ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ရှင်ကို
ဖေါ်ထုတ်ဖို့
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်
2013-01-17
ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့ အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ
မှာ အဆိုးမြင် ဝေဖန်ရေးသားဖော်ပြနေတဲ့ ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့သုံးစွဲသူကို ကော်
မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုတစ်ခုကို ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ်က ဒေါက်တာစိုးရင် က ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီလ ( ၁၄ ) ရက်၊ ဒုတိယနေ့က မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်က အတည်
ပြုလိုက်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥ
ပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အင်တာနက်စာမျက်နှာပေါ်မှာ ဥပဒေအထက်မှာ
(Above The Law) ဆိုပြီး ဝေဖန်ရေးသားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို
စော်ကားထားတာဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ တင်သွင်းတာလို့ ဒီကနေ့ အစည်းအဝေးမှာ
ဒေါက်တာစိုးရင်က ပြောကြားခဲ့ပါတယ်။
ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇)
ကန့်ကွက်မဲ (၁၅၇) ၊ ကြားနေမဲ (၄၂) မဲ ရ,ရှိခဲ့ပြီး ထောက်ခံမဲများတဲ့အတွက် ပြည်ထောင်စု လွှတ်တော်က
ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်းစစ်ဆေးကာ လွှတ်တော်ရဲ့အဆုံးအဖြတ်ရ,ယူသွားမယ်လို့ ဒီကနေ့ အတည်ပြုခဲ့
ပါတယ်။
အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီးအ
ရေးယူပေးဖို့ အဆိုတင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ
ရန်ကုန်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်းတစ်ဦး ဖြစ်တဲ့အပြင် ၊နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း
ရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
(ဒေါက်တာဆိတ်ဖွါးရေးသားထားတာလေး လေ့လာကြည့်ကြပါ။)
ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား
Monday, January 14, 2013
ဒီနေ့ကျင်းပ,တဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကိုပြင်
ဆင်တဲ့ ဥပဒေကြမ်းကိစ္စဆွေးနွေးကြတယ်။ အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက - “နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်
အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အ
မည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေး
အပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူ
ညီချက် ရ,ယူရမည် " လို့ဖြစ်တယ် ။
ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်းတင်ရမယ်လို့ ပြင်ထား
တာ။
ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံ
အခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ လို့မှတ်ချက်ပြုထားတာ။
ဒါကို လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ။
အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့
သဘောထား မှတ်ချက်ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ်။
ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထား
သူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြ
တာပါ။
ခုလိုလုပ်နေရတာရှုပ်ပါတယ်။ အခြေခံဥပဒေထဲမှာ
"အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါ
များက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်"
ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....
ဒေါက်တာဆိတ်ဖွား
Copy from http://doctorsatephwar.blogspot.com/2013/01/blog-post_4901.html