• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 24, 2012

နှစ်သစ်ဆုတောင်း

Source Photo from http://www.google.com/images 

နှစ်သစ်ဆုတောင်း

By မင်းစိုးစံ

December 24, 2012
Monday

မတရားတာကို တော်လှန်ရဲတယ် သတ္တိဗျတ္တိ ရှိတယ် အတူတကွ ပူးတွဲနေထိုင်ကြတယ် ဆိုစေဦး အတွေး
အခေါ်နဲ့ အတတ်ပညာ မရှိလျင် ကျုပ်တို့ကရင်တွေလိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဘို့ ရ,ဘို့
ဆိုတာ ဝေးနေဦးမှာပဲ။
ဒါကြောင့် မျိုးဆက်သစ်ကရင်လူငယ်တွေ အတွေးအခေါ်နဲ့ အတတ်ပညာရှိဘို့ အဓိက, ဖြစ်တယ်။

ကျုပ်တို့တတွေမှာ အတွေးအခေါ်နဲ့ အတတ်ပညာရှင် မျိုးဆက်သစ်လူငယ်တွေကို ဘယ်နှစ်ယောက်မွေး
ထုတ်နိုင်ခဲ့ပြီလဲ?
မွေးထုတ်လိုက်တဲ့ မျိုးဆက်သစ်တွေ ဘယ်အတိုင်းအတာအထိ သမိုင်းပေးတာဝန် ထမ်းဆောင်ခွင့်ရှိကြ
သလဲ?
ထမ်းဆောင်နေကြသလဲ?
ဘယ်လိုနေရာမျိုး ဘယ်လိုအခန်းကဏ္ဍမျိုး မှာလဲ?
မျိုးဆက်သစ်လေးတွေရဲ့ စွမ်းဆောင်မှုစွမ်းရည်နဲ့ပတ်သက်လို့ အောင်မြင်ခြင်း ကျရှုံးခြင်း အခြေအနေတွေ
ကို တိုင်းတာတွက်ချက်ထားတာမျိုး ရှိပါသလား?

ကျုပ်တို့ ဘာတွေလုပ်နေကြသလဲ?
ကျုပ်တို့ ဘာတွေလုပ်ခဲ့ကြသလဲ?
ကျုပ်တို့ ဘာတွေဆက်လုပ်မလဲ?

ကျုပ်တို့လုပ်ခဲ့သမျှသော လုပ်နေလျှက်ရှိသော ရှေ့ဆက်လုပ်ရန်ရှိသော လုပ်ဆောင်ချက်များနှင့်စပ်လျှဉ်းပြီး ကျုပ်တို့ ကိုယ့်ကိုယ်ကို ပြန်ပြီးစစ်ဆေး မေးမြန်းတာမျိုး လုပ်မိပါရဲ့လား?
ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ပြိုင်ဘက်ရဲ့ မေးရိုးကို ဘယ်ညာ ၀ိုက်လက်သီးတွေ ပစ်သွင်းတဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ ပုံစံလိုမျိုးလား?
ဒါမှမဟုတ် ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းသလိုမျိုးလား? 

ပိုးကရင် စကားပုံရှိတယ်။
အတူလုပ်လျင် အလုပ်တွင်တယ် အတူစားလျင် မြိန်တယ်။

ကျုပ်တို့ အလုပ်တွေအတူလုပ်ခဲ့ကြပါသလား?
အတူစားတာမျိုး ရှိခဲ့ပါရဲ့လား?

ဒီနေရာမှာ
အလုပ်ဆိုတာ တာဝန်ခွဲဝေရ,ယူမှု အခန်းကဏ္ဍ။
အစားဆိုတာ အကျိုးခံစားခွင့် အခန်းကဏ္ဍ။
ကဲ ၁၉၄၉ ကနေ ၂၀၁၂ အထိ ပြန်ကြည့်လိုက်ကြပါစို့လား။

လာမယ့်၂၀၁၃ နှစ်မှာ တော်လှန်ရေးသက်တမ်းတလျှောက် ရ,ခဲ့တဲ့ အောင်မြင်မှုတွေသာမက, ဆုံးရှုံးခဲ့
ရ,မှုတွေအပေါ်ခြေခံပြီး ကရင်အမျိုးသားထုတရပ်လုံးအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါစေ။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)