• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 21, 2013

ဆေးလိပ်သောက်တတ်သူများ နံနက်စောစောမသောက်သင့်

 
ဆေးလိပ်သောက်တတ်သူများ

နံနက်စောစော မသောက်သင့်

By သော်တာမောင်

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုထိခိုက်စေသည် ဆိုခြင်းမှာ လူတိုင်းသိရှိနားလည်ကြပြီး
လက်ခံထားကြသည်။ ဆေးလိပ်ကို မသောက်ရ,မနေနိုင်၍ ဆေးလိပ်သောက်ပါက နံနက်စောစောဆေး
လိပ်သောက်ခြင်းမှာ ပို၍အန္တရာယ်ရှိသည်ဟု ဆိုပါသည်။

ဆေးလိပ်၊ စီးကရက်ကြိုက်တတ် သူများသည် အိပ်ရာမှနိုးလျှင်ပင် မီးခြစ်နှင့် ဆေးလိပ်ကို ဦးစွာရှာတတ်
လေ့ ရှိကြသည်။ နံနက်ပိုင်းသောက်သော ပထမဆေးလိပ်(စီးကရက်)တစ်လိပ်သည် အဆုတ်၊ ဦးခေါင်း
နှင့် လည်ပင်းတို့၌ ကင်ဆာဖြစ်ရန် အန္တရာယ်အမြင့်မားဆုံး ဖြစ်သည်ဟု အမေရိကန် သုတေသနပညာရှင်
များ ကပြောကြားလိုက်သည်။

The Pennsylvania State College of Medicine မှ Joshua Muscat က စီးကရက် မှန်မှန်သောက်တတ်
သူများထဲမှ အဆုတ်ကင်ဆာ ရောဂါလူနာ ၄၇၇၅ ဦးနှင့် အဆုတ် ကင်ဆာမရှိသော လူနာ၂၈၃၆ ဦးတို့ကို
နှိုင်းယှဉ်လေ့လာ သုံးသပ်ကြည့်ခဲ့ ကြသည်။ အိပ်ရာမှထပြီး မိနစ် ၃၀နှင့် ၆၀ကြားတွင် ဆေးလိပ်၊ စီးကရက်
သောက်သူများသည် မိနစ်၆၀ကြာပြီးမှ သောက်သူများထက် အဆုတ်ကင်ဆာဖြစ်မှု၌ ၁ ဒဿမ ၃၁ဆ,ပို
သည်။

အိပ်ရာမှထ,ပြီး မိနစ်၃၀အတွင်း ဆေးလိပ်သောက်သူဖြစ်ပါက အဆုတ်ကင်ဆာဖြစ်မှု၌ ၁ဒသမ ၇၉ဆ,
အန္တရာယ်ပိုကြောင်း တွေ့ရသည်။ ယခုတွေ့ရှိချက်အရ အိပ်ရာထ,ပြီး အနည်းဆုံး မိနစ် ၆၀ ကျော်ပြီးမှ
သာ ဆေးလိပ်၊ စီးကရက်သောက်ခြင်းသည် အန္တရာယ်နည်းသည်ဆိုသည့်အချက်ကို ဆေးလိပ်ကြိုက်
သူများ ဗဟုသုတအဖြစ် သိထားကြစေလိုပါသည်။

သော်တာမောင်

Copy from
http://www.facebook.com/photo.php?fbid=394211140676723&set=a.351047714993066.
76926.351018658329305&type=1&theater