ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုခြင်း
By မင်းစိုးစံ
January 11,2013
Friday
ခင်ဝမ်းရဲ့
အိပ်မရတဲ့ ည,လေးတည,ဟာ
ချောက်ကပ်နေတဲ့ နာရီခေါက်သံတွေကြား
ည,ယံကိုဖြတ်သွားရ,သတဲ့။
စိုင်းထီးဆိုင်ရဲ့
နွေနံနက်ခင်းအတွက် သူရေးတဲ့သီချင်းဟာ
မနက်ခင်းနဲ့ မလိုက်ဘက်ခဲ့ဘူးတဲ့။
လွှမ်းမိုးနဲ့ စောဘွဲ့မူး
ထူးထူးဆန်းဆန်း စိတ်ကူးအသစ်
မတီးဖြစ်တဲ့လက်ခုပ် အဲဒီသီချင်းတပုဒ်ဟာ
ငါ့ရင်ဘတ်ကို ထိရှနာကျင်ခဲ့တာ
ကြာခဲ့ပါပြီ။
ဒီလိုနဲ့ ငါလည်း
အမြင်တွေလွဲနေတဲ့ ကရင်မျက်မွဲတွေအတွက်
နှစ်သစ်သစ်ကူးတဲ့နေ့မှာ ဘ၀,ကိုမဟားဒယား
မေ့ထားဘို့ ကြိုးစားနေကြသူတွေ
ရာဇ၀င်မရိုင်းစေချင်လို့ မဗျိုင်းနဲ့နှိုင်းတဲ့ကဗျာ
ရေးချလိုက်ပါတယ်။
ဆီးသီးသည် မ,ဗျိုင်းများသို့.....။
ငါတို့ဟာ
ဝမ်းစာအရေး မိုးဖွေးဖွေးထဲ
ထွန်ယက်စိုက်ပျိုး ခဲ့ကြတယ်။
ငါတို့ဟာ
ဝမ်းစာဖူဘို့ နေပူကျဲတဲ
ကွင်းပြောင်ထဲမှာ ရိတ်သိမ်းနယ်လှေ့ ခဲ့ကြတယ်။
ငါတို့ဟာ
ဝမ်းစာရ,ရေး ချွေးသန်ရွှဲရွှဲ
မောင်းဆုံထဲမှာ ခွဲကြိတ်ဖွပ်ထောင်း ခဲ့ကြတယ်။
ငါတို့ဟာ
ဝမ်းစာအတွက် မောပေမယ့်လည်း
ဆန်ကောထဲမှာ ဝိုင်းကြပြာကြ
ဆန်ရင်းကျမှ စားခဲ့ရ,တယ်။
ငါတို့သမီးသား နိုင်ငံခြားမှာ
ဆန်စားနေတာ မှန်ပေမယ့်
ဆန်တွေဘယ်က ရ,သလဲ?
သဲသဲကွဲကွဲ မင်းမေးဘူးသလား?။
ဆိုလိုရင်းက, ငါ့သားသမီး
နိုင်ငံကြီးက,နေပြန်ခဲ့ စပါးတွေထုထောင်းဟဲ့ လို့
ငါ....... တောင်းဆိုနေတာမဟုတ်ဘူး။
သားသမီးတွေအတွက် ငါတို့ရဲ့ ဖြစ်စဉ်မှန်သမျှ
မျက်ခြေမပြတ်စေဘို့။
ငါတို့ရဲ့ ကျောရိုးကို
မရိုက်ချိုးမိစေဘို့။
ငါတို့ရဲ့ ဘဝ,မှန်ကို
အမှောင်မချမိစေဘို့။
နိုင်ငံခြားကိုရောက်နေတဲ့ မင်းတို့အားလုံး
သားသမီးတွေရှေ့မှာ ဆီးသီးသည် မ,ဗျိုင်းလို
လုပ်မပြကြဘို့
ငါ...... အထပ်ထပ်တောင်းဆိုတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)