• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 24, 2012

စောင့်ကြည့်နေသော အစ်ကိုကြီး အကြောင်း

ကမ္ဘာကျော် စာရေး ဆရာကြီး George Orwell
Source Photo from http://www.google.com/images



စောင့်ကြည့်နေသော အစ်ကိုကြီး အကြောင်း 

ဒီဇင်ဘာလ ၂၃၊ ၂၀၁၂

ဆရာမ ဝင့်ပြုံးမြင့်၏ ၇အုပ်မြောက်ဘာသာပြန်လက်ရာသစ် ၁၉၈၄ကို လောက,သစ်စာပေမှ ပထမအကြိမ်
ထုတ်ဝေခဲ့သည်။
Burmese Days, Animal Farm စသည့် လက်ရာကောင်းများပြုစုခဲ့သော ကမ္ဘာကျော် စာရေး ဆရာကြီး George Orwell ၏ နာမည်ကျော်လက်ရာ ၁၉၈၄ကို ပြန်ဆိုထားခြင်း ဖြစ်သည်။

မူရင်းစာအုပ်သည် ကမ္ဘာ့အကောင်းဆုံးစာအုပ် ၁ဝဝ စာရင်းတွင် ထိပ်တန်းမှနေရာယူထားသော လက်ရာ
မွန်တစ်ပုဒ်ဖြစ်ပြီး ပြောရေးဆိုဖွယ်အများဆုံးရှိခဲ့သော စာအုပ်လည်းဖြစ်သည်။
တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးသောနိုင်ငံများတွင် တားမြစ်ထားခြင်းခံရသောစာအုပ်ဖြစ်ခဲ့ပြီး ယခုမူမြန်
မာဘာသာဖြင့် ဖတ်ရှုရပြီဖြစ်သည်။

မူရင်းစာအုပ်ကို မူရင်းစာရေးသူ George Orwell မကွယ်လွန်မီတစ်နှစ် ၁၉၄၉တွင် စ,တင်ထုတ်ဝေခဲ့သော် လည်း ဇာတ်လမ်းအခြေတည်ရာမှာ နောင် ၁၅နှစ် ၁၉၈၄ခုနှစ်ကာလ,ကမ္ဘာ့မြင်ကွင်းကိုကြိုတင်မြင်ယောင်
ရေးဖွဲထားသည်။

ဝတ္ထုတွင် အပိုင်း ၃ပိုင်းခွဲခြားထားပြီး ပထမပိုင်းတွင် အဓိက,ဇာတ်ကောင် ဝင်စတန်စမစ်၏ စရိုက်၊ သဘာ
ဝ,နှင့် ဝင်စတန်တို့နေထိုင်ရာ အိုးရှင်းနီးယားနိုင်ငံတွင်ကျင့်သုံးနေသော နိုင်ငံရေးဝါဒနှင့်အခြေအနေများကို အကြောင်းပြု၍ ဇာတ်ပျိုးခန်းဖြစ်သည်။

အစ်ကိုကြီးမှ သင့်အားစောင့်ကြည့်နေသည်ဟူသော ဆောင်ပုဒ်တစ်ခုကို လက်ကိုင်ပြု၍ အိုးရှင်းနီးယားနိုင်
ငံတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်နေသောအာဏာရှင်စနစ်အောက်မှ ပြည်သူတို့နှင့် အခွင့်ထူး ခံပါတီဝင်အဆင့်
ဆင့်တို့အကြောင်း ဖော်ပြထားသည်။

အိုးရှင်းနီးယားနိုင်ငံ၏ နိုင်ငံတော်ဆောင်ပုဒ်မှာလည်း  
စစ်သည်ငြိမ်း ချမ်းရေး၊ 
လွတ်လပ်ရေးသည် ကျွန်စနစ်၊ 
မသိခြင်းသည် အင်အား
ဟူ၍ ဖြစ်သည်။

မျက်ကန်းအာဏာရှင်စနစ်၏အောက်တွင် တယ်လီစက်၏အစွမ်းနှင့် ပါတီဝင်တို့၏ တစ်ကိုယ်ရည်စိတ်ကူး များကိုပင်အလွတ်မပေးဘဲ ပုံသေနည်းမူဝါဒများနှင့် ထိန်းချုပ်ထားသည်။

သတင်း၊ ပညာရေး၊ အနုပညာတို့နှင့်စပ်ဆိုင်သော အမှန်တရားဝန်ကြီး ဌာန၊ 
စစ်ပွဲတို့နှင့်ဆိုင်သော ငြိမ်းချမ်းရေးဝန်ကြီးဌာန၊ 
တရားဥပဒေစိုးမိုးရေးနှင့်စပ်ဆိုင်သော မေတ္တာဝန်ကြီးဌာန၊ 
စီးပွားရေး ကုန်ထုတ်လုပ်မှုတို့နှင့်စပ်ဆိုင်သော အလျှံပယ်ဝန်ကြီးဌာန
ဟူ၍ ဌာန ၄ခုနှင့်လည်း အိုးရှင်းနီးယားနိုင်ငံတစ်ဝန်း ငြိမ်ဝပ်ပိပြားနေရန် ဆောင်ရွက်ထားသည်။

သာမန်ပြည်သူလူထုကို တိရစ္ဆာန်များသဖွယ် အဆင့်နှိမ့်ဆက်ဆံထား ပြီး ပါတီဝင်များကိုမူ ပါတီ၏ မူဝါဒ,
ရေးရာအစွဲချွတ်မှုများ၊ အတွေးအမြင် ပုံသွင်းမှုများနှင့် သတင်းအမှောင်ချမှုများ အသုံးပြုကာ ချုပ်ကိုင်ထား
သည့် အာဏာရှင်စနစ်အောက်တွင် ပင်ကိုယ်မှတ်ဉာဏ်၊ အတွေးအမြင်တို့နှင့် လွတ်လပ်ခြင်းကို ရှာကြံလို
သောဇာတ်ကောင် ဝင်စတန်စမစ် ၏ ခံစားချက်၊ ပြုမူချက်များရှိနေခြင်းတို့နှင့် အားပြိုင်ထားသည်။

သတင်းပုံဖျက်သောဌာနမှ အလုပ်သမားဝင်စတန်နှင့် မမျှော်လင့်ဘဲတွေ့ကြုံရသော ဂျူလီယာ ဆိုသူပါတီ
ဝင်၊ ဝတ္ထုဖန်တီးဌာန,အလုပ်သမ,တို့၏ ချစ်ခြင်းမေတ္တာပေါ်ပေါက်လာသည်တွင်မူ ပါတီနှင့်ဆန့်ကျင်ဘက် အတွေးအခေါ်၊ အပြုအမူများ ဆီသို့ မိမိရ,ရ,ကူးပြောင်းရောက်ရှိသွားခဲ့ပြီး စောင့်ကြည့်နေသော အစ်ကိုကြီး
၏ မျက်လုံးအစုံအောက်မှ လွတ်ကင်းရာ လျှို့ဝှက်နေရာတစ်ခုကိုရှာဖွေကာ ပါတီကိုအံ့တုသည့်အဆင့်အ
ထိ ရောက်ရှိစေခဲ့သည်။

ဝင်စတန်နှင့် ချစ်ခြင်းမေတ္တာတွေ့ရှိခြင်း ဒုတိယပိုင်းတွင်မူ ပါတီ အားဆန့်ကျင်သည့် မြေအောက်ကွန်ရက်
နှင့်အဆက်အသွယ်ရှိသူ အိုဘရိုင်ယန် စ,တင်ပါဝင်လာသည်။
မြေအောက်ကွန်ရက်၏ခေါင်းဆောင် ဂိုးလ်စတိန်း၏ကျမ်းစာများကိုလည်း ဖတ်ရှုလေ့လာရသည်။
ဤအပိုင်းသည် ပါတီနှင့် ပါတီကိုဆန့်ကျင်သည့်အဖွဲ့အစည်းတို့၏ မူဝါဒ,ရေးရာများကို ဦးစားပေးတင်ပြထား
ခြင်း ဖြစ်သည်။

တတိယပိုင်းသည်မူ ဇာတ်လမ်း၏ အထွတ်အထိပ်ပင်ဖြစ်သည်။
ဝင်စတန်စမစ်နှင့် ဂျူလီယာတို့၏ပုန်းခိုရာကို တယ်လီစက်၏အကူအညီနှင့် ပါတီမှရှာဖွေတွေ့ရှိသွားပြီး ယင်း
တို့အား အပြစ်ပေးခြင်းဖြစ်သည်။

အပြစ်ပေးခြင်း၊ စစ်ကြောခြင်း၊ အယူအဆ,ပုံသွင်းခြင်း တို့နှင့် ပါတီအား ဆန့်ကျင်သူများကို ချေမှုန်းသည်။ ဤအခန်းတစ်ခုလုံးသည် သာမန်သိစိတ်ဖြင့် တည်aဆာက်ထားသော ဝင်စတန်၏မှတ်ထင်မှုများ လွဲမှားနေ
ကြောင်း သိလိုက်ရခြင်းဖြစ်သည်။

မြေအောက်အဖွဲ့နှင့်ဆက်သွယ်ပေးခဲ့သူ အိုဘရိုင်ယန်နှင့် ပုန်းခိုရာအိမ်ခန်းပိုင်ရှင်တို့သည် သူတို့အား ဦး
ဆောင်ဖမ်းဆီးခဲ့သူများဖြစ်ကြောင်း ဝင်စတန်နှင့် ဂျူလီယာတို့ သိလိုက်ရသည်။
စိတ်အတွေးမှအစ,အရာရာကို အာဏာဖြင့်ချုပ်ကိုင်လိုသူ ပါတီ နှင့် သာမန်လူသားပီသ,သော လွတ် လပ်
သည့် စိတ်ထားရှိသူ ဝင်စတန်တို့၏ အယူအဆ,တိုက်ပွဲများဖြင့် ထင်ဟပ်ထားသည်။
ပုံမှန်အတွေး၊ အသိ၊ မှတ်ဉာဏ် တို့နှင့် အရှုံးမပေးတမ်း တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အရှုံးပေးခဲ့
ရသည်။
သို့သော် ဝင်စတန်သည် ကိုယ်ကျင့်စာရိတ္တမှာ ကျွန်တော် သာပါတယ် ဟူသော စကားတစ်ခွန်းမျှသာတုန့်
ပြန်နိုင်ခဲ့သည်။

ဇာတ်လမ်းမှာ ရှေ့ဖြစ်တွေးအယူအဆ,တစ်ခုကို အခြေပြုထားသော်လည်း ဂယက်အဓိပ္ပာယ်များမှာမူ များ
ပြားလှသည်။
ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘဝဖြစ်တည် မှုတို့အပေါ် စာရေးသူ၏ သရော်ချက်များ၊ တွေးဆ,စိုးရွံ့
မှုများ၊ ဒဿန အမြင်များဖြင့် ထိမိစွာဖန်တီးထား ခဲ့သည်။
အထက်လွှာတစ်စု အာဏာလက်ဝယ်မြဲနေစေရန် လူထုအား အသိပညာ၊ အတွေးအခေါ်၊ ခံစားမှုတို့ကို မှိုင်း
တိုက်ပုံသွင်းဖိနှိပ်သည့် အာဏာရှင်စနစ်ကို အပြင်းအထန်တိုက်ခိုက်ထားသည်။

တစ်နည်း ခေတ်ပေါ်လူသားတစ်ဦးကြုံတွေ့ရ,နိုင်သည့် ယုံကြည်ဖွယ်မရှိ သံသယ,နှင့် ရှင်သန်ရ,မည့် မျှော်
လင့်ချက်မဲ့ ဖြစ်တည်မှုအတွေးအခေါ်ကိုလည်း မိတ်ဆက်ထားသည်ဟု ဆိုနိုင်သည်။

ယင်း အာဏာရှင်စနစ် ဆိုးရွားပုံကို စာရေးသူ ဖန်တီးပေါင်းစပ်ထားသော အတွေးပုလိပ်၊ မနောကံမြောက် မှုခင်း၊ အငွေ့ပျံသွားခြင်း၊ မျက်နှာပေးရာဇဝတ်မှု၊ မှတ်ဉာဏ် တွင်း၊ အမုန်းရက်သတ္တပတ် စ,သောစကား
လုံးများနှင့်ပင် သိနိုင်သည်။

အထူးသဖြင့် ပါတီ၏ဆောင်ပုဒ် ဖြစ်သော ပစ္စုပ္ပန်ကိုထိန်းချုပ်သူသည် အတိတ်ကို ထိန်းချုပ်သည် ဟူသော ဝါဒ,အရ, သမိုင်းဖြစ်ရပ်များကို ပုံဖျက်ပြင်ဆင်မှုများသည် လူသား၏မှတ်ဉာဏ်နှင့် အနာဂတ်အတွက်အထူး
အန္တရာယ်ကြီးစေခဲ့သည်။

ဆိုရ,သော် အာဏာရှင်စနစ်၏ ဆိုးရွားရက်စက်ပုံကို အပြင်းထန်ဆုံးရှုတ်ချတိုက်ခိုက်ထားပြီး လူသားတို့၏ အခွင့်အရေးနှင့် ဉာဏ်ပညာအတွက်ရပ်တည်ပေးသော ရသ,မြောက် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
အယူအဆ,နှင့် စနစ်လောင်းရိပ်များအောက်မှ ရှားရှားပါးပါးပွင့်လန်းလာရ,ပြီး လူသားတစ်ဦး၏လွတ်လပ်မှု
ကို လှုပ်နှိုးလိုက်သော ဝင်စတန် နှင့် ဂျူလီယာတို့၏ မေတ္တာတရားသည် ဝတ္ထုအား သယ်ဆောင်ရာဖြစ်သ ကဲ့သို့ ဝတ္ထုမှပေးလိုသောလင်းရောင်ခြည်လည်းဖြစ်မည်ဟု ထင်သည်။

ပြန်ဆိုသူ ဆရာမဝင့်ပြုံးမြင့်သည်လည်း ကမ္ဘာ့အကောင်းဆုံး လက်ရာတစ်ခုကို အကောင်းဆုံး ပို့ဆောင်ပေး
နိုင်ခဲ့သည်။
မူရင်းစာရေးသူ၏ နာမည်ကျော် Animal Farm ထက် ပို၍ပုဂ္ဂလ,ဓိဋ္ဌာန်ကင်းသော လက်ရာမွန်တစ်အုပ်
လည်းဖြစ်သည်။
ကမ္ဘာကျော်လက်ရာများ နှစ်သက်သူတို့ စာပေဝါသနာရှင်တို့နှင့် အယူဝါဒ,ရေးရာလေ့လာလိုသူတို့၏ စာ
အုပ်စင်တွင်ရှိသင့်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

“ဥပမာ ကျောင်းတွင်သင်ခဲ့ရ,သည့်အတိုင်း ပါတီသည် လေယာဉ်ပျံကိုတီထွင်ခဲ့သည်ဟု ဂျူလီယာ ယုံ
သည်။ 
ဝင်စတန်တို့တုန်းက,မူ ပါတီသည် ရဟတ်ယာဉ်ကိုတီထွင်ခဲ့သည် ဟု သင်ကြားပေးခြင်းခံခဲ့ရသည်။ ဂျူလီယာကျောင်းတက်ချိန် နောင်နှစ်ပါင်းတစ်ဒါဇင်ခန့်အကြာတွင် ရဟတ်ယာဉ်မှသည် လေယာဉ်ပျံဖြစ် သွားသည်။
နောင်လာမည့် မျိုးဆက်တွင် ရေနွေးငွေ့အင်ဂျင်ဖြစ်ဦးမည်
(စာ-၂ဝ၇)

ဝဏ္ဏလင်း

Copy from http://www.myanmarij.com/?p=8337