• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 17, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း အပိုင်း (၅)

Source Photo from http://www.bbcburmese.com/images 

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား

ပည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး
 
အခြေခံများမှ ၀ဘန်သုံးသပ်ခြင်း

အပိုင်း (၅)

အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၁၇) ရက် ၂၀၁၃ ခုနှစ်

၂၀၁၃ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့်
အရပ်သား လူထုများ သေကြေဒဏ်ရာရပြီးနောက် နိုင်ငံတကာမှ အမြန်ဆုံးတုန့်ပြန်သူမှာ ဗြိတိသျှပါလီမန်
ဖြစ်သည်။

ထိုနေ့မှာပင် ပါလီမန်အတွင်း ချက်ခြင်းအစည်းအဝေးခေါ်မေးမြန်းမှုများပြုကာ နှစ်ဖက်ကြားနိုင်ငံရေးဆွေး
နွေးမှုများ အမြန်ဆုံးလုပ်ဆောင်ရန်၊ အရပ်သားများသေကြေသည်အထိ စစ်ဆင်တိုက်ခိုက်မှုများဆက်လုပ်
နေပါက ဥရောပ သမဂ္ဂမှ ဆိုင်းငံထားခဲ့သည့် မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုကို ပြန်လည်သုံးသပ်နိုင်ကြောင်း
ဖိအားပေးခဲ့သည်။

ဇန်န၀ါရီလ (၁၅)ရက်နေ့တွင် ဥရောပသမဂ္ဂက,လည်း လိုင်ဇာတွင် အရပ်သားလူထုများသေကြေဒဏ်ရာ
ရ,မှုများကို ထောက်ပြပြီး စစ်ဆင်နေမှုများကိုရပ်ဆိုင်းရန်၊ စစ်ဘေးဒုက္ခသည်များအနေဖြင့် လူသားချင်းစာ
နာသည့် အကူအညီများ အဟန့်အတားမရှိ ရ,နိုင်ရေး ကို အရေးတကြီးဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာက စိုးရိမ်တကြီးနှင့် တိကျသော တိုက်
တွန်းမှုများ၊ ဖိအားပေးမှုများ ပေါ်လာခဲ့ပြီဖြစ်သော်လည်း ကချင်စစ်ပွဲနှင့် စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည်
သည် ယခုအချိန်အထိ လေ့လာမှုပင် သေချာစွာမလုပ်ဆောင်သေး။ ယေဘုယျမျှသာ ပြောဆိုလျှက် ရှိနေ
သည်။

ဇန်န၀ါရီလ ၁၅ ရက် နေ့တွင် သူမက --------- 
“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။
အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။
ကိုယ့်အချင်းချင်း ဘာပဲပြောပြော ပြည်ထောင်စုသားအချင်းချင်း ဒီလိုတိုက်ရတဲ့အထိ မဖြစ်အောင်လို့ အ
ချင်းချင်းကြားမှာ ဆွေးနွေးညှိုနှိုင်းမှု ရှိသင့်တယ် ဆိုတာ ခဏ,ခဏ,ပြောနေတဲ့ကိစ္စပဲ။
ဆွေးနွေးညှိုနှိုင်းပြီး အဖြေရှာတဲ့ယဉ်ကျေးမှု ဖော်ထုတ်နိုင်မှ ဒါတွေကို ရှောင်လွှဲနိုင်မှာပါ။”
 ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်းစစ်ပွဲကို မကြိုက်ပါ။ ငြိမ်းချမ်းရေးမြတ်နိုးသူမှန်သမျှ မည်
သူမျှလည်း ကြိုက်လိမ့်မည်ဟု မယူဆ,ပါ။
သို့ရာတွင် ယင်း စိတ်ဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်ပွဲများတည်ရှိလာခဲ့သည်မှာ ကမ္ဘာဦး အစ,ကထဲကဖြစ်သည်။
ယနေ့လည်းရှိနေသည်။ နောင်လည်းရှိနေဦးမည်ဖြစ်သည်။
စစ်ကို မကြိုက်သော်လည်း မတရားသောစစ်ကို တရားသောစစ်ခုခံဆင်နွှဲ၍ ငြိမ်းချမ်းမှုရှာခဲ့ရသည့် သာဓ
က,များ ကမ္ဘာ့သမိုင်း၌ များစွာရှိခဲ့သည်။
နိုင်ငံများနှင့် ဒေသကြီးအတော်များများတွင်သာမက ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များကို ကြည့်ပါ။
အဓိက,မှာ စစ်ပွဲများအား ကြိုက်ခြင်း မကြိုက်ခြင်းကို ရှေ့တန်းတင်ရန်မဟုတ်ဘဲ စစ်ပွဲများ ငြိမ်းသွားစေရေး
အတွက် သက်ဆိုင်ရာနိုင်ငံ၏ ထူးခြားသည့် အခြေအနေပေါ်မူတည်လျှက် အကောင်းဆုံးနည်းနာကို ရှာဖွေ
ရန်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သာမက စာရေးသူလည်း အကြမ်းဘက်မှုကိုမကြိုက်ပါ။
အေးအေးဆေးဆေး နေလိုသူမှန်သမျှ မည်သူမျှလည်း ကြိုက်လိမ့်မည် မဟုတ်ပါ။

သို့ရာတွင် လူတဦးက အခြားတဦးအား အကြမ်းဘက်မှုကျူးလွန်ပါက ကျူး လွန်ခံရသူအနေဖြင့် လက်သီး
နှင့် ထိုးတာလောက်ကိုမူ သည်းခံကောင်း ခံနိုင်ပါမည်။
ပေါက်ပြဲသွားလျှင် ဆေးကု၍ရ,နိုင်သောကြောင့်ဖြစ်သည်။ ငှက်ကြီးတောင်ဓါးနှင့် လာခုတ်လျှင်မူ အကြမ်း
ဘက်မှုကို မကြိုက်ပါဟု ဆိုကာ ငြိမ်ခံနေ၍မရပါ။ တွေ့ရာတုတ်တချောင်းကိုင်ပြီး ပြန်လည်ခုခံရပါမည်။
ငှက်ကြီးတောင်ဓါး နှင့် လာခုတ်ကြောင်း သက်သေ ထင်ရှားလျှင် ခုတ်ခံရသူက တုတ်နှင့်ပြန်ရိုက်သဖြင့် ဓါး
နှင့် ခုတ်သူသေဆုံးသွားပါစေဦး၊ ပြစ်မှုဆိုင်ရာဥပဒေအရ မိမိကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အတွင်းအကြုံး
ဝင်သဖြင့် တုတ်နှင့်ခုခံသူသည် ပြစ်မှုမမြောက်ပါ။
ဆိုလိုသည်မှာ အဆိုပါအခြေအနေမျိုး၌ ပြန်လည်အကြမ်းဖက်ခုခံခြင်းကို ဥပဒေကပင် ကို တရားဝင်ခွင့်ပြု
ထားပါသည်။ြ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း(၄) ကာကွယ်ခုခံပိုင်ခွင့် ဆိုင်ရာပြဌာန်းချက် ပုဒ်မ (၁၀၀)ကို လေ့
လာကြည့်ပါ။

ကာချုပ်မင်းအောင်လှိုင်ဦးဆောင်သည့်မြန်မာစစ်တပ်သည် ပင်လုံစာချုပ်ပါသဘောတူညီချက်ကို ချိုးဖေါက်၊
ကချင်ပြည်နယ်အတွင်းသို့ ကချင်လူထု၏သဘောဆန္ဒနှင့် ဆန့်ကျင်ပြီး အတင်းအကြပ်ဝင်ရောက်တပ်စွဲရုံ
သာမက စစ်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များနှင့် အမြောက်လက်နက်ကြီးများကိုပါသုံးကာ အ
ကြမ်းဖက်မှုကို ထင်ထင်ရှားရှား ပြုကျင့်နေခြင်း ဖြစ်သည်။ ကေအိုင်အို နှင့် ကချင်လူထုတွင် ကာကွယ်ခုခံ
ပိုင်ခွင့် အပြည့်အ၀,ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဘက်မှု ဦးဆောင်ကျူးလွန်သူစစ်အစိုးရကို အဘယ်ကြောင့် ပြစ်တင်
ရှုံ့ချခြင်း မပြုသနည်း။
အကြမ်းဖက်မှုကိုမကြိုက်ဟူ၍ ယေဘုယျမျှသာပြောနေလျှင် ရ,ရာလက်နက်နှင့် ပြန်လည်အကြမ်းဘက် ခု
ခံရ,သည့် ကေအိုင်အေ နှင့် ကချင်လူထုကိုပါ အကြမ်းဘက်သမားများ ဟူ၍ ပြောခြင်၍လော။
သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဘက်မှုကို မကြိုက်ဟုပြောသဖြင့် အကြမ်းဖက်လာသည့် မြန်
မာအစိုးရတပ်ဘာလုပ်လုပ် ပြုသမျှနုရ,တော့မည်လော။
ဥပဒေက ပေးအပ်ထားသည့် ပြန်လည်အကြမ်းဖက်ကာ ခုခံပိုင်ခွင့်ကိုပင် အသိ အမှတ်မပြု တော့ပြီလော။

“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှမကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်းမကြိုက်ဘူး။” ဆိုပါက စစ်ပွဲနှင့်အကြမ်းဖက်မှု
များ ချက်ခြင်းရပ်ဆိုင်းသွားအောင် စစ်အစိုးရ၏တပ်များ ကချင်ပြည်နယ်မှအမြန်ဆုံးရုပ်သိမ်းကာ နေပြည်
တော်သို့  ပြန်လည်ဆုတ်ခွာသွားဘို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန် နှင့် ကာချုပ်မင်းအောင်
လှိုင် တို့အားအတိအလင်းတောင်းဆို ရုံသာရှိသည်။

ယင်းသို့ဖြစ်လျှင် ကေအိုင်အေသည် နောက်မှထက်ချပ်လိုက်ပြီး မည်သည့်စစ်ဆင်မှုမျှလုပ်မည်မဟုတ်သည်
မှာ ရာနုန်းပြည့်သေချာသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ချက်ခြင်းရသွားပါမည်။ ယင်းသို့မတောင်းဆိုနိုင်လျှင်
“စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။ အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။”ဟု ခပ်လွယ်လွယ်မပြောသင့်ပါ။
ယင်းသို့ပြောခြင်းမှာ (ပင်လုံစာချုပ်အရ ရသင့်သည်လည်းဖြစ်၍ ကေအိုင်အို နှင့် ကချင်လူထုက တောင်းဆို
နေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအခွင့်အရေး တစုံတရာမျှပေးစရာမလိုဘဲ) နှစ်
ဖက် ချက်ခြင်းအပစ်ရပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က,ပါ ၀င်ရောက်ဖိအားပေးနေသလို သက်ရောက်
သည်။ တပ်များအသီးသီး နောက်ဆုံးရောက်ရှိနေသည့်aနရာတွင် ချက်ခြင်းရပ်ရ,မည့် သဘောဖြစ်သည်။

ဤတွင် ကေအိုင်အိုအနေဖြင့် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း မည်သည့် နိုင်ငံရေးအခွင့်အရေးမျှမရ,ရုံ
သာမက၊ ၁၉၉၄ အပစ်ရပ်ခဲ့သည့်မျဉ်းကြောင်းမှ စစ်အစိုးရ၏တပ်များက ထပ်မံကျူးကျော်တပ်စွဲမှုများ ပြီး
ခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ မှစ၍ ယနေ့ လိုင်ဇာမြို့နားရောက်လာသည်အထိ စစ်ရေးမဟာဗြူဟာ
အရ,အရေး ပါသော တောင်ကုန်း များအား စစ်အစိုးရ၏တပ်များက တိုးချဲ့သိမ်းပိုက်တပ်စွဲမှုများအား အသိ
အမှတ်ပြုပေးရဦးမည့် အနေအထားသို့ရောက်ရှိသွားသည်။
ဤတွင် တနှစ်ခွဲကျော် မလွှဲမရှောင်သာ ခုခံစစ်ဆင်နွှဲနေရသော ကေအိုင်အိုနှင့်ကချင်လူထု ထပ်မံနစ်နာ ပါ
ဦးမည်။

နိုင်ငံရေးအရ ဆွေးနွေး၊ ညှိနိုင်းမှုကို ငြင်းပယ်ခဲ့သူမှာ မည်သူနည်း

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး၊ ညိနိုင်းသည့် အလုပ်၏အရေးကြီးမှုကို မကြာမကြာ မီးမောင်းထိုးပြ
လေ့ရှိသည်။ ကချင်စစ်ပွဲကိုရည်ညွှန်းလျှက်ပင် မဆွေးနွေးနိုင်လို့စစ်တိုက်ကြရ,တာဟူ၍ သူမ,က,ထောက်
ပြခဲ့ဘူးသည်။
ဆွေးနွေး ညှိနိုင်းသည့် အလုပ်၏အရေးကြီးမှုကို ငြင်းဆိုရန်အကြောင်းမရှိပါ။ သို့ရာတွင် ဆွေးနွေးညှိုနှိုင်းပြီး
အဖြေရှာတဲ့ ယဉ်ကျေးမှုဖော်ထုတ်နိုင်မှ ဟူ၍ သူမ,က,သုံးစွဲသွားသောအခါတွင်မူ အဓိပ္ပါယ်မှာ အခြားအ
စွန်းတဘက်သို့ ရောက်သွားပါသည်။

မြန်မာနိုင်ငံတွင် ဆွေးနွေးညှိနိုင်းအဖြေရှာသည့်ယဉ်ကျေးမှုမရှိခဲ့သလိုလို၊ ဒေါ်အောင်ဆန်းစုကြည် ထောက်
ပြမှ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံ လူမျိုးအသီးသီးသည် ဆွေးနွေးညှိနိုင်းပြီး အဖြေရှာသည့် ယဉ်ကျေး
မှုကို စ,တင်ကျင့်သုံးရ,မလိုလိုဖြစ်နေသည်။

ပဒေသရာဇ်ခေတ်ကို ပင်ပြန်ကြည့်ပါ။ ဘုရင်များအချင်းချင်း စစ်တိုက်ကြ၊ ဆွေးနွေးညှိနိုင်းပြီးစစ်ရပ်စဲခဲ့ကြ
သည့်သာဓက,များ များစွာရှိခဲ့သည်။ အနီးခေတ်သမိုင်းကိုလည်း ပြန်ကြည့်ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီက
ပြည်တွင်းစစ်ရပ်စဲနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် စစ်ခေါင်းဆောင်အဆက်ဆက်ကိုအကြိမ်
ပေါင်းများစွာ ကမ်းလှမ်းခဲ့ဘူး သည်။

တိုင်းရင်းသားတပ်ပေါင်းစုများသည်လည်း ထိုနည်းအတူပင်။ ရှစ်လေးလုံးအတွင်း ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံရေးနယ်ထဲ စ,ရောက်လာခဲ့သည့်နောက်ပိုင်း အဓိက,တပ်ပေါင်းစုကြီးဖြစ်ခဲ့သော မြန်မာပြည်ဒီမိုကရက်
တစ် မဟာမိတ် အဖွဲYချုပ်ကလည်း စစ်အစိုးရအား နိုင်ငံရေးအရ,ဆွေးနွေးရန် စ,တင်လက်ကမ်းခဲ့သည့် အ
ကြိမ်အရေအတွက်မှာ မနည်းလှ။

(၁၇) နှစ်တာ အပစ်အခတ်ရပ်စဲထားခဲ့သည့် ကာလများအတွင်း နိုင်ငံရေးအရ ဆွေးနွေးရန် ကေအိုင်အို တ
ဖွဲ့တည်းက တောင်းဆိုသည်ကိုပင် စစ်အစိုးရက မည်သည့်အခါကမျှ လိုက်လျောခဲ့ခြင်းမရှိ။

ဒေါ်အောင်ဆန်းစုကြည် ၁၅နှစ်ကြာမျှ အိမ်အချုပ်နှင့်ရှိနေခဲ့စဉ်အတွင်း နယ်စပ်အခြေပြု ဒီမိုကရေစီ အင်
အားစုများနှင့် တိုင်းရင်းသားအင်အားစုများ ပူးပေါင်းကာ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအရေးနှင့်စပ်လျှဉ်း၍
သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပ,ရေး ဆုံးဖြတ်ချက်ထွက်လာစေရန် တောင်းဆိုကြိုးပမ်းခဲ့ကြသည်။
တောင်းဆိုသည့်အတိုင်းပင် ကုလသမဂ္ဂ က,လည်း အကြိမ်ကြိမ်ချမှတ်ပေးခဲ့သည်။ လက်တွေ့ငြင်းပယ်ခဲ့သူ
မှာ မည်သူနည်း။ ဆွေးနွေး ညှိနိုင်းပြီး အဖြေရှာသည့်ယဉ်ကျေးမှုကို နှစ်ပေါင်းငါးဆယ် တောက်လျှောက်
ငြင်းပယ်နေသူမှာ စစ်အစိုးရ နှင့် စစ်အာဏာရှင်စနစ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်“ထိုးစစ်တွေချက်ခြင်းရပ်ပြီး နိုင်ငံရေးအရ,ဆွေးနွေးညှိနိုင်းမှုတွေလုပ်ပါ။
ဟု ပြောခြင်လျှင် ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိစစ်အစိုးရ ကို တည့်တည့် ပြောဘို့လိုပါမည်။
ဝါးလုံးရှည်နှင့်ရမ်းပြောနေလျှင် မည်သို့မျှ ထိရောက်နိုင်မည် မဟုတ်ရုံသာမက,တော်လှန်ရေးအဖွဲ့အစည်း
များ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများက,နိုင်ငံရေးအရ,တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောက်
လျှောက်တောင်းဆိုနေမှုကို အသိအမှတ်မပြုရာ ကျပါမည်။ ထို့အပြင် ယဉ်ကျေးမှုကင်းမဲ့သည့် သဘောမျိုး
သုံးနှုန်းလိုက်သောအခါ အဖိနှိပ်ခံလူထုကြီးကိုပါ လူရိုင်းများအဖြစ် ရည်ညွှန်းရာရောက်သွားနိုင်ပါသည်။

အမှန်တရားကို ရှာဖွေခြင်းနှင့် ဖေါ်ထုတ်ခြင်းသည် လူ့လောက၏တန်ဘိုး

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ခရီးစဉ် အတွင်းတွင် ပြောကြားသွားခဲ့သည့် အောက်ပါ
မိန့်ခွန်းကို လေ့လာခြင်းဖြင့် ကချင်ပြည်နယ်စစ်ပွဲများနှင့်စပ်လျှဉ်း၍ သူမ,ရှာဖွေလျှက်ရှိသောအရာကို နား
လည်နိုင်သည်။

“ကချင်ပြည်နယ်မှာ ဖြစ်တဲ့ ပဋိပက္ခတွေနဲyပတ်သက်ပြီး တချို့က,ကျမကို မကြေနပ်ကြဘူး။
မကြေနပ်တာက,တဘက်ကို ဘာဖြစ်လို့မပြောသလဲပေါ့နော်။
ကိုယ်မကြိုက်တဲ့ ဘက်နဲ့ပတ်သက်လို့ အဲသည်ဘက်က လုပ်တာတွေဟာ မှားတယ် အပြစ်ရှိတယ် ဆိုတာ
ဘာဖြစ်လို့တင်းတင်းမာမာ ပြင်းပြင်းထန်ထန် မပြောလဲဆိုတာ မကြေနပ်တာတွေ ရှိကြပါတယ်။
သည်လိုပြင်းပြင်းထန်ထန် တဘက်ကို ပြောလို့ဘာဖြစ်လာမလဲ စဉ်းစားကြည့်ပါ။
နှစ်ဘက်လုံး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထားလိုက်။
တဘက်ကို ပြင်းပြင်း ထန်ထန်ပြောရင် ဟိုတဘက်က ကြေနပ်မှာလား။
အချင်းချင်း ပဋိပက္ခတွေ ပိုပြီးကြီးသွားမယ်။
ကျမက ပြင်းပြင်းထန်ထန် မပြောလို့ မကြေနပ်ရင် မကြေနပ်ပါစေ ရ,တယ်။
(လက်ခုပ်သံများ) ပဋိပက္ခတွေ ပိုပြီးကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ မလုပ်နိုင်ဘူး။” 

ဒေါ်အောင်ဆန်းစုကြည်က ပြဿနာကိုချဉ်းကပ်ပုံမှာ ခလေးနှစ်ယောက်မုံ့တခုကို သူရ,ထိုက် ကိုယ်ရ,ထိုက်
လုရင်း ရန်ဖြစ်ကြသည့်အခါ မိခင်က နှစ်ယောက်လုံးကြေနပ်သွားအောင် ၀င်ပြီးဖျန်ဖြေသည့် စဉ်းစားပုံမျိုး
ဖြစ်နေသည်။
တတိုင်းပြည်လုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှသည့် ပြည်တွင်းစစ်ပြဿနာကို ဤသို့မချဉ်း
ကပ်သင့်ဟု ယူဆ,သည်။ ပြဿနာကို ဖြေရှင်းမည်ဆိုလျှင် ၎င်း၏အရင်းခံအကြောင်းကိုရှာရ,ပါမည်။
ဤသည်မှာ အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်သည်။ အမှန်တရားကို ရှာဖွေ ဖေါ်ထုတ်ရပါမည်။
အမှန်တရားဘက်တွင် ရပ်တည်ဖြေရှင်းရန် ကြိုး ပမ်းဘို့လိုပါမည်။

အမှန်တရားသည် လောက၏ သစ္စာဖြစ်သည်။ “ဘာသာရေးတွေ အားလုံးရဲ့ဘာသာရေးဟာ အမှန်တရား
ဖြစ်တယ်။” ဟူ၍ ထင်ရှားသည့် အိန္ဒိယ ယောဂီကြီးတပါးက မိန့်ကြားခဲ့ဘူးသည်။ တောင်အာဖရိကနိုင်ငံ
အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွင်း အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင် ဟူသည်ကိုပင်
ဖွဲ့စည်းဆောင်ရွက်ခဲ့ရ,သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောက်ပါ စကားလုံးများကို အသေအချာလေ့လာကြည့်မည်ဆိုလျှင် အမှန်တ
ရားကို ပေါ့ပေါ့ပင်သဘောထားနေသည်ဟု သုံးသပ်ရ,ပါမည်။

“နှစ်ဘက်လုံးဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထားလိုက်။
တဘက်ကို ပြင်းပြင်းထန်ထန်ပြောရင်ဟိုတဘက် က ကြေနပ်မှာလား။
အချင်းချင်း ပဋိပက္ခတွေ ပိုပြီးကြီးသွားမယ်။” 

ဝမ်းနည်းစွာဆိုပါမည်။ အထက်ပါ စကားလုံးအရ,ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တရားကိုရှာ
ဖွေသူမဟုတ်တော့ပါ။ သို့ဖြစ်လျှင် သူမ,သည် အမှန်တရားကိုမြတ်နိုးသူ၊ အမှန်တရားကိုအလေးအနက်
ထားကာ ဖေါ်ထုတ်မည့်သူ၊ အမှန်တရားအတွက် တိုက်ပွဲဝင်မည့်သူဟု မြှော်လင့်နိုင်ပါတော့မည်လား။

သူမ,အနေဖြင့် အမှန်တရားမှာ အဓိက,မဟုတ်တော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်မှုပင် ဖြစ်စေ
ဦး၊ ယင်းကို ဖေါ်ထုတ်ဘို့မှာ ပဓါန,မကျတော့။ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူ မကြေနပ်မှာပင်
စိုးရိမ်နေရသည်။ ထိုသူ မကြေနပ်အောင် သွားမလုပ်နှင့်။ ပြသနာတွေ ပိုပြီးတက်လာနိုင်သည်။ ပဋိပက္ခတွေ
ပိုပြီးကြီးထွားသွားနိုင်သည်။ သို့ဖြစ်၍ ပဋိပက္ခတွေ ကြီးထွားမလာစေရေးအတွက်ထိုသူမကြိုက်အောင် ပြင်း
ပြင်းထန်ထန်မပြောနှင့် ဟု ဆိုလိုခြင်းပင်။ ယင်းမှာ အမှန်တရားကို ဖိနှိပ်၊ ချိုးနှိမ်၊ ကျူးလွန်သူများဖြစ်စေဦး
တော့ ထိုသူများကြေနပ်စေရေးက အဓိက,ကဲ့သို့ ဖြစ်နေသည်။

ရှေးသရောအခါ၌ “မတရားတဲ့အမိန့်အာဏာ ဟူသမျှ၊ တာဝန်အရ၊ ဖီဆန်ကြ။” ဟူ၍ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ကကြွေးကြော်သံထုတ်ကာ လူထုကိုလှုံ့ဆော်စည်းရုံးခဲ့ဘူးသည်။
ထိုကြွေးကြော်သံကို ဒီချုပ်ခေါင်းဆောင်များ ၀ိုင်းဝန်း ရေးသားခဲ့ကြစဉ်က “ တာဝန်အရ” ဟူသော စကား
လုံးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထည့်သွင်းခဲ့သည်ဟု လေ့လာရသည်။ ယခု ဒီချုပ်၏ ဥက္ကဌကြီး
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါဆောင်ပုဒ်ကို မည်သို့သဘောထားပါဦးမည်နည်း။
ယနေ့အချိန်တွင် မြန်မာနိုင်ငံအတွင်း၌ မတရားတဲ့အမိန့်အာဏာများ ကင်းစင်သွားပြီဖြစ်သဖြင့် ယင်းဆောင်
ပုဒ်အား အသုံးပြုရန်မလိုတော့ဟု ပြောပါမည်လား။ သို့မဟုတ် ဆောင်ပုဒ်ကို “မတရားတဲ့အမိန့်အာဏာ ဟူ
သမျှ၊ တာဝန်အရ၊ ငုံ့ခံကြ။” ဟူ၍ ပြောင်းလဲလိုပါသလား။
ဤသို့ပြောင်းလဲ ကျင့်သုံးလျှင် ဥပဒေစိုးမိုးရေးရ,နိုင်ပါမည်လား။

လူ့အခွင့်အရေးချိုးဖေါက်မှုကို ဒေါ်အောင်ဆန်းစုကြည်
တကယ်တန်း အရေးယူဆောင်ရွက်မည်လား 

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲကို ရည်ညွှန်းသည့် အထက်ပါ မိန့်ခွန်းနှင့် တဆက်တည်းမှာ
ပင် လူ့အခွင့်အရေးချိုးဖေါက်မှုနှင့်စပ်လျှဉ်း၍ သူမ,က,အောက်ပါအတိုင်း ပြောကြားသွားခဲ့သည်။

“လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုရင်တော့ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြောပါရစေ။
ဘယ်သူရဲ့လူ့အခွင့်အရေးဘဲဖြစ်ဖြစ် ချိုးဖေါက်မှုတွေကိုတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။
တရားဥပဒေအရ,မှန်မှန်ကန်ကန် မျှမျှတ,တ, မလုပ်ခြင်းဆိုရင်လဲ ကျမ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါ
တယ်။” (သြဘာသံများ)

ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ပြောကြားချက်ကို လှိုက်လှဲစွာ ကြိုဆိုရပါမည်။
သူမ,၏ ရိုးသားသည့် စေတနာလည်းဖြစ်နိုင်ပါသည်။ သို့ရာတွင် ပွင့်လင်းစွာဆိုရလျှင် ယခုအချိန်အထိမူ
လူထုအကြိုက် လိုက်ပြီးပြောသည့်အဆင့်၊ အပြောသက်သက်အဆင့်တွင်သာ ရှိနေသေးသည်။ လက်တွေ့
၌ ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် မည်သည့်လူ့အခွင့်အရေးချိုးဖေါက်မှု တစုံတရာကိုမျှ ဒေါ်အောင်
ဆန်းစုကြည်ကိုယ်တိုင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေကြောင်း မကြားသိရပါ။

သာမန်လူ့အခွင့်အရေးချိုးဖေါက်မှု အဆင့်ကိုကျော်ရုံသာမက,စစ်ရာဇ၀တ်မှုကြီးကို ကျူးလွန်သည့် အဆင့်
သို့ရောက်နေပါပြီ။ သာဓက,တခုပြပါမည်။ ကချင်ပြည်နယ်၏ဒေသတခုအတွင်း ကျူးလွန်ခံခဲ့ရသည့် မိသား
စုတစုအား စာရေးသူကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့သည့် မှုခင်းတခုကို အကျဉ်းမျှ ပြန်လည်မျှဝေပါမည်။
ကာယကံရှင်များ၏ လုံခြုံရေးအရ ၎င်းတို့၏ အမည်နှင့် ဖြစ်ပွားရာဒေသကိုမူ ဤတွင်ဖေါ်ပြမည်မဟုတ်ပါ။

အစိုးရ,စစ်တပ်များ ၎င်းတို့၏ရွာအတွင်းသို့ဝင်ရောက်လာခဲ့ကြသည်။ ရွာအတွင်းတွင် တိုက်ပွဲလည်းမဖြစ်။
မည်သည့် ကေအိုင်အေ စစ်သားမျှလည်းမရှိ။ ရွာသူရွာသားများအားလုံးနီးပါးမှာ ကြောက်လန့်၍ ထွက်ပြေး
သွားခဲ့ကြသည်။
၎င်းတို့မိသားစုတွင် သားသမီးနှစ်ဦးရှိသည်။ ခင်ပွန်း၏ ဖခင်မှာ အသက်ကိုးဆယ်အရွယ်အဖိုးအို ဖြစ်သည်။
၎င်းလည်း အတူတကွ တအိမ်တည်းနေထိုင်ခဲ့ကြသည်။ ခင်ပွန်းက ဖခင်အိုကြီးကိုပါ တပါတည်းခေါ်ဆောင်
ကာ မိသားတစုလုံး ထွက်ပြေးကြရန်ပြင်ဆင်ရာ ၎င်းက,တူးတူးခါးခါး ငြင်းဆန်သည်။ သူ အသက်ကြီးပြီဖြစ်
၍ အခြားနေရာသို့မသွားလိုတော့။ သွားလည်း မသွားနိုင်တော့။ သူတသက်လုံးနေထိုင်ခဲ့သည့် ဤရွာမှာပင်
အသေခံတော့မည်ဟု ဆိုသည်။ သို့နှင့် ခင်ပွန်းသည်မှာလည်း ဖခင်အိုကြီးကို ပစ်ထားပြီး မသွားရက်နိုင်သ
ဖြင့် ဇနီးနှင့် ခလေးနှစ်ဦးကို အခြားရွာသူရွာသားများနှင့် အတူ ထွက်ပြေးနိုင်အောင် စီစဉ်ပေးလိုက်သည်။
သူက,မူ ဖခင်အိုကြီးနှင့်အတူ ရွာနှင့်မလှမ်းမကမ်းတနေရာ တောစပ်ထဲတွင် ပုန်းအောင်းကျန်ခဲ့သည်။

သစ်ခက်သစ်ရွက်များကို အိပ်ယာ အိပ်ခင်းသဘွယ်ပြု၍ မြောက်သတ္တ၀ါများကဲ့သို့သားအဖ နှစ်ဦးအိပ်စက်
နားနေကြရင်း ရွာတွင်းရှိ အစိုးရစစ်ကြောင်း၏ အရိပ်အခြေကို စောင့်ကြည့်နေကြသည်။ ဇနီးနှင့် ခလေးနှစ်
ဦးမှာ သွားလာရေး အခက်အခဲအမျိုးမျိုးကို ဖတ်သန်းပြီး ဒုက္ခသည်စခန်း တခုသို့ရောက်သွားကြသည်။
ခင်ပွန်းသည်က,၎င်းတို့တွင်ရှိသော တရုတ်ဖုံးကိုသုံး၍ ဇနီးထံ အစိုးရ,စစ်ကြောင်း၏အခြေအနေကို ဆက်
တိုက်ပြောပြနေရင်းအားပေးနှစ်သိမ့်ခဲ့သည်။

“မိန်းမရေ။ မပူနဲ့ကွ။ စစ်သားတွေ ရွာကနေ ထွက်သွားကြတော့မယ်။ ငါတို့အိမ်ကလေး အခုအချိန်အထိ
ဘာမှမဖြစ်ဘူး။ မင်းတို့ကျမ္မာအောင်နေ။ စိတ်မပူနဲ့။” ယင်းသို့အထပ်ထပ်အားပေးနေသည့်အတွင်း သူ့မျက်
စိရှေ့မှောက်မှာပင် စစ်သားများက,သူတို့မိသားစု၏ အိမ်ကလေးအပါအ၀င် ရွာအတွင်းရှိအိမ်အချို့ကို မီးရှို့
လိုက်ကြသည်။ ခင်ပွန်းသည်မှာ ကြည့်နေရင်းမှပင် စိတ်ပိုင်းဆိုင်ရာ ကြီးမားစွာထိခိုက်ခံစားလိုက်ရသည်။
အရူးတပိုင်းမျှ ဖြစ်သွားခဲ့သည်။ ရွာအတွင်းမှ အစိုးရစစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သော်လည်း
သူသည် သူ့မိသားစုရှိရာ ဒုက္ခသည်စခန်းသို့သွားရောက်ပြီး မနေနိုင်။
ဖခင်အိုကြီးကို စောင့်ရှောက်ပြီး နေရသည်။ နေစရာအိမ်မရှိ။ စားစရာလည်းမရှိ။ မီးလောင်ပြီး ကျန်ခဲ့သည့်
စပါး အကြွင်းအကျန်များကို ရှာဖွေကာ ထုထောင်း အခွံချွတ်ချက်ပြုတ်ပြီး ဖခင်အိုကြီးကို ကျွေးမွေးရသည်။
ဤသည်မှာ တကယ့်အဖြစ်အပျက်ပါ။ ထိုမိသားစုမှာ ယခုတိုင်အသက်ရှင်နေဆဲဖြစ်သည်။

အလားတူ နိုင်ငံတကာစစ်ရာဇ၀တ်မှုမြောက်သည့်မှုခင်းမျိုးများ ကချင်ပြည်နယ်တွင် အတော်များများ ဖြစ်
ပွားလျှက်ရှိသည်။
“လူ့အခွင့်အရေးချိုးဖေါက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟူ၍ ကမ္ဘာသိကြေငြာကာ
လူထုအများ၏ သောင်းသောင်းဖျဖျ သြဘာလက်ခုပ်များကိုခံယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် က
ချင်ပြည်နယ်အတွင်းရှိမည်သည့် အမှုအခင်းတခုတလေကိုမျှ အရေးယူကိုင်တွယ်နေသည်ဟု မကြားမိပါ။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၄) ရက်နေ့က လိုင်ဇာတွင် စစ်အစိုးရတပ်များက လက်နက်ကြီးများနှင့် ပစ်ခတ်
သဖြင့် အရပ်သားသုံးဦးသေဆုံး၊ လေးဦးဒဏ်ရာရခဲ့သည်။ဤသည်မှာလည်း စစ်ရာဇ၀တ်မှုအထင်အရှား
ပင်။

လူထုတွေ သေကြေတဲ့အထိ ပစ်ခတ်တိုက်ခိုက်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို ပြင်းပြင်းထန်ထန်
ကန့်ကွက်ပါတယ်။” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်သည် နုတ်ကလေးမျှပင် ဖွင့်ဟ,ခြင်းမရှိပါတကား။

“ကျမက ပြင်းပြင်းထန်ထန် မပြောလို့မကြေနပ်ရင် မကြေနပ်ပါစေ ရတယ်။” ဟူ၍ ပြောင်ပြောင်တင်းတင်း
ပြောခဲ့သလိုပင်။ သူမ,သည် မည်သူကြေနပ်သည် ဖြစ်စေ၊ မကြေနပ်သည် ဖြစ်စေ၊ ဂရုစိုက်လိမ့်မည် မ
ဟုတ်ဟူသည့် အနေအထားမျိုးနှင့် ခပ်တင်းတင်းပင်ဆက်လက်လျှောက်လှမ်းတော့မည်လား။
စိုးရိမ်မိသည်မှာအမှန်ပင်။
ဒီမိုကရေစီရေး လှုပ် ရှားမှုကြီးအတွင်းမှာပင် လူထုအသံဟူသည်မှာ အဓိပ္ပါယ်ရောရှိရဲ့လား။
နိုင်ငံတကာ စစ်ရာဇ၀တ်မှုကဲ့သို့သော မှုခင်းကြီးများကိုပင် ဥပက္ခာပြုထားနေလျှင် ဥပဒေစိုးမိုးရေးကို မည်
သည့်အခါတွင် ရနိုင်ပါမည်နည်း။ အစရှိသဖြင့် တွေးတောစရာ တပုံတပင်ရှိလာပါတော့သည်။

ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆောင်ရွက်ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သည့်အခါ
တွင် အကျိုးရှိနိုင်မည်နည်း။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲအရှိန်ပြင်းထန်လာသည်နှင့် အမျှ
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရန် တောင်းဆိုသံများ ပို၍ပို၍ ကျယ်လောင်စွာ ကြားလာရသည်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်သည် ဆိုစေဦး။ မည်သည့် အနေအထားဖြင့် ဆောင်ရွက်မည် ဟူ
သည်မှာ အရေးကြီးလာသည်။ အမှန်တရားကို မဖေါ်ထုတ်၊ အမှန်တရားဘက်မှ မရပ်တည်ဘဲ၊ အလယ်မှာ
နေသည်ဟု ကြွေးကြော်ကာ မရှင်းမရှင်း ဆောင်ရွက်မှုများ ရှိလာလျှင် နစ်နာမှုများပေါ်ပေါက်လာနိုင်မလား
ဟူ၍ ရိုးသားစွာ စိုးရိမ်မိသည်။ အဘယ်ကြောင့်နည်း။

စစ်အစိုးရဘက်က နိုင်ငံရေးဆွေးနွေးမှုများ လုပ်မည်ဟု ကမ်းလှမ်းရာတွင် ဦးအောင်မင်း က ဥပဒေဘောင်
အတွင်းက ပေးနိုင်သမျှ အခွင့်အရေးများ အားလုံးပေးသွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။
ဦးအောင်မင်းဆိုလိုသည့် ဥပဒေဘောင်ဆိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ဆိုလိုခြင်းဖြစ်
သည်။ လိုင်ဇာကို လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် အစိုးရ၏ ပြန်ကြား
ရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ အပြောကို လေ့လာမည်ဆိုလျှင်လည်း အပစ်အခတ်ရပ်စဲရေးမှာ အဓိကဖြစ်သည်။
ဦးသိန်းစိန်အစိုးရ အနေဖြင့် ကေအိုင်အေအား အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးစေခြင်သည်မှာ တပိုင်း
သေလောက်အောင် ဆန္ဒရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အပစ်ရပ်ပြီးလျှင် ရခိုင်ပြည်နယ်မှ သဘာ
ဝ,ဓါတ်ငွေ့များ တရုတ်ကိုရောင်းချုနိင်ရေးအတွက် ကချင်ပြည်နယ် နယ်စပ်ကို ဖြတ်သန်းသွားသည် ပိုက်
လိုင်းတည်ဆောက်ရေးလုပ်ငန်းများ လုံခြုံစွာလုပ်ဆောင်နိုင်မည်။
အစိုးရလိုင်စင်ချပေးထားသည့် ကျောက်တွင်းတူးကုမ္ပဏီများက တူးယူထားပြီး ဖားကန့်ဒေသ ဂိုဒေါင်များ
အတွင်းမှာ ပင်အောင်းနေသည့် ကျောက်စိမ်းတုံးများကို ထုတ်ယူကာ နေပြည်တော်တွင် ကျောက်မျက်ရတ
နာပြပွဲခင်းကျင်း ရောင်းချနိုင်တော့မည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်ုးကို ပြန်လည်လုပ်ဆောင်နိုင်မည်။
ကချင်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်းသစ်များကို ဖေါက်ပြီးအ
ကျိုးအမြတ်ရှာနိုင်တော့မည်။

သို့ဖြစ်၍ အပစ်အခတ်ရပ်စဲရေးကို ဦးတည်၍ ထိုးစစ်ကြီးများဆင်နွှဲ၊ စစ်ရေးအရ အကြီးအကျယ် ဖိအားပေး၊
အရပ်သားများနေထိုင်နေကြသည်ကို သိပါလျှက် လိုင်ဇာမြို့ကိုပါ အမြှောက်ကြီးများနှင့်ပစ်ခဲ့ခြင်း ဖြစ်သည်။
အရပ်သားများ သေကြေသည်အထိ စစ်ဖြစ်နေပြီဟု တကမ္ဘာလုံးက သိသွားလျှင် နှစ်ဖက်အပစ်အခတ် ရပ်
ကြဘို့ဖိအားပေးမှုများ အားကောင်းကောင်းနှင့် ကျရောက်လာမည်။
အပစ်အခတ်ချက်ခြင်းရပ် ဟူသောအသံများ ကျယ်ကျယ်လောင်လောင် ထွက်လာမည်။ ထိုအခါတွင်အစိုးရ
ဘက်ကတော့ အပစ်ရပ်ရန် အသင့်ရှိပါလျှက် ကေအိုင်အေက မိုက်မိုက်ကန်းကန်း ဆက် တိုက်နေသဖြင့် မ
သေသင့်သောလူထုများသေကြေနေခြင်းဖြစ်သည် ဟု အစိုးရက,အသံကောင်းဟစ်ဦးမည်။
ဤသည်မှာ အမှန်တရားဖြစ်သည်။

ယင်းအမှန်တရားကို ဒေါ်အောင်ဆန်းစုကြည် သိမြင်ဘို့ကြိုးစားပါမည်လား။
သိမြင်သည်ထားဦးတော့ ကမ္ဘာသိအောင် ဖေါ်ထုတ်ရဲပါမည်လား။ “စစ်ပွဲဆိုရင် ဘာစစ်ပွဲမှ မကြိုက်ဘူး။
အကြမ်းဖက်မှုကိုလည်း မကြိုက်ဘူး။” ဟူ၍သာ တတွတ်တွတ် ရွတ်နေရုံမျှဆိုလျှင်မူ ဦးသိန်းစိန်၏ စစ်အ
စိုးရက များစွာဝမ်းမြောက်ပါမည်။ နှစ်ဘက် အပစ်အခတ်ရပ်စဲရေးသာ အဓိက,ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေ
ခံဥပဒေ သက်ဆိုးရှည်စေမည့် နိုင်ငံရေးဆွေးနွေးပွဲကိုသာ ဦးတည်နေသောကြောင့်ပင်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများ၏ အရင်းခံမှာ ပြည်ထောင်စုတည်ဆောက်ရေးပြဿနာ
ဖြစ်သည်။ ယင်းနှင့်စပ်လျှဉ်းသည့် အမှန်တရားမှာ ပင်လုံစာချုပ်ဖြစ်သည်။ ပင်လုံစာချုပ်ပါ တိုင်းရင်းသား
ပြည်နယ်များ၏ အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖေါ်ဆောင်ရန်ကြိုးပမ်းမည်ဆိုလျှင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ,အလုပ်မဖြစ်နိုင်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီး (၁၁)
ဖွဲ့နှင့်ဖွဲ့စည်းထားသည့် ယူအင်န်အက်ဖ်စီက ပြောကြားခဲ့ပြီးဖြစ်သည်။ အဖွဲ့ဝင်တဖွဲ့ဖြစ်သည့် ကေအိုင်အို က
လည်း ယင်းအတိုင်းပင်ရပ်တည်သည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တောင်းဆိုသည်။ ၂၀၁၃ ဇန်န၀ါရီလ (၁၄)ရက်နေ့မှာပင်
ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း၏ အောက်ပါအင်တာဗျူးကို လေ့လာပါ။

“အဓိက,ကတော့ တိုင်းရင်းသားတွေ ပြောဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ၀ိုင်းပြီးတော့တည်ဆောက်
နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို စ,တင်ဖို့ပါပဲ။ အရင်တုန်းက (အစိုးရက) နိုင်ငံရေးဆွေးနွေးဘို့ မပြောဘူး။
ဒီနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးရ,အောင်လို့ ပြောလာတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ ၂၀၀၈ အခြေခံဥ
ပဒေဘောင်ထဲကပဲ လုပ်ဆောင်သွားကြမယ် ဆိုတာမျိုး။ ပြောရရင်တော့ ဒီနိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့
ကိစ္စလည်း အဖြေကောင်း ရနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့်
တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုကို ပုံဖော်
သွားမယ်ဆိုရင်တော့ ဒီကိစ္စလွယ်လွယ်နဲ့ ပြေလည်သွားမှာပါ။ အခု သူတို့ ဆန္ဒရှိပြီး အခု ဖော်ထုတ်လိုက်
တာနဲ့ တစ်ရက် နှစ်ရက်အတွင်းမှာ အေးငြိမ်းသွားနိုင်တဲ့ကိစ္စဖြစ်တယ်။”

လမ်းနှစ်သွယ်မှာ ရှင်းနေပါသည်။ ဦးသိန်းစိန်အစိုးရက အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးလုပ်၊ နိုင်ငံရေး
ဆွေးနွေးပွဲဟူသည်ကို မြှောထားကာ ကေအိုင်အိုအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
အား၂၀၀၈ ဖွဲ့စည်းပုံ ဘောင်အတွင်းသို့ပြန်လည်ရိုက်သွင်းရန်သာဖြစ်သည်။
အမျိုးသားညီလာခံကို ၁၅နှစ်တာ အချိန်ဆွဲကာ ဦးဆောင်ကျင်းပ,ခဲ့သော ဦးသိန်းစိန်သည် မည်သည့်ဦး
တည်ချက်ကို သွားမှန်းမသိသော နိုင်ငံရေးဆွေးနွေးပွဲဟူသည်ကို နောက်ထပ်နှစ်ပေါင်းများစွာ အချိန်ဆွဲကာ
ကျင်းပ,သွားရန်မှာ မည်သို့မျှအခက်အခဲမရှိနိုင်ပါ။ ဤသည်မှာ စစ်အစိုးရ လျှောက်လှမ်းနေသော နိုင်ငံရေး
လမ်းကြောင်းဖြစ်သည်။

သို့ဖြစ်၍ ကေအိုင်အိုသည် နိုင်ငံရေးဆွေးနွေးပွဲ၏ တိကျသောဦးတည်ချက်ကို ကြိုတင်အာမခံချက် ရ,ထား
လိုပုံရှိသည်။ ပင်လုံစာချုပ်ကို ပြန်လည်ဖေါ်ထုတ်ကျင့်သုံးရန်အပစ်အခတ်ရပ်စဲရေးပျက်ပြီးကတည်းက,ကေ
အိုင်အိုက ပိုမိုအလေးအနက်ထားတိုက်တွန်းလျှက်ရှိသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို
လည်း ထပ်ခါထပ်ခါ တင်ပြလျှက်ရှိသည်။
ပင်လုံစာချုပ်အခြေခံပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု ဦးသိန်းစိန်အစိုးရ,က တရား
ဝင်ကြေငြာပြီးနောက်တွင် အပစ်အခတ်ရပ်စဲရေးကို လက်ခံ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သွားလိုပုံရ,
သည်။ ဤသည်မှာ ကေအိုင်အိုလျှောက်လှမ်းလိုသော နိုင်ငံရေးလမ်းကြောင်းဟု စာရေးသူနားလည်သည်။

ကချင်ပြည်နယ်စစ်ပွဲကို အဓိက,ထားလျှက် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ၀င်
ရောက်ဖြေရှင်းရန် ကြိုးပမ်းမည်ဆိုပါက ဤလမ်းနှစ်သွယ်အနက် မည်သည့်လမ်းပေါ်တွင် ရပ်တည်၍
ဆောင်ရွက်မည်နည်း။
အလယ်မှာရပ်ပြီး နှစ်ဘက်ကြေနပ်အောင်လုပ်ရန် မဖြစ်နိုင်ပါ။
ဆွေးနွေးညှိနိုင်းကြပါ၊ စကားပြောကြပါ ဟု ဆိုကာ စစ်အစိုးရအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းသို့
ခေါ်သွင်းသည့်အလုပ်ကို ဒေါ်အောင်ဆန်းစုကြည် လုပ်လိမ့်မည်မဟုတ်ဟု မြှော်လင့်ပါသည်။ ၂၀၁၂ ခုနှစ်
နိုဝင်္ဘာလ (၂) ရက်နေ့တွင် လွှတ်တော်ဥက္ကဌ သူရ,ဦးရွှေမန်းက တိုင်းရင်းသားတွေလိုလားသည့်ဖက်ဒရယ်
ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဟုဆိုကာ ဖက်ဒရယ်ဥပဒေမူကြမ်းတခုရေးသားရန် လွှတ်တော်
အမတ်များဖြစ်ကြသည့် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနုတို့အား တာဝန်ပေးခဲ့သည်။
၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ,၍ ဖက်ဒရယ်ကို ခွဲထွက်ရေးဟူ၍၀ါဒဖြန့်ကာ တိုင်းရင်းသားအခွင့်အ
ရေးကို ငြင်းပယ်၊ ပြည်ထောင်စု မပြိုကွဲရေးဟူသည်ကို အကြောင်းပြကာ တိုင်းရင်းသားပေါင်းစုံ လူထုတရပ်
လုံးကို နှစ်ပေါင်းငါးဆယ်ကျော် ဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်အာဏာရှင်များက ဖက်ဒရယ်ဟူသည်မှာ တိုင်းရင်း
သားများ၏ အခွင့်အရေးကို အာမခံချက်ပေးသည့် ပြည်ထောင်စု တည်ဆောက်ပုံဖြစ်ကြောင်း အတိအလင်း
ဝန်ခံလာခဲ့ရပြီဖြစ်သည်။

သို့ရာတွင် စစ်အာဏာရှင်များသည် ဖက်ဒရယ်ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှာပင် တည်
ဆောက်၍ ရ,နိုင်သလိုလိုပုံဖေါ်ကာ တိုင်းရင်းသားအဖွဲ့အစည်းများအား ဆက်လက်လှည့်ဖျားရန်ကြိုးပမ်းနေ
ဆဲဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်မှာ အနောက်အရပ်က,နေထွက်
လာမည်ဟူသည့် ပမာသာဖြစ်ပါမည်။ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ပါမည်ဟု ကတိပြုခဲ့သော ဒေါ်အောင်ဆန်းစု
ကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အခြေခံအပေါ်တွင်
ဖက်ဒရယ် ပြည်ထောင်စုသစ် တရပ်တည်ဆောက်ခြင်းဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရအောင်
ကြိုးပမ်းသွားလိမ့်မည်ဟု စာရေးသူ မြှော်လင့်နေဆဲဖြစ်ပါသည်။

အပိုင်း (၆) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၁၇) ရက် ၂၀၁၃ ခုနှစ်