• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 17, 2013

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီး

ထိုင်းပြည်ထဲရေးဝန်ကြီးနှင့်အဖွဲ့ မယ်လဒုက္ခသည်စခန်း သွားရောက်လေ့လာနေစဉ် 
Source Photo from http://www.kareninformationcenter.com/images

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ 

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ခရီး


By Aung Kyaw Oo
     BBC (မဲဆောက်)
     January 14, 2013

အမေရိကန်သံအမတ် မစ္စတာ ဒဲရစ်မချဲလ် ဟာ ကရင်ပြည်နယ်ငြိမ်းချမ်းရေး ဒုက္ခသည်တွေပြန်လည်နေရာ
ချထားရေးနဲ့ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ စနေနေ့တုန်းက ကရင်ပြည်
နယ် ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဘာတွေဆွေးနွေးခဲ့သလဲ အမေရိကန်အနေနဲ့ဘာအကူအညီတွေပေး နိုင်မလဲဆိုတဲ့ အကြာင်းတွေအပြည့်
အစုံကိုတော့ မဲဆောက်က BBC သတင်းထောက် ကိုအောင်ကျော်ဦးက ပြောပြပေးပါ့မယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မေချဲလ် ဟာ မနက်အစောပိုင်းမှာ ဘားအံမြို့က ကရင်နှစ်သစ်ကူးအခန်းအနားကို တက်ရောက်ပြီးတဲ့နောက်ပိုင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုသွားရောက်
တွေ့ဆုံ ခဲ့တာပါ။ အဲဒီလိုတွေ့ဆုံရာမှာ အမေရိကန်သံအမတ်ကြီးနဲ့ပြောဆိုဆွေးနွေးခဲ့တာတွေကို ကရင်ပြည်
နယ်ဝန်ကြီး ချုပ်ဦးဇော်မင်း BBCကိုပြောတာက

ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကိစ္စနဲ့ဆက်စပ်ပြီးတော့မှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဲဒါလေးတွေကို ဆွေးနွေးတာ
ပါခင်ဗျ။
ကျွန်တော်တို့ဒီမှာ ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်တဲ့အခြေအနေလေးတွေ သူမေးတယ်။
ငြိမ်းချမ်းရေး တည်ဆောက်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ ကျွန်တော်တို့ငြိမ်းချမ်းရေးဖေါ်ဆောင်ပြီးတဲ့
နောက်ပိုင်းမှာ ဒုက္ခသည်စခန်းမှာရှိနေတဲ့လူတွေ ပြန်လည်နေရာချထားရေး ကိစ္စလေးတွေကျွန်တော်တို့
ဘက်က ဘာလေးတွေလုပ်ထားသလဲ ဆိုတာလေးတွေမေးတယ်။
ဒေသဖွံ့ဖြိုးရေးကိစ္စတွေကတော့ဘက် စုံကဏ္ဍစုံကဆောင်ရွက်မယ့်အစီအစဉ်လေးတွေနဲ့ ဒီလုပ်ကိုင်ဆောင်
ရွက်မယ့်အခြေအနေတွေမေးတာပေါ့လေ။

အဲဒီတော့အမေရိကန်အနေနဲ့ ဘာတွေအကူအညီပေးမယ်လို့ပြောသွားလဲခင်ဗျ။ 
ကျွန်တော်တို့အဲဒီအဆင့်လောက်အထိပြောဆိုဆွေးနွေးတာတွေတော့ မရှိပါဘူး။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း ပြောသွားတာပါ။

ဒါ့အပြင် အမေရိကန်သံအမတ်ကြီးဟာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးပညာရေးကျန်းမာရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့
တွေရဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကရင်ပြည်နယ်ထဲက နိုင်ငံရေးပါတီတွေအပြင် ငြိမ်းချမ်းရေးလုပ်ထား
တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီနေ့မွန်းလွဲပိုင်းမှာတော့ အမေရိကန်သံအမတ်ကြီးနဲ့အဖွဲ့ဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ပြည်နယ်ထဲ
က နိုင်ငံရေးပါတီတွေ မွန်လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ တွေ့ဆုံဘို့ မွန်ပြည်နယ်မော်လမြိုင်မြို့ကို ထွက်ခွါသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေ ရိကန်သံအမတ်ကြီးဟာ ပြဿနာတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ တိုက်ပွဲတွေဖြစ်
နေတဲ့ ကချင်ပြည်နယ်က,အခြေအနေတွေကို သွားရောက်လေ့လာကြည့်ရှုပြီးတဲ့နောက်ပိုင်း အခု လူမျိုးစု
တွေ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေတဲ့ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်
က အခြေအနေတွေကို သွားရောက်လေ့လာ ကြည့်ရှုတာဖြစ်ပါတယ်ခင်ဗျား။