• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, October 14, 2012

KNU ခေါင်းဆောင် ပဒို စောဒေးဗစ်ထော ကွယ်လွန်


KNU ခေါင်းဆောင် 

ပဒို စောဒေးဗစ်ထော ကွယ်လွန် 

October 15, 2012 Monday

ကရင့်အမျိုးသားအစည်းအရုံး KNU တရားရေးဌာနတာဝန်ခံ ဗဒို စောဒေးဗစ်ထောဟာ နှလုံး အဆုပ် ဆီးချို ရောဂါ
တွေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ မင်္ဂလာဒုံစစ်ဆေးရုံမှာ ကွယ်လွန်သွားပါတယ်၊ အောက်တိုဘာလ ၁၄ရက် ည ၁၀နာရီ ၃၇မိနစ်မှာ ဗဒို စောဒေးဗစ်ထော ကွယ်လွန်သွားခဲ့တာကို သူ့ကိုအနီးကပ်ကြည့်ရှုပေးနေတဲ့ ဒေါက်တာ စိုင်မွန်သာ က ပြောဆိုပါတယ်။

KNU အနေနဲ့မြန်မာအစိုးရနဲ့ ဧပြီလကတည်းက အပစ်အခတ်ရပ်စဲပြီးတော့ဆက်ဆံရေးရုံးတွေဖွင့်ဘို့ သဘောတူ ခဲ့ပြီးတဲ့နောက် ဗဒို ဒေးဗစ်ထောဟာ ဘားအံမြို့မှာဆက်ဆံရေးရုံးဖွင့်လှစ်ပြီး စက်တင်္ဘာ ၃၀ရက်နေ့ကတော့ ရန် ကုန်ကိုရောက်လာစဉ်မှာ ကျန်းမာရေးမကောင်းတဲ့အတွက် SSCဆေးရုံကို တက်ရောက်ကုသ ခံခဲ့ရတာ ဖြစ်ပါ တယ်။ အောက်တိုဘာလထဲမှာတော့ တပ်မတော်ကုတင် ၁၀၀၀ဆေးရုံကို ရွှေ့ပြောင်းပြီးတော့ ဆေးကုသမှုခံခဲ့ ရတာ ဖြစ်ပါတယ်။

မကြာခင်ကဖွင့်လိုက်တဲ့ ဘားအံမြို့ဆက်ဆံရေးရုံးကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ကရင်အမျိုးသားအ စည်းအရုံးရဲ့ တရားရေးဌာနတာဝန်ခံ ဗဒို စောဒေးဗစ်ထော၊ တပ်မဟာ၇ တပ်မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ် မဟာ၆ ခရိုင်ဥက္ကဌ ဗဒို စောရွှေမောင်းနဲ့ တပ်မဟာ၎ ကတပ်မှူးတွေ သွားရောက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ KNU ဗဟိုရဲ့သဘောထားမပါဘူးလို့ ကျေငြာချက်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဗဒို ဒေးဗစ်ထောနဲ့ ဗဟို ကော်မီ တီဝင် သုံးဦးကို ရထူးကနေထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာ ကရင်အမျိုးသားအချင်းချင်း ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါတယ်။

ဗဒို စောဒေးဗစ်ထောကို ၁၉၄၈ခုနှစ်မှာ မွေးဖွါးခဲ့တာဖြစ်ပါတယ်၊ သူ့ရဲ့ကြွင်းကျန်တဲ့ရုပ်ကလပ်ကို အောက်တို ဘာလ ၁၅ရက်နေ့ မနက် ၁နာရီကျော်မှာ ရန်ကုန်ကနေ ခွဲကဘောင်ဆေးခန်း လူနာတင်ကားနဲ့ သယ်ဆောင်ပြီး
တော့ မနက်ပိုင်းမှာ ကရင်ပြည်နယ်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။
သူ့ရဲ့ဈာပန အခန်းအနားကို ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မဟာ၇ က ကရင်ခေါင်းဆောင်တွေ မြှုပ်နှံ တဲ့နေရာမှာပဲ ကျင်းပမှာဖြစ်တယ်လို့VOA ကိုပြောပြပါတယ်။

Source from
http://burmese.voanews.com/content/knu-david-htaw-10-14-12/1526507.html