• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 16, 2013

ဗုံးထဲမှာ မီးလောင်စေတဲ့ မီးစုံးဖြူ ပါဝင်တဲ့ကိစ္စ မြန်မာအစိုးရ လက်မခံ

 
 President’s Office spokesperson Ye Htut
(Photo: The Irrawaddy)

ဗုံးထဲမှာ မီးလောင်စေတဲ့ မီးစုံးဖြူ ပါဝင်တဲ့ကိစ္စ

 မြန်မာအစိုးရ လက်မခံ

2013-02-16

လက်ပန်တောင်းတောင် သပိတ်ဖြိုခွဲ မှုမှာ ရဲတပ်ဖွဲ့က သုံးလိုက်တဲ့ဗုံးဟာ White Phosphorus ဆိုတဲ့ မီးလောင်စေတဲ့ မီးစုံးဖြူပါဝင်တယ် ဆိုတဲ့ကိစ္စကို မြန်မာအစိုးရက လက်မခံ ပယ်ချလိုက်တယ်လို့ AFP သတင်းတစ်ပုဒ်မှာ ဖေါ်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ သူတို့နဲ့ပူးပေါင်းပါဝင်ထားတဲ့ အမေရိကန် ပြည်ထောင်စုအခြေစိုက် Justice Trustဆိုတဲ့အဖွဲ့က မီးစုံးဖြူပါဝင်တယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ဖေါ်ခဲ့ပါ
တယ်။
ဒါကြောင့် မြန်မာသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွတ်ကို ဒီကိစ္စနဲ့ပတ်သက်လို့ မေးတဲ့အခါ မိမိတို့အနေ
နဲ့ လူတစ်ဦးချင်း၊ တဖွဲ့ချင်းရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့  မှတ်ချက်တစုံတရာ ပေးမှာမဟုတ်ပဲ ဒေါ်အောင်
ဆန်းစုကြည် ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အစီရင်ခံစာကိုပဲ အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံရွာသားတွေကို အရေးယူတဲ့ကိစ္စမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ပိုင်ခွင့်ကို နား
လည်မှုလွဲပြီး အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုတဲ့ အကြောင်းလဲ AFP သတင်းက ဖေါ်ပြထား
ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

ဗမာစစ်အစိုးရ ဆိုတာ သူတို့ကိုယ်ကျိုးစီးပွါးကို ထိခိုက်လာမယ်ဆိုလျင် အမှန်တရားကို လက်ခံနိုင်စွမ်းမရှိ ကြတာ နှစ်ပေါင်းငါးဆယ်ကျော်လာခဲ့ပါပြီ။

အောက်က ဖြစ်စဉ် (၂)ခုကို ကြည့်ကြပါ။

01-31-2013 နေ့ VOAနဲ့ ဦးရဲထွတ် ဆက်သွယ်မေးမြန်းခန်းမှာ ဦးရဲထွတ် ဖြေကြားပုံလေး လေ့လာကြည့်
ပါ။

၂၉ရက်နေ့ ည၇နာရီခွဲလောက်မှာ မယမ်းကျေးရွာမှာ ကျေးရွာဘုန်းကြီးကျောင်းနားမှာနေတဲ့ တပ်မတော်
တပ်စု တစုကို ကေအိုင်အေက အင်အား၂၀လောက်လာပစ်တယ်။
လာပစ်တဲ့အခါကျတော့ အဲဒီအပြန်အလှန်ပစ်တဲ့ကြားထဲက နေပြီးတော့မှ လက်နက်ကြီးရွာထဲကိုကျပါ
တယ်။
ကျတယ်ဆိုတော့ ကျနော်တို့က,ရွာထဲမှာရှိတော့ ဒါကေအိုင်အေဘက်က,လှမ်းပစ်တဲ့လက်နက်ကြီးပေါ့ဗျာ။
ကျနော်တို့က,ရွာထဲမှာ သူက,ရွာပြင်က,နေ ပစ်တာဖြစ်ပါတယ်။
ကျတဲ့အခါမှာ အမျိုးသား ၃ဦးဒါဏ်ရာရ,တယ်ဗျ။
နောက်တခါ အမျိုးသမီး ၁ယောက်၊ အမျိုးသား ၁ယောက်သေဆုံးပါတယ်။
အမြောက်တပ်တွေ ဘာတွေတော့ မပါပါဘူးခင်ဗျ။

ကေအိုင်အေဘက်က ပစ်လို့ အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးရတာပါလို့ အတည်ပြောနေတဲ့ ဦးရဲထွတ်
ရဲ့ဖြေပုံလေးပါ။

လက်နက်ကြီး လက်နက်ငယ် ဘယ်လိုကျတယ် ဘယ်ကနေပစ်လိုက်တာဆိုတာကို နေ့မအား ညမနား တ
ဝမ်းတခါးအတွက် ရှာစားနေကြရတဲ့ အခြေခံမြို့နေလူတန်းစားတွေက အတွေ့အကြုံမရှိရှာလေတော့ ဦးရဲ
ထွတ်ဖြေလိုက်ပုံကို သဘောကျကောင်းကျနိုင်ပေမယ့် လက်နက်မျိုးစုံနဲ့ ကျည်ဆံမျိုးစုံကြား အသက်လုပြီး
 နေ့နေ့ညည ပြေးလွှားတိမ်းရှောင်နေကြရရှာတဲ့ တိုင်းရင်းသားတွေ ခမျာတို့မှာတော့ နည်းနည်းလေးမှ သ
ဘောတွေ့ကြမှာမဟုတ်ပါဘူး။

01-14-2013 နေ့ BBCနဲ့ ဦးရဲထွတ် တို့ဆက်သွယ်မေးမြန်းကို လေ့လာကြည့်ကြပါဦး။

ကျနော်လည်း အဲဒီသတင်းကို ဒီကနေ့မနက်ပိုင်းမှာတွေ့ပါတယ်၊ တွေ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့
ကာကွယ်ရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူတွေကို ဒီသတင်းတော့ဖြစ်နေတယ် အဲဒါလေးပြန်စုံစမ်းပေး
ပါလို့ ကျနော်မေးခဲ့ပါတယ်။
မေးခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒီနေ့ ၅နာရီကျော်လောက်မှာတော့ သူတို့ဘက်က,နေ မြေပြင်မှာရှိတဲ့ သူတို့
တပ်ဖွဲ့ကိုမေးပါတယ် ဒီကနေ့မနက်ပိုင်းမှာ ကျနော်တို့ဘက်က,နေပြီးတော့မှ အဲဒီ လဂျားယန်ဒေ သ,ပေါ့
လေ တိုက်ပွဲတွေဖြစ်နေတဲ့ လဂျားယန်ဒေသ,မှာ အမြောက်တို့လက်နက်ကြီးတို့ ပစ်ခတ်တာလုံးဝမရှိဘူး လို့ သူတို့ကပြောပါတယ်ခင်ဗျ။
နောက် အဲဒီဒေသပေါ်မှာလည်း ရဟတ်ယာဉ်တို့ လေယာဉ်ပျံတို့ ပျံသန်းတာလည်း ဒီကနေ့မရှိဘူးလို့ ပြော
ပါတယ်ခင်ဗျ။

ဟုတ်ကဲ့ အဲဒီတော့ စစ်တပ်ဘက်ကနေပြီးတော့ ဦးရဲထွတ်ကိုအတည်ပြုပြီးပြောကြားတဲ့ သတင်းအပေါ်မှာ ဦးရဲထွတ်အနေနဲ့ရော လုံးဝယုံကြည်မှုရှိပါသလားရှင့်။

အမှန်တော့ သူတို့က ဒီလိုရှိတာပေါ့ဗျာ။ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာကို ကျနော်တို့သိ
ဘို့လိုပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ဟို တခါတလေမှာဗုံးဟောင်းတွေ ဘာတွေ မီးလှုံရင်းနဲ့ ဗုံးအဟောင်း
တွေက ကွဲတာမျိုးလည်း ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ဖြစ်တယ်လေ။

ကေအိုင်အေက,လာတိုက်တော့ ကေအိုင်အေပစ်လို့ ပြည်သူတွေ အသက်ဆုံးရှုံးရတာတဲ့ ဗမာစစ်တပ်က,
တမင်ပစ်လိုက်လို့ ပြည်သူတွေ အသက်ဆုံးရှုံးတာကိုကျတော့ မီးလှုံရင်း ဗုံးအဟောင်းတွေ ကွဲတာတဲ့။
တော်တော်ကို ဟာသ,မြောက်အောင် ပြောတတ်တဲ့ ဦးရဲထွတ်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ဆုံးရှုံးကြရသူ
တွေဟာ ကချင်တွေပါ။ ဦးရဲထွတ်အမျိုး တစ်ယောက်မျှမပါဘူးလေ။
ဒါကြောင့်လည်း မျက်နှာပြောင်တိုက်ပြီး ရဲရဲကြီး ဦးရဲထွတ် ပြောရဲနေတာပေါ့။

အခုလည်း စစ်အစိုးရ သုံးတဲ့ဗုံးဟာ White Phosphorus ပါတဲ့ဗုံးလို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်နဲ့ သူ
တို့နဲ့ပူးပေါင်းပါဝင်ထားတဲ့ အမေရိကန် ပြည်ထောင်စုအခြေစိုက် Justice Trustဆိုတဲ့အဖွဲ့က ပြောတာကို လက်မခံနိုင်ဘူးတဲ့။
မှတ်ကရော။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)