• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 20, 2013

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးပွဲ

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဦးခွန်ထွန်းဦးနှင့် ဗိုလ်ချုပ် ဆေထင်("ဝ")

ငြိမ်းချမ်းရေးအတွက်

ယုံကြည်မှုတည်ဆောက်ရေးပွဲတွင်

ပြည်ထောင်စုဝန်ကြီးများက

ဗိုလ်ချုပ်ဆေထင် အပါအဝင် 

တိုင်းရင်းသားအဖွဲ့များနှင့် အကြိုဆွေးနွေး

မတ် ၁၉၊ ၂ဝ၁၃ မတ်လ ၂ဝ ရက်နေ့တွင် လားရှိုး မိုတယ်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု
တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး
ဦးအောင်မင်း၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး
ဦးဝင်းထွန်းတို့ တက်ရောက်ရန် လားရှိုးမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင် တို့သည် မတ် ၂ဝရက်တွင် ကျင်းပ
မည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းပွဲ အကြိုတွေ့ဆုံခြင်းကို Golden Hill Hotel
ခြောက်ထပ်တွင် ပြုလုပ်ခဲ့ကြသည်။

မတ်လ ၂ဝ ရက်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းပွဲတွင် လက်နက်
ကိုင်အဖွဲ့များ၊ RCSS အဖွဲ့၊ “ဝ” သွေးစည်းညီညွတ်ရေး တပ်မတော်တို့နှင့်ပါ ဆွေးနွေးရန် ရည်ရွယ်ထား
ကြောင်း၊ အားလုံးနှင့်လည်း ယုံကြည်မှုတည်ဆောက်သွားပြီး Peace Process အရ စားပွဲဝိုင်းတွင် တွေ့
ဆုံဆွေးနွေးရန် လိုအပ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက်တွေ့မှ ယုံကြည်မှု ပိုမိုရနိုင်မည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းကပြောကြားရာတွင် မြောက်ပိုင်းနှင့်ဆက်စပ်နေသည့် အဖွဲ့အစည်းများ
အားလုံးနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ယုံကြည်မှု၊ ခင်မင်မှုကို အကြောင်းပြုပြီး တိုင်းပြည် ငြိမ်းချမ်းရေး
အတွက် လေးနက်သည့် နိုင်ငံရေးခြေလှမ်းများ အစ,ပျိုးရန်ခံယူပြီး ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တိုင်းရင်း
သား ညီအစ်ကိုများ၏ တောင်းဆိုသံကို နားထောင်ပေးမည်ဖြစ်ပြီး မိမိတို့ဘက်က နဂိုကတည်းက တိုင်းရင်း
သားများအပေါ် တောင်းဆိုရန် လာခြင်းမဟုတ်ကြောင်း၊ ဆွေးနွေးရန်၊ နားထောင်ရန် လာခဲ့ခြင်းဖြစ်ကြောင်း
ရှင်းလင်းပြောဆိုသည်။

 ဗိုလ်ချုပ် ဆေထင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်

ပြည်ထောင်စု လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားရာတွင် ညီအစ်ကိုကဲ့သို့ မိတ်ဆွေကဲ့သို့ သဘော
ထားပြီး တိုင်းရင်းသားများနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အားလုံး ယုံယုံကြည်ကြည် ငြိမ်းချမ်းစွာ
ဖြင့် တိုင်းပြည်တိုးတက်စေချင်ကြောင်း ရှင်းလင်းပြောဆိုသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဦးအောင်မင်းနှင့်အဖွဲ့

RCSS/SSA နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦး
အောင်မင်း က ပြောကြားရာတွင် ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပေါ်နေခြင်းသည် နယ်မြေ မခွဲခြားရသေးသ
ဖြင့်ဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ဖက်တပ်များရောထွေးနေကြောင်း၊ ယခု ပြဿနာဖြေရှင်းရေး ဆက်လက်
လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးလုပ်သည်ဆိုသည်မှာ အပေါ်ပိုင်းတွင်သာ လုပ်
ဆောင်၍ မရကြောင်း၊ အောက်ခြေအထိလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကချင်တွင် ဖြစ်ပွားနေသည့် ပြင်း
ထန်သည့်တိုက်ပွဲများ ပြီးဆုံးသွားခြင်းသည် အောက်ခြေအဆင့်အထိရောက်အောင် နှစ်ဖက်စလုံးက စီစဉ်
ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆွေးနွေးပြီး အ
တတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားဖို့ရှိကြောင်း ရှင်းလင်းပြောဆိုသည်။

ဗိုလ်ချုပ်ဆေထင်၊ ဦးခွန်ထွန်းဦးတို့နှင့် ရင်းရင်းနှီးနှီး စကားလက်ဆုံ ပြောခဲ့ပြီး အသေးစိတ်ဆွေးနွေးမှုအား
မတ် ၂ဝတွင် ကျင်းပမည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း အခမ်းအနားတွင်ဆွေးနွေး
သွားကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောသည်။

Copy from http://www.myanmarij.com