနည်းသက်သက်ဖြင့် တိုက်၍မရနိုင်လောက်
အောင် ဦးဆောင်ကာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့သည့် အဖွဲ့အစည်း၊ ရှည်ကြာလှသည့် ပြည်တွင်းစစ်အတွင်း ကရင်
ကျေးရွာများ၏ ပြာပုံများ၊ ကရင်လူထု၏ သွေးနှင့်မျက်ရည်များ၊ ကရင် ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ်များ ကို မရေမတွက်နိုင်လောက်အောင် စွန့်လွှတ်ခဲ့ရသော်လည်း လက်နက်ကိုင်တော်လှန်ရေးကို အလံမလှဲစတမ်းမြှင့်
တင် ထားနိုင်သည့် အဖွဲ့အစည်း၊ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှ ကျားကုတ်ကျားခဲ ဆက်လက်
တိုက်ပွဲဝင် သွားလိမ့်မည်ဟူ၍ မဟာမိတ်များက မြှော်လင့်ခံရသော အဖွဲ့အစည်း၊ ဤသည်မှာ ကေအင်ယူဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအဓိက အပစ်အခတ်ရပ်စဲရေးလား။

စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးများ အား ၁၉၈၉ ခုနှစ်မှစတင် ကာ အဓိကထား၍ လုပ်ဆောင်ခဲ့သည်။
သို့ရာတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများအား မည်သည့်အခါတွင်မျှ အဓိကထား မ
လုပ်ခဲ့။
ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်အတွင်း အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများ နယ်ခြားစောင့်တပ်ဖွဲ့စည်း အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးဖေါ်ဆောင်ရန်ကြိုးပမ်းခဲ့သည်။
၍ ၀သပ၊ ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ အစရှိသည့်အဖွဲ့အစည်း ကြီးများက ဆန့်ကျင်ရပ်တည်ကြသောအခါ ၄င်း
၏ အစီအစဉ် ရပ်ဆိုင်းသွား ခဲ့ရသည်။
ကချင်အမျိုးသား အစည်းအရုံး (ကေအိုင်အို) နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် ကေအိုင်အို၏ နိုင်ငံရေး
ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားလာသည်။

၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း နိုင်ငံရေးအရဆွေးနွေးမှု ဘာတခုမျှ မဖြစ်ခဲ့ကြောင်းကေအိုင်အိုက ထောက်ပြ
လာခဲ့သည်။
ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံးဖေါ်ဆောင်ရန်မှာပဓါနကျကြောင်း၊ ပင်လုံ စာချုပ်အပေါ်အခြေခံလျှက် ဆွေးနွေး အဖြေရှာပြီးနောက် ရရှိလာသည့် ဘုံသဘောတူညီချက်ဖြင့် အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲသွားမှသာ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မည် ဖြစ်ကြောင်း ကေအိုင်အိုက တောင်းဆိုလာခဲ့သည်။

ဆိုလိုသည်မှာ စစ်အစိုးရက တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကျေငြာ၊ တပြိုင်နက်တည်းတွင် ငြိမ်းချမ်းရေးအ
တွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ချက်ခြင်း လုပ်ဆောင်သွားရန်ဖြစ်သည်။
 ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဓိကဖေါ်ဆောင်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ရေး ကေအိုင်အို၏ အဆိုပြုချက်မှာ စစ်အစိုးရအတွက် အနာပေါ် တုတ်ကျ ဖြစ်သွားခဲ့သည်။
သို့ဖြစ်၍ ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်း အက်စ်အက်စ် ပီပီ အစရှိသည့် အဖွဲ့အစည်းကြီး များအား အချို
သတ်ထားပြီး ကေအိုင်အိုကို ဖိကာ ထိုးစစ်ဆင်ပါတော့သည်။
အကယ်၍ကေအိုင်အိုကို ပြန်လည်တိုက်ပွဲဆင်သည့် တနှစ်ခွဲမျှကာလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့
လျှင်ပင် အတော်ပင် ခရီးပေါက်နေပါမည်။
သို့ရာတွင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်သည် ယခင် န၀တ နအဖ စစ်အစိုးရ အဆက်ဆက်ကဲ့သို့ပင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များကိုသာ အဓိကထားလုပ်နေဆဲ ဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုကြီး ပါဝင်
ခဲ့သည့် တပ်ပေါင်းစုက ၁၉၉၀ ခုနှစ်ကထဲက စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ယခုလည်း ထုတ်ပြန်ကြေငြာချက်ပေါင်း များစွာဖြင့် တောင်းဆိုဆဲဖြစ်သည်။
အာဏာရနေသော စစ်အစိုးရ အဆက် ဆက်သည် စစ်မှန်သော စေတနာ ရှိပါက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး
ဆွေးနွေးပွဲများအား အခုလုပ် အခုရသည်။ နောက်ထပ် အချိန်ဆွဲရန်အကြောင်း ဘာမျှမရှိ။

ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု ကမ္ဘာသိ အော်ဟစ်နေသော ဦးသိန်းစိန်အစိုးရ၏ သက်တမ်း တနှစ်ခွဲကျော်အ
တွင်း ပြည်တွင်းစစ် ဘာကြောင့်ဖြစ်ရသည်ကို ဘက်ပေါင်းစုံမှ ဖေါ်ထုတ်ဆွေးနွေးမှု လူထုများအတွင်း ပေါ်လာ
အောင် စတင်လုပ်ဆောင်နေသည်ကို မတွေ့ရ။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများ နှင့်သာ အချိန်ဆွဲထားလျှက်ရှိသည်မှာ အထင်အရှားပင်။
အဘယ်ကြောင့်ဆိုသော် အပစ်အခတ်ရပ်စဲရေးရှည်ကြာလေလေ စစ်အာဏာရှင်စနစ် ခိုင်မြဲလေလေ ဖြစ်သော
ကြောင့်ပင်။
သာဓက တခုပြပါမည်။

ရှစ်လေးလုံးအပြီး ရှမ်းပြည်တောင်ပိုင်း တောင်တန်းများပေါ်၌ ကျောင်းသားတပ်တခုကို ဦးဆောင်ကာ လှုပ်ရှား
လျှက်ရှိစဉ်အတွင်း စာရေးသူသည် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လျှက်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်
မြောက်ရေး တပ်ဦးမှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှုးချုပ်ထွန်းကျော်နှင့် တွေ့ဆုံခင်မင်ခွင့်ရခဲ့သည်။

တောင်ကြောကြီးတခုအပေါ် နေရာယူလျှက် ရက်တချို့ကြာမျှ တော်လှန်ရေးတပ်များ အတူတကွပူးတွဲ စခန်းချ နားနေလျှက်ရှိစဉ် စကားပြောဆို အမြင်ဖလှယ်ခွင့်များ ရခဲ့သည်။
ဗိုလ်မှုးချုပ်ထွန်းကျော်သည် စစ်ရေးအရ ထက်မြက်သူဖြစ်ပြီး ထိုစဉ်က စစ်ပွဲတပွဲတိုက်ရုံမျှနှင့် ရန်သူ့ထံမှ လက်နက် ၁၈ လက်ရအောင် တိုက်ပြနေခဲ့သူဖြစ်သည်။
တော်လှန်ရေးသမားကောင်းတဦးဘဲ ဟု မိမိစိတ်တွင် သတ်မှတ်ခဲ့ဘူးသည်။
သို့ရာတွင် နှစ်တချို့ကြာပြီးနောက် အပစ်အခတ်ရပ်စဲရေးများ ခေတ်စားလာသောအခါ ကလလတ သည်လည်း အပစ်ရပ်အဖွဲ့အစည်းစာရင်းဝင် ဖြစ်သွားခဲ့သည်။
ဤတွင် န၀တ စစ်အစိုးရက ကလလတ စစ်ခေါင်းဆောင်များအား စီးပွား ရေးလုပ်ငန်းများဖြင့် မြှုဆွယ်ပြီး စစ်ဘက်
နှင့် နိုင်ငံရေး ခွဲပါတော့သည်။

ယခုဆိုလျှင် ဗိုလ်မှုးချုပ်ထွန်းကျော်မှာ မြို့ပေါ်၌ အကြီးအကျယ်ကြီးပွားချမ်းသာ နေပြီဖြစ်ကြောင်း ကြားရသည်။ ၄င်းတဦးအနေဖြင့် ဘ၀လွတ်မြောက်ရေး နှင့်ငြိမ်းချမ်းမှု ရသွားခဲ့ပါပြီ။
စစ်အာဏာရှင်စနစ်ကို မထိပါးသမျှကာလပတ်လုံး ၄င်းအား လက်ရှိစစ်အစိုးရက ရန်ရှာမည် မဟုတ်တော့ပါ။ ဗိုလ်မှုးချုပ်ထွန်းကျော်မြှော်မှန်းတိုက်ပွဲဝင်ခဲ့သည့်ကရင်နီ လူထုကြီးလွတ်မြောက်ရေး၊ ကရင်နီ လူထုအနေဖြင့် ရသင့်ရ ထိုက်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အခြေခံသည့်ငြိမ်းချမ်းမှုရရေး မှာမူ ဝေလာဝေးနေဆဲဖြစ်သည်။ လုံခြုံမှုမှာ ကျီးလန့်စာစားနေရဆဲဖြစ်သည်။

စီးပွားရေးအခွင့်အလန်းအရဆိုလျှင် အနိမ့်ဆုံးကလေးပင် မရသေးပါ။ ကရင်နီပြည်နယ် လောပီတမှ ရေအားလျှပ်စစ် အကြီးအကျယ်ထွက်ပြီး မြန်မာနိုင်ငံအတွင်းရှိမြို့ပြဒေသများ
(အထူးသဖြင့် စစ်အာဏာရှင်စနစ် ယန္တယားပိုမိုလည်ပတ်စေမည့် နေရာများတွင်) အဓိကထားသုံးနေသည့်အချိန်၌ ယင်းသယံဇာတပစ္စည်း၏ပိုင်ရှင် ကရင်နီလူထုကြီးနေထိုင်သည့် ကျေးရွာများမှာ ယနေ့အထိ လျှပ်စစ်မီးမရကြသေး
ပါ။

ဤသည်မှာ စစ်အစိုးရအဆက်ဆက် ယနေ့တိုင် နှစ်ပေါင်း ၂၀ကျော် ဖေါ်ဆောင်ဆဲဖြစ်သည့် အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အကျိုးဆက်ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရန် တိုင်းရင်းသားတပ်ပေါင်းစုများ၏ ကြိုးပမ်း
မှုများ စစ်အစိုးရက ကချင်အမျိုးသား အစည်းအရုံး ကေအိုင်အိုကိုဖိတိုက်နေစဉ် (နောက်ပိုင်းတွင် အက်စ်အက်စ်ပီပီ ရှမ်း အဖွဲ့နှင့် ပါတိုက်ပွဲများဖြစ်လာ) ကျန်သည့် တိုင်းရင်းသား အဖွဲ့အစည်းကြီးများက ကေအိုင်အို ကို နိုင်ငံရေးအရ ၀န်းရံရေးမှာ မလုပ်မဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်လာသည်။ တပြည်လုံးအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည်ကို ဦးသိန်းစိန်အစိုးရက မျက်ကွယ်ပြုလျှက်ရှိခြင်း ကေအိုင်အို အပေါ် ဆက်လက်ထိုးစစ်ဆင်နေခြင်း များအားထောက်ပြလျှက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်
ကောင်စီသည် ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် ၄င်းတို့၏နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ကျေငြာခဲ့
သည်။

ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်အတွင်း၌အများစုဆန္ဒ
မဲဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားရန်ဟူသည်ကို လက်မခံနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပေါ်အခြေခံလျှက် ဆွေးနွေးညှိနိုင်းအဖြေရှာမှု မဟုတ်၍ဖြစ်ကြောင်း ဟူ၍ဖြစ်သည်။

ထို့အပြင် ကေအင်ယူက အဖွဲ့ဝင် တဖွဲ့ အဖြစ်ပါဝင်လျှက်ပင်ရှိသော တိုင်း ရင်းသားလူမျိုးများကောင်စီက ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၂၂)ရက်နေ့တွင် အောက်ပါအတိုင်းကြေငြာချက်ထုတ်ကာ စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု
များ အားလုံးကို ဆိုင်းငံ့ရန် တိုက်တွန်းလိုက်သည်။

"သမ္မတ ဦးသိန်းစိန် အနေဖြင့် ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း
မြန်မာစစ်တပ်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသည်။ 
ဤကဲ့သို့ ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီ
ထားသော တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြည်ထောင်စုအစိုးရနှင့် ထိတွေ့ဆက်ဆံ
မှုများ အားလုံးကို ဆိုင်းငံ့ရန် တိုင်းရင်းသားလူမျိုးများကောင်စီက တိုက်တွန်းသည်။" 

ကေအင်ယူပါဝင်လျှက်ရှိသော တိုင်းရင်းသားတပ်ပေါင်းစုကြီးများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး
ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သည့်နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာအောင် စုပေါင်းဖိအားပေးနေ
သည့်အချိန်မှာပင် ကေအင်ယူ ၏ တပ်မဟာ ဆက်ဆံရေးရုံးဟူသည်များတခုပြီး တခုပေါ်လာနေလျှက်ရှိသည်။

ယင်းကို ကြည့်ခြင်းဖြင့် ကေအင်ယူအတွင်း၌ တခုခုတော့ အမှားအယွင်းဖြစ်နေပြီ ဟူသည်ကို မြင်နိုင်သည်။
ကေအင်ယူ နှစ်ဖွဲ့ကွဲသွားစေရန် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရက သတ်ရှိုဖြိုခွဲသလား။ ဤသည်ကို ပြောရခက်ခဲ့ပါသည်။
ပြီးခဲ့သော စစ်အစိုးရများအဆက်ဆက် နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့သည့်ဖြစ်စဉ်များ အတွင်း သတ်ရှိုဖြိုခွဲမှုများတွေ့ခဲ့သဖြင့် ယခုကေအင်ယူကိစ္စတွင်လည်း အလားတူ ခန့်မှန်းနိုင်သည်။
သို့ရာတွင် အတိအကျမပြောနိုင်ခဲ့ပါ။ ယခု သံသယဖြစ်ဘွယ် အချက်တရပ်ပေါ်လာပါပြီ။
အောက်တိုဘာလ (၁၁)ရက်နေ့ နံက် လွတ်လပ်သောအာရှအသံနှင့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း က ကေအင်ယူကို ရည်ညွှန်းကာ အောက်ပါအတိုင်းပြောသွားခဲ့သည်။

(ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/open?id=0BzC8VZhwp11ASUthY0JzOVFVZW8 ) "နိုင်ငံရေး အဖွဲ့နဲ့စစ်ရေး အဖွဲ့နှစ်ခုရှိတာပေါ့ဗျာ။ စစ်ရေး အဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်။
နိုင်ငံရေး အဖွဲ့ကတော့ ငြိမ်းချမ်းရေးကို တဆင့်ပြီး တဆင့်သွား ခြင်တယ်။"
ဘယ်လိုပါလိမ့် ၀န်ကြီးမင်း။
ဒါဟာ ကေအင်ယူကို နှစ်ခြမ်းခွဲလိုက်တာ မဟုတ်ဘူးလား ဟု မေးစရာပင် မလိုတော့ပါ။
ကေအင်ယူ ကွဲမှာ စိုးရိမ်၍ ကေအင်ယူ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေးရပ်တည် ချက်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူ၊ ကိုယ်ကျိုးစွန့်သည့်လုပ်ဟန်တို့ကို လေးစားတန်ဘိုးထားသော လူထုများ နှင့် မဟာမိတ်အဖွဲ့ အစည်းများက ၀ိုင်းဝန်းအကြံပေးကြ၊ အားပေးကြ၊ ၀န်းရံကြ လုပ်နေကြခြင်းဖြစ်သည်။

ဦးအောင်မင်းထိုသို့ ပြောနေ သည့် နေ့ရက်အထိ ကေအင်ယူသည် နှစ်ဖွဲ့မကွဲခဲ့ပါ။ နိုင်ငံရေး အဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခု ဆိုသည်မှာ လုံးဝမမှန်ပါ။ ကေအင်ယူသည် တခုတည်းသာရှိသည်။
ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် သည် တခုတည်းသော ဗဟို ကော်မတီ၏ ဦးဆောင်မှု အောက်မှာ
ပင် ယနေ့အထိ ရှိနေဆဲဖြစ်သည်။
 ယင်းကို မျက်ကွယ်ပြုလျှက် နိုင်ငံရေး အဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခုရှိသည် ဟု ၀န်ကြီး ဦးအောင်မင်းက ပြောလိုက်
ခြင်းမှာ ကွဲနေပြီဟု ၄င်းကိုယ်တိုင်က အများသိအောင် ကြေငြာလိုက်ခြင်း မဟုတ်ဘူးလား။
ဦးအောင်မင်းသည် မီး ကလေး တစ အား တောမီးကြီး ဖြစ်အောင် မလုပ်သင့်ပါ။

စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ် ဟူ၍ သုံးလိုက် ခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ကိစ္စ၌ စစ်ရေးအဖွဲ့
က ရှေ့မှာရောက်နေပြီး အတက်ကြွဆုံးလုပ်နေသည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။ အများထင်ယောင်မှားအောင် ကြေငြာလိုက်ခြင်းဖြစ်သည်။
အချက်အလက်အရ လုံးဝ ပင်လွဲမှား နေသည်။
ကေအင်ယူ ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးကို အတက်ကြွဆုံးတောင်းဆိုလာခဲ့သည်မှာ နှစ်ပေါင်းကြာလှပါပြီ။ မှတ်မိသမျှ နှစ်ခုထောက်ပြပါမည်။

တခုက ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးမြက ၁၉၉၀ ခုနှစ်တွင်ကေအင်ယူပါဝင်ဖွဲ့စည်းထား သည့် မြန်မာပြည်ဒီမိုက
ရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့စဉ်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စစ်အစိုးရကို ကမ်းလှမ်းခဲ့ဘူး
သည်။
ထို့နောက်ကွယ်လွန်သူ ဖဒိုစောဘသင် ဥက္ကဌအဖြစ် ဆောင် ရွက်ခဲ့စဉ်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကျင်း
ပရန် စာနှင့်ရေးကာ ကမ်းလှမ်းခဲ့ဘူးသည်။
ယင်းတို့မှာ ကေအင်ယူ၏ နိုင်ငံရေးက ဦးဆောင်နေတာ မဟုတ်ဘူးလား။

ယခုလည်း စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မူတူးဆေးဖေါ နှင့် အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသို့ ကေအင်ယူ တ ခုလုံး၏နိုင်ငံရေးကိုဦးဆောင်နေသည့်လက်ရှိအမှုဆောင်ကော်မတီ က စေလွှတ်ခြင်း မဟုတ်ဘူးလား။

ယင်းသို့ဖြစ်ပါလျှက် "စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်" ဟူ၍ ကရင်လူထု နှင့် အောက်ခြေတပ်
ထုများ ထင်ယောင် ထင်မှား ဖြစ်အောင် ဦးအောင်မင်း ဘာကြောင့်ပြောနေပါသနည်း။
ပို၍ဆိုးသည်မှာ အောက်ပါ စကားလုံးကို သုံးသွားခြင်းဖြစ်သည်။

"သူတို့နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးခြင်တယ် ဆိုရင်လဲ ရန်ကုန်မှာလား ဘန်ကောက်မှာလား သူတို့ဆွေးနွေးခြင်တဲ့နေရာ
မှာ ဖြစ်အောင် စီစဉ်ပေးပါမယ်။"
ယင်းအပြောအရ ရှင်းနေသောအချက်မှာ ကေအင်ယူ နှစ်ဖွဲ့ ရှိသည့်အနက် နှစ်ဖွဲ့လုံးကို ဆက်ဆံသွားမည် ဟူ၍ ကြိုတင် မီးစိမ်းပြ လိုက်ခြင်းဖြစ်သည်။

ကေအင်ယူကို စည်းလုံးညီညွတ်စေခြင်ရင် နှစ်ဖွဲ့တွေ သုံးဖွဲ့တွေ ပြောနေစရာ အကြောင်းမရှိပါ။
ကေအင်ယူ၏ လေးနှစ်တကြိမ်ညီလာခံမှ တရားဝင် ရွေးချယ်တင်မြှောက်ထားသော ကြီးငါးကြီး ခေါင်းဆောင်သည့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီ နှင့်ဖြစ်စေ၊ ၄င်းတို့က တာဝန်ပေးစေလွှတ်လိုက်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်
ဖြစ်စေဆက်ဆံသွားရန်သာ ရှိသည်။

ဦးအောင်မင်းသည် ကေအင်ယူကို စည်းလုံးညီညွတ်စေခြင်ရုံသာမက ပြည်ထောင်စု တခုလုံးအတွက် ထာဝရ ငြိမ်း
ချမ်းရေးကို မရောက် ရောက်အောင် သွားခြင်သည်ဟု ဆိုလျှင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းကျေ
ညာကာ နိုင်ငံရေးအင်အားစု အားလုံးကိုပါ ဖိတ်ခေါ်လျှက် နိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံးဖေါ်ဆောင်ရန်သာ ရှိ
သည်။

သို့မဟုတ်ပါက ဦးအောင်မင်းသည် အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်
သာ ပံ့ပိုးပေးနေသည်ဟု သုံးသပ်ရပါမည်။

အပိုင်း(၅) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၅) ရက်