ပန်းချီဆရာကြီး ဦးညိုဝင်း ပုံစံတူရေးဆွဲသည့် ဆရာကြီး
သခင်ကိုယ်တော်မှိုင်း မကွယ်လွန်မီက ရိုက်ကူးထားသော ဓာတ်ပုံ။
Source Photo from http://www.myanmar.mmtimes.com/2012/timeout/578/tmout05.html
တို့ဗမာသီချင်းစာသား နှင့် ဖြစ်ပေါ်ပုံ
Tuesday, May 25, 2010
Copy from http://hbonekyaw.blogspot.com/2010_05_01_archive.html တို့ဗမာ သီချင်း ဖွင့်ပွဲကို ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော်ကြီး၏ ရာဟုထောင့်တွင် ကျင်းပ,ခဲ့သည်။
အခမ်းအနားတွင် သခင်ဘသောင်းက တို့ဗမာသီချင်း၏ အနက်အဓိပါယ်ကို အကျယ်တ၀င့် ရှင်းပြ၏။
ရာဇ၀င်သမိုင်းနှင့် ခင်းကျင်း ဖော်ထုတ်၏။ ထို့နောက် ဂီတ,စာဆို သီချင်းရေးဆရာ ၀ိုင်-အမ်-ဘီ-အေ
သခင်တင်က,ခေတ်ပေါ်တူရိယာများနှင့်တွဲဖက်လျှက် ကိုယ်တိုင်ကိုယ်ကျ သီဆိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
ပရိဿတ်က,အထူးနှစ်ခြိုက်သဖြင့် ထပ်မံပွဲတောင်းကြသည်။ ထပ်မံသီဆိုကြရ,ပြန်သည်။
သီချင်းအဆုံးတွင်မူ “သခင်မျိုးဟေ့ - တို့ဗမာ” ဟူသောကြွေးကြော်သံ လွမ်းမိုးသွားတော့သည်။
ဂီတ,နယ်ပယ်မှ ရ,အပ်သည့် ဇာတိမာန်စိတ် ဖြစ်လေသည်။
တို့ဗမာသီချင်း စာသားမှာ ဖော်ပြပါအတိုင်းဖြစ်၏။ ဇာတိမာန်သီချင်းကို ချင့်တွက်နိုင်ပါသည်။
တကောင်း အဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်
ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ ၊ စိန်မှန်ကင်းစစ် ၊ အဖြစ်ကြီးဖြစ်လျှက် ထင်းတလှည့်ကြုံရ ၊ ထုံးနှင့်မသွေ၊
လောကဓမ္မတာပေ၊ ငါတို့ ကံခေပြန်ရသလေ ၊ သို့သော် အရင်းကို စစ်လျှင်၊ ဗမာပြေ ၊ ငါတို့ ငါတို့ပြေ။
နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား ၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာ အထင်အရှား၊
တို့ ခေတ်တွင်မှ ညံ့ကြတော့မှာလား ။တို့ဗမာ ၊ တို့ဗမာမဟုတ်လေသလား။
(တို့ဗမာ ၊ငါတို့ဗမာ)၂(ဒါ- ငါတို့ဗမာ)၂ အားလုံးညီညီ၊ ယောင်္ကျားဘသား တို့ဗမာ၊
နောင်လာနောက်သား ကောင်းစားဖို့ရာ ၊ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာ ပီပီ ဗမာပြေ၊ တို့ဗမာတို့ပါ။ သခင်ကျင့် ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက် မြေပြင်မှာ ၊ အထက်တန်းနှင့် စာမရီသွေး ၊ တို့ဗမာ။
(သံပြိုင်) ကမ္ဘာမကြေ ၊ ဗမာတစ်တွေ ( ဒါတို့ပြေ ဒါတို့မြေ ဒါ ငါတို့ပြေ)၃ (တို့ဗမာ)၃ ကို တိုင်းရင်းသား
အကုန်အစင် တို့ပြေလို့မှတ်ထင် ၊တို့ဝတ္တရားပင် တို့ဗမာ သခင်။ အမျိုးသားရေး ကြိုးပမ်းကြပါ၊ တို့ဗမာဟေ့ ...တို့ဗမာ ၊ သြော် အမျိုးသားရေး ကို ကြိုးပမ်းကြပါ။
တို့ဗမာ ၊အရှေ့က နေ၀န်းထွက်သည့်ပမာ၊ တို့ ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ။
တို့ဗမာဟေ့ တို့ဗမာ၊ ဗမာပြည်တစ်ဝန်းအကုန် ၊ တို့အိမ်မှတ်ပါ ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ။ ။
တို့ဗမာ သီချင်းသည် ထူးခြားပြောင်မြောက်သည့် သီချင်းဖြစ်သည်။ စကားလုံးရွေးချယ်မှု ပညာပါသည်။ စာသားအနေဖြင့် ဂုဏ်မြောက်သည်။ လေးနက်သည့် အဓိပ္ပါယ်ဆောင်သည်။ သမိုင်းနောက်ခံ အကြောင်း
အရာ ရှိသည်။ အားမာန်ပါသည်။ ခေတ်အမြင်ခေတ်အတွေး ပါသည်။ နိုင်ငံနှင့် လူမျိုးအတွက်ရေရည်မျှော်
မှန်းချက်တွေထားသည်။ စည်းဝါးကာရံကောင်းသည်နှင့်အမျှ ဆိုရာတွင် အားမာန်ပြည့်စေသည်။
သံပြိုင်များထည့်ထားသဖြင့် အများပြည်သူများပါဝင်သည်။ မြန်မာတမျိုးသားလုံးနှင့် သက်ဆိုင်ကြောင်း ညွန်ပြနေသည်။ နိုးကြားခြင်း ၊ တက်ကြွခြင်း၊ ပြင်းထန်ခြင်း ၊ တစ်သွေးတည်း တစ်သားတည်း စိတ်ရှိုခြင်း ၊ ဇာတိမာန်သွေးတို့သည် ဟူးဟူးပြောင်ပြောင် တောက်လောင်သည်နှင့် တူလာ၏။ မီးခဲပြာဖုံးစိတ်ဓါတ်များ နိုးကြားလာသည်။
ထို့ကြောင့် နယ်ချဲ့တို့ တုန်လှုပ်လာရ,သည်။ သီချင်းက,ပေးလိုက်သော မြန်မာ့သမိုင်း ၊ မြန်မာဇာတိ၊ မြန်မာ့ အစဉ်အလာ၊ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့အားမာန် ကို သိရှိသွားကြသည်။
အောင်မြင်သော ဇာတိမာန်တေး အဖြစ်သမိုင်းတွင်ရစ်ပေသည်။
သီချင်းဖြစ်ပေါ်ပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေးစပ်တီးကွက်ရှာသူမှာ မန္တလေးဂီတ,လောက မှ ရန်ကုန်သို့ဆင်းလာသော ၀ိုင်- အမ် -ဘီ-အေ ဆရာတင်ဖြစ်သည်။
ရန်ကုန်ရောက်သောအခါ သခင်ဘသောင်း ၊ သခင်လှဘော်တို့ နှင့်ပေါင်းမိသည်။
ဝိုင် - အမ်-ဘီ -အေ ဆရာတင်မှ သခင်တင်ဘ၀,သို့ ကူးပြောင်းသွား၏။
သခင်ပုဂ္ဂိုလ်များနှင့် စာသားညှိနိုင်းရ,ယူပြီးမှ ဥဒါန်းတွင်ရစ်သည့် တို့ဗမာသီချင်းကို ပြောင်မြောက်အောင်
မြင်စွာ ရေးဖွဲ့ခဲ့ကြ ခြင်းဖြစ်ပေတော့သည်။
Posted by HboneKyaw
Copy from http://hbonekyaw.blogspot.com/2010_05_01_archive.html