KNU မှ ထုတ်ပယ်ခံရသူတို့
မူလရာထူး ပြန်ရဖွယ်ရှိ
ပည်တော်မြင့် ~
စစ်ဦးစီးချုပ်အပါအ၀င် အဖွဲ့၏ ထိပ်တန်းရာထူးများမှ ထုတ်ပယ်ခံရသူတို့ မူလတာဝန်များ မကြာခင် ပြန်ရဖွယ်ရှိ
သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၀ါရင့် ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။ အထင်က
ရခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြလက်ထက်တွင် အလားတူ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ဖူးသည်ဟု ဆိုသည်။
၂၀၀၃ ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး နှုတ်ကတိသဘောတူညီချက်ကိုဆန့်ကျင်မှုဖြင့် ထိုစဉ်က စစ်ဦးချုပ်
တာဝန် ယူထားသူ ဗိုလ်ချုပ်ကြီးတာမလာဘော (လက်ရှိ KNU ဥက္ကဌ)ရာထူး ဖြုတ်ချခံရခြင်းကို သူက ရည်ရွယ်ခြင်း
ဖြစ်သည်။
“အဲဒီနှစ်ကုန်ပိုင်းမှာကျင်းပတဲ့ KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ကာကွယ်ရေးဌာန တာဝန်ခံဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြက မတ်တပ်ရပ်ပြီး ကရင်တော်လှန်ရေးအကျိုး၊ KNUအကျိုး၊ ကရင်တမျိုးသားလုံး အကျိုးအ
တွက် ဗိုလ်ချုပ်ကြီး တာမလာဘောကို ထုတ်ပယ်သောအမိန့် ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာခဲ့တဲ့ ဖြစ်ရပ်တွေရှိ
ခဲ့တယ်” ဟု ရှင်းပြသည်။
၉ နှစ်အကြာတွင် KNU အတွင်း စစ်ဦးစီးချုပ်ကို ရာထူးမှ ထုတ်ပယ်မှု ထပ်မံဖြစ်ပွားခဲ့သည်။
ရာထူးမှ ထုတ်ပယ်ခံရ ၃ ဦး
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ်
ပဒိုဒေးဗစ်ထော၊ ဗဟိုတရားရေးဌာန တာဝန်ခံ
ပဒိုရောဂျာခင်၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ
ဖြစ်ပွားပုံမှာ ဗဟို၏ခွင့်ပြုချက်မပါဘဲ ဘားအံမြို့တွင် ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ရာတွင် ဦးဆောင်သည့် ထိပ်တန်းခေါင်းဆောင်များကို KNUဗဟိုက ယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်များမှ ရပ်စဲလိုက်သည့်အပြင် အဖွဲ့
ဝင်အဖြစ်မှလည်း ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
ထုတ်ပယ်ခံများက အဖွဲ့အစည်းအတွင်းစည်းလုံးညွတ်မှု ပြန်လည်ရရှိနိုင်ရေး၊ သင်ပုန်းချေရေး ရည်ရွယ်ချက်ဖြင့် သတင်းစာရှင်းလင်းပွဲကို လာမည့်စနေနေ့တွင် မြ၀တီမြို့ရှိ KNU ဆက်ဆံရေးရုံးတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ထိုအစီအစဉ်ပျက်သွားပြီဖြစ်ကြောင်း၊ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ တပ်စခန်းတခုတွင် KNU ဗဟိုခေါင်းဆောင်တချို့နှင့် ထုတ်ပယ်ခံများဘက်မှ ကိုယ်စားလှယ်နှစ်ဦး ယနေ့ ပဏာမ တွေ့ဆုံကြပြီးနောက် ဆက်
လက်ဆွေးနွေးကြရန် သဘောတူညီလိုက်ကြပြီဖြစ်ကြောင်း တပ်မှူးတဦးက ပြောသည်။
ယနေ့ဆွေးနွေးပွဲကို ဗဟိုဘက်မှ အသစ်တင်မြှောက်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဘောကျော်ဟဲ ဦးဆောင်တက်ရောက်သည်။
ထုတ်ပယ်ခံသူများဘက်မှ KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ ပဒိုထူးထူးလေးတို့ တက်ရောက်ကြ
သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပေါ်ပေါက်လာသည့် ထုတ်ပယ်မှုကြောင့်အဖွဲ့အတွင်း ထောက်ခံသူများနှင့်မထောက်ခံသူ
များအကြား တင်းမာမှုများ ရှိသည့်အတွက် ယခုလ ၈ရက်နေ့မှစတင်ကျင်းပမည့် KNUဗဟိုကော်မတိအစည်းအဝေး
နှင့် ၁၅ ကြိမ်မြောက်ညီလာခံကို ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်နားထားရသည်။
နောက်ဆုံးရရှိသည့်သတင်းများအရ တွေ့ဆုံညှိနှိုင်းပွဲ၊ ဗဟိုကော်မတီအစည်းအဝေး၊ ၁၅ ကြိမ်မြောက် KNU ညီလာ
ခံတို့ကို လာမည့်ရက်ပိုင်းအတွင်း ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရသည်။
ထုတ်ပယ်ခံထားရသူများလည်း ဆွေးနွေးပွဲတက်ရောက်ကြမည်ဟု KNU အဆင့်မြင့်ခေါင်းဆောင်တဦးက ပြော
သည်။
ဆွေးနွေးပွဲများ ဆက်တိုက်လုပ်မည့်နေရာမှ တပ်မဟာ ၇ နယ်မြေရှိ လေးဝါး တပ်စခန်း ဖြစ်ကြောင်း သိရသည်။
Copy from http://blog.irrawaddy.org/2012/10/knu_3173.htm