• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 2, 2013

သခင်စိတ်ဓာတ်၊ သခင်အကျင့်


သခင်စိတ်ဓာတ်၊ သခင်အကျင့်

By မင်းသုည
March 11, 2008
Friday

''သခင်လား ကျွန်လား
ရိုးရိုးကျင့် မြင့်မြင့်ကြံ
မှန်တာလုပ် ဟုတ်တာပြော'' တဲ့ …
ဒါ … သခင်တယောက်ရဲ့ စိတ်ဓာတ်နဲ့
သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။

သခင်ဆိုတာ မရ,သင့်တဲ့ အခွင့်အရေး
ဘယ်သူပေးပေး မယူဘူး၊
"ထမင်းကြမ်းခဲ" ပြလို့ အမြီးနှံ့ပြရ,တာ
သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ။

သခင်ဆိုတာ
ဗဟုသုတ,နဲ့ ယုံကြည်မှုရှိ
စိန်ရွှေငွေ ဏ သ တ န မ တွေ
သူမကြည့်
တိုင်းပြည်ရဲ့ တာဝန်ကို သိတယ်။

တိုင်းပြည်နဲ့ မိမိတာဝန်
ချိန်ခွင်လျှာ တင်ကြည့်ရင်
တိုင်းပြည်က အလေးသာတယ်။

ကျွန်ဆိုတာ … ခံမပြောရဲဘူး
ဟောက်ငေါက်သမျှ ဖိခံ
မှန်မမှန် သူမသိ
သူသိတာက သခင်အလိုကျ
အမြီးနှံ့ပြဖို့။

သခင်ဆိုတာ …
ခိုင်းလို့မဟုတ်
တာဝန်သိလို့ လုပ်တယ်၊
မဟောက်နဲ့ မငေါက်နဲ့
ကြောက်တတ်တဲ့ အလေ့မရှိ
မမှန်တာ သူသိရင်
ဖွင့်ဟ,ဖို့ ၀န်မလေး အသက်ပေးဆောင်ရွက်
ဒါ …
သခင်စိတ်ဓာတ်နဲ့ သခင်တယောက်ရဲ့
အကျင့်မြတ်ပဲ။

သခင်နဲ့ ကျွန်
ချိန်ခွင်လျှာတင်ကြည့်
သခင်လား?
ကျွန်လား?
ခွဲခွဲခြားခြား သိချင်တယ်
ကွဲကွဲပြားပြား သိချင်တယ် အဖြေ …။

မင်းသုည
 ၁၃-၁၁-၂၀၀၈

Copy from
http://www.mizzimaburmese.com/yatha-bank/poem/1984-2008-11-14-11-00-20.html