KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး
နှင့်
၈၈ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်
နှင့်
၈၈ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်
Source Photo from http://www.kareninformationcenter.com/images
အမေရိကန်သံအမတ်Derek Mitchell နှင့်အဖွဲ့
ကရင်ပြည်နယ်သို့ ရောက်ရှိ
By ဦးဝင်းမြင့်မဲဆောက်မြို့ (BBC Burmese service.)
January 11,2013
အမေရိကန်သံအမတ်Derek Mitchell နဲ့အဖွဲ့ဟာ ဒီကနေ့ပဲ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ကိုရောက်ရှိ
သွားပြီ ဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရက တာဝန်ရှိသူတွေနဲ့တွေ့ဆုံဘို့ရှိပါတယ်။
အခုညဦးပိုင်းမှာတော့ KNU က ရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အထွေထွေအ
တွင်းရေးမှူး ပဒိုကွယ်ထူးဝင်း တို့နဲ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးနောက်ဆုံးအခြေအနေတွေ ဒုက္ခသည် တွေရဲ့အရေးတွေနဲ့ဒေသဖွံ့ဖြိုး
ရေးအကြောင်းတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကရင်ပြည်နယ်အစိုးရက တာ ၀န်ရှိသူတစ်ဦးက အဲဒီလိုပြောပြတာဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ဘားအံမြို့က အရှေ့မြောက်ဘက်မှာရှိတဲ့ ကစိုကျေးရွာမှာ ကရင်နှစ်သစ်ကူးပွဲကို တက်ရောက်ဘို့ရှိပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း
Source Photo from http://www.kareninformationcenter.com/images
ပြီးတော့တခါ ပါတီအသီးသီးက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဘို့ရှိပါတယ်။
NLD ကရင်ပြည်နယ်တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့်နဲ့တော့ မနက်၁၀း၀၀ နာရီမှာတွေ့ဆုံဘို့ရှိတယ်လို့ သူ
ကပြောပါတယ်။
အဲဒီနောက်မှာတော့ မွန်ပြည်နယ် မော်လမြိုင်မြို့ကိုသွားရောက်မှာဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ တွေ့ဆုံ
ဘို့ရှိပါတယ်။ ပြီးတော့တခါ နိုင်ငံရေးပါတီတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
မွန်ပြည်နယ်အစိုးရနဲ့တွေ့ဆုံဘို့လည်းရှိပါတယ်။ ဒေသအတွင်း ဖွံ့ဖြိုးရေးအခြေအနေ ငြိမ်း ချမ်းရေးအခြေအ
နေနဲ့ ဒုက္ခသည်အရေးတွေကို ဆွေးနွေးဘို့ရှိတယ်လို့ ဆိုပါတယ်။ Derek Mitchell ဟာအရှေ့တောင်တိုင်း တိုင်းမှူးနဲ့တွေ့မယ် မတွေ့ဘူးဆိုတာကိုတော့ လောလာဆယ်မသိရသေးပါဘူး။
Derek Mitchell ဟာမကြာခင်ကပဲ ကချင်ပြည်နယ်ရဲ့အခြေအနေကို သွားရောက်လေ့လာပြီးတော့ အခုအ
ခါမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို လာရောက်လေ့လာနေတာဖြစ်ပါတယ်။
ဦးဝင်းမြင့်
မဲဆောက်မြို့ (BBC Burmese service.)