ရင်ဘတ်ထဲက မြင်ကွင်း
by စံပယ်ချို
Saturday, October 6, 2012
မျှော်လင့်ခြင်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြတယ်
အလွမ်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြတယ် ။
ကလေးတစ်ယောက်ရဲ့ မျော်လင့်ချက်
ကျောင်းသားတစ်ယောက်ရဲ့ မျော်လင့်ချက်
မိသားတစုရဲ့ မျော်လင့်ချက်
မြို့တစ်မြို့ရဲ့ မျော်လင့်ချက်
တိုင်းပြည် တပြည်ရဲ့ မျော်လင့်ချက်တွေကို
ဘယ်သူတွေ က ရိတ်သိမ်းနေပါသလဲ ။
ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှုတွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု ကိုတော့ ငြင်းဆန်ကြတယ် ။
ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွှေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကျပ်ကျပ် အသက်ရှုနေကြတယ် ။
ရိုးရိုးလေးပဲတွေးကြတယ်
အကြွေးတွေနဲ့ နိုင်ငံခြားကိုထွက်ဖို့လေ
အိမ်ကုန် မြေကုန် နောက်ဆုံး လူလဲကုန်ကြပြီ ။
ကုန်ဈေးနှုန်းလိုပဲ စကားလုံးတွေကြီးကြတယ်
တချို့ နိုင်ငံရေးအကြောင်းနဲ့
တချို့ လူမျိုးရေးအကြောင်းတဲ့
တချို့ ဘာသာရေးတဲ့လေ
သေချာနားထောင်ပါဦး
အိမ်မှာ အမေ နားကပ်ပေါင်ထားပြီး
ဆန်ဝယ်ဖို့ လုပ်နေတယ်
အဲဒီတချို့လူတွေ အမေ နားကပ်ပေါင်တာမသိဘူး
သူတို့သိနေတာ လေကိုဖမ်း ဒန်းစီးကြမယ် ။
ဖြစ်တည်မှု လက်ရှိဘဝ
မကြာခဏပြောင်းလဲနေတယ်
အစကတဲက သေချာမှု မရှိတာကို
အင်အားသုံး ဆွဲခါနေသေးပါရဲ့
ပြောချင်တာ
စားလဲသတိ
သွားလဲသတိ
အိပ်လဲသတိ
အရာရာ သတိရှိနေတာ အကောင်းဆုံးပါပဲ ။
(ပတ်ဝန်းကျင်မှ မြင်ကွင်းတစ်ချို့ ပုံဖော်ထားခြင်းသက်သက်မျှသာ)
Copy from http://www.sabaecho.com/2012/10/blog-post_6.html