ကရင်အမျိုးသမီးအစည်းအရုံး
နှင့်
ကရင့်ငြိမ်းချမ်းရေး
ကရင်အမျိုးသမီးအစည်းအရုံးအနေဖြင့် မိခင်ကေအင်န်ယူနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အထူး
ကောင်းမွန်ပြီး လျှော်ကန်သင့်မြတ်သည့် စွမ်းဆောင်မှုတစ်ခုဖြစ်ပါသည်။
ထို့အတူပင် အခြားသော တိုင်းရင်းသားအမျိုးသမီး အဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဆိုလျင်
ပိုမိုကောင်းမွန်ပါလိမ့်မည်။
ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ,အသီးသီးမှ တိကျမြန်ဆန်၍မှန်ကန်သည့်သတင်းများကို ရယူနိုင်
မည် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းများကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ပါ
သည်။
ကရင်အမျိုးသမီးအစည်းအရုံး၏ ခြောက်ကြိမ်မြောက်ညီလာခံတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် ဗမာ
စစ်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် အကျိုးရလဒ်များနှင့် စိမ်ခေါ်မှုများရှိနေကြောင်း ထုတ်ပြန်ကျေ
ငြာချက်အတွင်းဖေါ်ပြထားရာ အကျိုးရလဒ်သည် ကရင်ပြည်သူများတနေရာမှတနေရာသို့ သွားလာမည်ဆို
ပါလျင် ယခင်အချိန်ကာလများက ဗမာစစ်အစိုးရထံမှ ခွင့်ပြုချက်ရယူပြီး ထိုခွင့်ပြုချက်ရရှိရေးအတွက် ငွေ
ငါးရာမှ တစ်ထောင်အထိ ပေးဆောင်ကြရကြောင်း ယခုအခါ ပေးစရာမလိုကြောင်း။
ကရင်ဒေသ,အချို့၌ ဗမာစစ်အစိုးရမှ ယာယီကဒ်ပြားများထုတ်ပေးခြင်း မှတ်ပုံတင်ထုတ်ပေးခြင်းများရှိသဖြင့်
ကရင်ပြည်သူများအတွက် အကျိုးရှိသည်ဟု အခန်းအနားတက်ရောက်လာသည့် ကိုယ်စားလှည်များမှ တင်
ပြချက်ကိုကိုးကားကာ ဖြေကြားသွားပြီး စိမ်ခေါ်မှုနှင့်စပ်လျဉ်း၍မူ ယာယီအပစ်အခတ်ရပ်စဲမှုကို အခွင့်ရေး
တရပ်အဖြစ် ရယူလျက် ဗမာစစ်တပ်သည် ရိက္ခာများဖြည့်တင်းခြင်းလမ်း ပြင်ခြင်း စခန်းပြင်ခြင်း ကတုတ်
ကျင်း(ခံတုတ်ကျင်း)များ ဆောက်လုပ်ခြင်းတို့ဖြစ်ကြောင်းကိုRFA နှင့်ဆက်သွယ်မေးမြန်းခန်း၌ ဖြေကြား
သွားသည်ကို ကြားသိရပါသည်။
ကရင်ပြည်သူများ ထင်ယောင်ထင်မှားဖြစ်နေသည့်အရာမှာ စစ်အစိုးရမှ ယာယီကဒ်ပြားများပြုလုပ်ပေးခြင်း၊
မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် စစ်အစိုးရ၏ခွင့်ပြုချက်လက်မှတ်မလိုအပ်တော့ခြင်း စသည်တို့ကိုအကျိုးကျေး
ဇူးတစ်ရပ်အဖြစ် ထင်မြင်နေခြင်းပင်ဖြစ်သည်။ ထိုရလဒ်များသည် ဗမာစစ်အစိုးရမှ မိမိတို့ကိုပေးမှ ရရှိသည့်
အခွင့်အရေးဖြစ်သည်ဟု လွဲမှားစွာမယူဆ,မိစေ ရန်နှင့် ဗမာစစ်အစိုးရကို လုံးလုံးလျားလျားမယုံကြည်မိစေ
ရန် အခြေခံလူထုအား ရှင်းလင်းပြောကြားရန် အရေးတကြီးလိုအပ်နေပြီဟု မိမိအနေဖြင့်ယုံကြည်ပါသည်။
ထို့အပြင် အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များခက်ခဲစေသည့် ကျေးရွာ မြို့နယ် ခရိုင်
အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကရင်အမျိုးသမီးအစည်းအရုံးဝင် ကြွမ်းကြင်လုပ်သားများ
တတိယနိုင်ငံသို့ သွားရောက်အခြေချနေထိုင်မှုများကြောင့် ၎င်းတို့နေရာတွင် အစားထိုးနိုင်ခန့်အပ်နိုင်ရန်မှာ
အထူးလိုအပ်နေသည်မှာ ထင်ရှားလှပေ၏။
ထို့အတွက် မျိုးဆက်သစ်များကို အချိန်မီသင်တန်းပို့ချပေးနိုင်ရေးသည်လည်း အဓိက,ကျသော လုပ်ငန်းစဉ်
တရပ်ဖြစ်နေပေသည်။
စခန်းများပြုပြင်ခြင်းနှင့် ကတုတ်ကျင်း(ခံတုတ်ကျင်း)များတည်ဆောက်ခြင်းသည်လည်းကောင်း ရိက္ခာများ
ကို လိုအပ်သည်ထက် စုဆောင်းနေခြင်းသည် ဗမာစစ်အစိုးရအနေဖြင့် စစ်ရေးအတွက် တင်ကြိုပြင်ဆင်
ထားခြင်းသာဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးနေစဉ်အတွင်း စစ်အစိုးရမှ ၎င်းတို့လိုအပ်သည့်ပုံစံ အ
တိုင်း ဖြစ်မလာပါက ကေအင်န်ယူအပေါ် စစ်ရေးအရလက်ဦးမှုရယူနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေခြင်း
သာဖြစ်သည်။
ထို့ကြောင့်ပင် ကရင်ရွာများအတွင်းသို့ လမ်းမှားပြီး မတော်တဆ,၀င်လာမိသယောင်ယောင် လုပ်ရပ်များဖြင့်
သွေးတိုးစမ်းပြီး ထောက်လှန်းနေခြင်းသာဖြစ်သည်။
အောက်ပါသတင်းတစ်ရပ်သည်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှု တစ်စုံတရာ ပျက်ပြားသွားမည်ဆိုပါက
အမြစ် ပြတ်ခြေမှုန်းပစ်ရန် ပြင်ဆင်ထားပြီးဖြစ်နေပြီဟု သံသယ ဖြစ်ဘွယ်ရာများကို ခိုင်မာစေပါသည်။
အိန္ဒြိယ,ကာကွယ်ရေးဝန်ကြီးချုပ် အန်ထော်နီဟာ အခုလာမယ့် ဇန္န၀ါရီလ ၂၂ရက်နေ့မှာ မြန်မာနိုင်ငံကို
၂ရက်ကြာသွားရောက်မယ်လို့ အိန္ဒြိယ,ကာကွယ်ရေးဌာန အရာရှိတွေက,ပြောဆိုပါတယ်။
ဒီကနေ့ထုတ်တဲ့ The Times of India ရဲ့ဖေါ်ပြချက်အရဆိုလျင် အိန္ဒြိယအစိုးရဟာ မြန်မာ့တပ်မတော်ကို
သင်တန်းတွေပို့ချဘို့ရှိရာမှာ Russia နိုင်ငံလုပ် MI35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ပျံသန်းမောင်းနှင်ပုံ
သင်တန်းနဲ့ သောင်းကျန်းသူနှိမ်နင်းရေးသင်တန်း စ,တာတွေပါဝင်မယ်လို့ ဆိုပါတယ်။
Source News from http://www.rfanews.org/burma January 05, 2013
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အဆင်ပြေနေသည်ဟု ဆိုနေ
ပါလျှက် ဤကယ့်သို့သောအပြုအမူမျိုးသည် တိုင်းရင်းသားပြည်သူလူထုတို့၏ စိုးရိမ်စိတ်များကို မီးလောင်
ရာ လေပင့် ဖြစ်နေစေသည်မှာ ဧကန်အမှန်ပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါပေသည်။
ကရင်အမျိုးသမီးအစည်းရုံးမှ အမျိုးသမီးများနှင့် သက်ဆိုင်သူများ မိသားစုဝင်များအားလုံး ရွှင်လန်းချမ်းမြေ့
ကြပါစေ။
နှင့်
ကရင့်ငြိမ်းချမ်းရေး
February 10, 2013
Sunday
BY မင်းစိုစံ
ယနေ့ညနေပိုင်း ရေဒီယိုဖရီးအေးရှား မြန်မာပိုင်းအစီအစဉ်မှ KWO ၏ ပြောခွင့်ရသူ ဗဟိုအမြဲတမ်းကော်မ
တီဝင် နော်ဘလူးမင်းနိုက်ဇန် နှင့် ဆက်သွယ်မေးမြန်းခန်းအား နားဆင်ပြီးသည့်နောက် မိမိသည် ကရင်အ
မျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုနှင့် ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် သဘောထား ထားရှိမှုများကို များစွာမှ
ကြေနပ်အားရဖြစ်မိပါသည်။
ကမ္ဘာပေါ်ရှိ အမျိုးသမီးတို့သည် လူမှုရေး ကျန်းမာရေး ပညာရေး နိုင်ငံရေး စသည့်အခန်းကဏ္ဍတို့နှင့် ဆက်
စပ်နေသည့်ဌာနအတော်များများတွင် အမျိုးသားများနှင့်တန်းတူ တာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ရှိ
ရသကယ့်သို့ ကရင်အမျိုးသမီးများသည်လည်း ကရင့်အမျိုးသားရေးအတွက် ကဏ္ဍပေါင်းစုံဘက်ပေါင်းစုံမှ
တက်ကြွစွာပါဝင်နေကြပြီဖြစ်သောကြောင့် များစွမှပင် ပီတိဖြစ်ရပါသည်။
ထို့နည်းအတူ အချို့သောအခန်းကဏ္ဍများ၌ လိုအပ်သည့်အချက်အနည်းငယ်ကို မိမိအနေဖြင့် ဖြည့်စွက်တင်
ပြလိုပါသည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)