• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 5, 2013

သက်သတ်လွတ်အစားအစာ


 သက်သတ်လွတ်အစားအစာ

2013-02-06

သက်သတ်လွတ်စားတာ ကောင်းကျိုးများတယ်လို့ ကြားဖူးတယ်။
ဥပမာ သက်သတ်လွတ်အစားအစာထဲမှ အာဟာရဓါတ်တွေကို အလွယ်တကူစုပ်ယူနိုင်တာမို့ အစာကြေ
လွယ်တာပေါ့၊ ဒါပေမယ့် အသားဟင်းကတော့လွယ်လွယ်လေး အစာကြေတာမဟုတ်ဘူး၊ တချို့အာဟာ
ရ,ဓါတ်ကို တစ်ဝက်ကိုပဲစုပ်ယူနိုင်တယ်တဲ့။

ပြီးတော့ ဝက်တွေ၊ နွားတွေကို လူတွေက,သတ်တဲ့အခါ၊ သူတို့က,ကြောက်လန့်ပြီး သတ်တဲ့လူအပေါ် စိတ်
ဆိုးမှုတွေ နာကြည်းမှုတွေ ဖြစ်လာတာကြောင့် မကောင်းတဲ့ဓါတ်ပစ္စည်းတွေလည်း ထွက်တတ်တယ်၊ လူ
တွေက အဲဒီလိုမကောင်းဓါတ်တွေရှိတဲ့ အသားဟင်းကိုစားတဲ့အခါ ကျောက်ကပ်၊ အသဲ အပါအဝင် စွန့်ပစ်
ဓါတ် ဖယ်ထုတ်တဲ့အင်္ဂါစုရဲ့ ဝန်ထုပ်ဝန်ပိုး ပိုကြီးလာစေပြီး လူတွေရောဂါ ဖြစ်စေတတ်တယ်၊ အိုမင်းစေတတ်
တယ်။

ဒါပေမယ့် သက်ဆိုင်ရာ သုတေသနရ,လဒ်အရ၊ လုံးဝ,အသားဟင်းမစားဘဲ သက်သွတ်လွတ်ဟင်းချည်း
စားမယ်ဆိုရင်လည်း၊ ဗီတာမင် အေ ချို့တဲ့ပြီး ကျောက်တည်ရောဂါ ဖြစ်တတ်တယ်တဲ့၊ သက်သတ်လွတ်
ဟင်းထဲမှာ ဗီတာမင်အေ၊ ဗီတာမင် အီး စ,တဲ့ဓါတ်တွေ နည်းတယ်လေ။

အဲဒီ ဗီတာမင် နှစ်မျိုး ဖူဖူလုံလုံမရှိရင်၊ ကိုလက်စထရော အနည်ထိုင်မှုဖြစ်ပြီးတော့ ကျောက်တည် ရောဂါ
ဖြစ်စေတတ်တယ်တဲ့၊ ပြီးတော့ ပရိုတင်းဓါတ်လည်း ချို့တဲ့နိုင်မယ်တဲ့၊ အာဟာရ,ဆိုင်ရာ ပညာရှင်တွေက၊
သက်သတ်လွတ်စားတာ၊ တစ်ပတ်အတွင်း တစ်ရက်သက်သတ်လွတ်စားဖို့၊ ဒါမှမဟုတ် တစ်ရက်အတွင်း
တစ်နပ်လောက်တော့ သက်သတ်လွတ်စားဖို့ သင့်တော်တယ်လို့ တိုက်တွန်းပါတယ်။

Copy from http://myanmar.cri.cn/666/2013/02/06/1s23895.htm