၂၄ မိုင် အမြင့်မှ စတန့်ခုန်သူ အောင်မြင်မှုရ
Monday 15th October 2012
အမြင့်ခုန်သူ လူစွန့်စား တစ်ဦးဖြစ်သည့် Felix Baumgartner မှာ တနင်္ဂနွေ နေ့က ကမ္ဘာ့မြေပြင် အထက် ၂၄ မိုင် အကွာမှ ခုန်ချမှုမှာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။
မှာ ဟီလီယံ ဓါတ်ငွေ့ ထည့်ထားသည့် လေဘောလုံးဖြင့် လိုက်ပါသွားခဲ့ခြင်း ဖြစ်ပြီး ညနေပိုင်း အချိန်တွင် အမြင့်ပေ ၁၂၀၀၀၀ သို့ အရောက်၌ ကမ္ဘာ့သို့ ပြန်လည် ခုန်ချပြခဲ့ခြင်း ဖြစ်သည်။
ယခုလို ခုန်ချပြခဲ့ခြင်းဖြင့် လူတစ်ဦး အနေဖြင့် အမြင့်ဆုံး အကွာအဝေး တစ်ခုမှခုန်ချပြမှု စံချိန်သစ်ကို တင်လိုက်နိုင်
ခဲ့ခြင်း ဖြစ်သည်။
Photo: AP Felix Baumgartner, right, of Austria, shares a laugh with Col. Joe Kittinger, USAF retired, after successfully jumping from a space capsule lifted by a helium balloon at a height of just over 128,000 feet above
ထိုသို့ ခုန်ချစဉ် အတွင်း ၎င်းအနေဖြင့် တစ်နာရီလျင် မိုင် ၇၀၀ နှုန်း အထိ လျင်မြန်စွာ ကောင်းကင်ခုန်ချမှုပြုသူများ
ထဲတွင် ပထမဆုံး အကြိမ်အဖြစ် အသံထက် မြန်သည့် နှုန်းဖြင့် ခုန်ချနိုင်သူ တစ်ဦး ဖြစ်လာဖွယ် ရှိကြောင်းလည်း သိရသည်။
Felix Baumgartner မှာ လွန်ခဲ့သည့် ၁၉၆၀ ပြည်နှစ်က Joe Kittinger ဆိုသူ ခုန်ချပြခဲ့သည့် မိုင် ၁၀၂၈၀၀ စံချိန်ကို ချိုးလိုက်ပြီ ဖြစ်ကာ ၎င်းမတိုင်မီ ယခုလို ခုန်ချပြရန် ကြိုးစားမှုများမှာ သေဆုံးမှုဖြင့် အဆုံးသတ်ခဲ့ရသည့် သာဓကများလည်း ရှိကြောင်း The Wasington Post သတင်းတွင် ဖော်ပြခဲ့သည
The Washington Post
Copy from http://www.mrtv4.net.mm/news/international/others/detail/item:11044