• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 23, 2013

ဝေဒအသံ

 
 နိုင်ငံ၏ နဝရတ်ကိုးပါးတွင် သတင်း(မီဒီယာ)သမားများသည် နိုင်ငံ၏ နားဖြစ်သည်


ဝေဒအသံ ( အမှတ် ၄၅ )

မတ်လ ၂၂၊ ၂၀၁၃

By ဆရာဝဏ္ဏ B.Sc(Maths), H.G.P

ဥတ္တရာဖလဂုနီ နက္ခတ်ဖြင့် စန်းယှဉ်မည့် တပေါင်းလပြည့်

၂ဝ၁၃ ခုနှစ်၊ မတ် ၂၆ရက်သည် ဥတ္တရာဖလဂုနီနက္ခတ်ဖြင့် စန်းယှဉ်မည့် တပေါင်းလပြည့်အခါသမယ နေ့
ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ် သကဲ့သို့ ဟေမန္တဥတု(ဆောင်းရာသီ)မှ ဂိမှာန ဥတု(နွေရာ
သီ)သို့ တဖြည်းဖြည်းဝင်ရောက်လာပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်နွေရာသီသည် ယခင်နှစ်
ထက် အပူချိန်ပိုလာနိုင်ပြီး မီးဘေးအန္တရာယ်များနှင့် ကြုံတွေ့နိုင်ကြောင်း ကောင်းကင်ဂြိုဟ် အနေအထား
များအရ တွေ့ရှိရပါသည်။

၆၈ ကြိမ်မြောက် တပ်မတော်နေ့နှင့် အတ္တမိနေသော အင်္ဂါဂြိုဟ်

၂ဝ၁၃ ခုနှစ်၊ မတ် ၂၇ ရက်သည် ၆၈ကြိမ်မြောက်တပ်မတော်နေ့ဖြစ်ပါသည်။ ရဲဝံ့စွန့်စားခြင်း၊ သည်းခံနိုင်
စွမ်းရှိခြင်း၊ လျင်မြန်ဖြတ်လတ်ခြင်းကိုအုပ်စိုးသော အင်္ဂါဂြိုဟ်သည် တနင်္ဂနွေ၏နေရောင်မိသော မတ်လ
ကာလ,အတွင်း တပ်မတော်နေ့နှင့် ထူးခြားစွာကြုံတွေ့နေပါသည်။

ပျော့ပြောင်းသောဆက်ဆံမှုများ ရှိလာနိုင်မည့် မြန်မာ့တပ်မတော်

၂ဝ၁၃ ခုနှစ်၊ မတ်လဆန်းမှ ဇွန်လဆန်းအတွင်း မင်းအစိုးရ အုပ်ချုပ်သူကို အုပ်စိုးသော တနင်္ဂနွေဂြိုဟ်၏
နေရောင်တွင် အင်္ဂါဂြိုဟ်(စွမ်းအား သတ္တိဂြိုဟ်)ကို လွှမ်းမိုးခံရသောကြောင့် နိုင်ငံတော် အကြီးအကဲများ၏
ဦးဆောင် လမ်းညွှန်မှုနှင့်အတူ မြန်မာ့တပ်မတော်အကြီးအကဲများသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ
နိုင်ငံတော် တည်ဆောက်ရာတွင် ပြည်သူများနှင့်အတူ ပျော့ပြောင်းသောဆက်ဆံရေးများဖြင့် ထူးခြားစွာပူး
ပေါင်းဆောင်ရွက်လာနိုင်ပါမည်။

စိန်ခေါ်မှု ကြိုးဝိုင်းထဲက ပုဂ္ဂလိက နေ့စဉ်သတင်းစာ စာနယ်ဇင်း၊ သတင်းဂျာနယ်၊

သတင်းစာလောကအတွက် အရေးပါ သော ဂြိုဟ် နှစ်လုံးမှာ ဗုဒ္ဓဟူးဂြိုဟ် နှင့် ကြာသ ပတေးဂြိုဟ်တို့ဖြစ်ပါ
သည်။ ၂ဝ၁၃ခုနှစ်၊ ဧပြီလမှစ၍ သတင်းဂျာနယ်များနှင့်အတူ ပုဂ္ဂလိကနေ့စဉ်သတင်းစာများ စတင်ထုတ်ဝေ
တော့မည်ဖြစ်ပါသည်။ ၂ဝ၁၃ ခုနှစ် ကောင်းကင်ဂြိုဟ်အနေအထားအရ စိန်ခေါ်မှု ကြိုးဝိုင်းထဲ ဝင်လာတော့
မည့် ပုဂ္ဂလိကနေ့စဉ်သတင်းစာ အောင်မြင်မှုရရှိနိုင်မည့် အခြေအနေကို သုံးသပ်ကြည့်ရမည်ဖြစ်ပါသည်။

ထူးခြားသော သတင်းများဖြင့် ပြည့်နှက်နိုင်သည့် ၂ဝ၁၃ ခုနှစ် သတင်းထုးများ

၂ဝ၁၃ ခုနှစ်အတွင်း ကောင်းကင် ဂြိုဟ်များအနက် အင်္ဂါ၊ ကြာသပတေး၊ စနေဂြိုဟ်တို့ အဓိကထား၍ မြန်မာ
နိုင်ငံ၏ ထူးခြားသောသတင်းများကို ပုံဖော်ကြမည်ဖြစ်ပါသည်။ ယခုနှစ်နွေရာသီတွင် ပူပြင်းသောရာသီဥတု
ကြောင့် မြို့ရွာဒေသများတွင် သောက်သုံးရေရှားပါးလာနိုင်သော ကာလနှင့် ကြုံတွေ့ရနိုင်ပါသည်။ ထို့အပြင်
မြန်မာနိုင်ငံအတွင်း မီးဘေးအန္တရာယ်များကို အထူးသတိပြု ကာကွယ်ရမည့် နှစ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စက်မှုလက်မှုဇုန်နေရာများ၊ လူစည်ကားသော စားသောက်ဆိုင်များ၊ ကုန်လှောင်ရုံများတွင်
မီးလောင်ကျွမ်းမှုများကို ဧပြီလလယ်မှ မေလလယ်အတွင်း မကြာခဏဖြစ်ပွားတတ်ပါသည်။ ဧပြီလ သ
တင်းပွဲဦးထွက်အနေဖြင့် သဘာဝဘေးအန္တရာယ်သတင်းများဖြင့် စတင်လာနိုင်ပါသည်။

ပြည်သူ့ကျန်းမာရေးတွင် ကူးစက်ရောဂါဆန်းများ ဖြစ်ပွားမှုများလာနိုင်

၂ဝ၁၃ ခုနှစ် ကျန်းမာရေးကဏ္ဍ ၏ သတင်းများအနေဖြင့် ပြည်သူ့ကျန်းမာရေး ပြုစုစောင့်ရှောက်ရာ၌ ပြည်
သူ့ဆေးရုံများနှင့် ပုဂ္ဂလိက ဆေးရုံများ၏ ကုသရေးလုပ်ငန်းများတွင် စီးပွားရေးဆန်ဆန် အသွင်ပြောင်းလဲ
လာမှုများ၊ ပိုမိုများပြားလာသောကြောင့် ပြည်သူများအတွင်း ထိခိုက်နစ်နာမှုများဖြစ်ပေါ်လာနိုင်ပါသည်။

ဝမ်းပျက် ဝမ်းလျောရောဂါ၊ အပျော်အပါးဆိုင်ရာ လိင်မှ ကူးစက်သော ရောဂါဆန်းများ ဖြစ်ပေါ်နိုင် သကဲ့သို့
လူငယ်များအတွင်း အချစ်ရေးရှုပ်ထွေးမှုများ၊ အိမ်ထောင်ရေးအဆင်မပြေမှုများ တရားရင်ဆိုင်မှုသတင်းများ
ထူးခြားစွာပေါ်လာနိုင်သော နှစ်လည်းဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်များ ဝိုင်းလာနိုင်သည့် ၂ဝ၁၃

၂ဝ၁၃ ခုနှစ်သည် ကောင်းကင်ရှိ အင်္ဂါ၊ စနေ၊ ကြာသပတေးဂြိုဟ် တို့သည် လေရာသီအိမ်များတွင် ထူးခြား
စွာရပ်တည်ကြမည့်နှစ်ဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာ့နိုင်ငံများတွင် လေမုန်တိုင်း အန္တရာယ်
များ အထူးကျရောက်နိုင်သော နှစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံများတွင် သဘာဝ လေမုန်တိုင်း တိုက်ခတ်မှုများကို ၂ဝ၁၃
ခုနှစ်၊ မေလအလယ်နှင့် စက်တင်ဘာလအလယ် ကာလများတွင် ဖြစ်ပေါ်နိုင်ပြီး လူအသေအပျောက်နှင့် အ
ပျက်အစီးများမည့် သတင်းဆိုးများ ထွက်ပေါ်လာနိုင်ပါသည်။
ထို့အတူ မြန်မာနိုင်ငံတွင် လေကြောင်းအန္တရာယ်များ ကျရောက်နိုင်ပါသဖြင့် လေယာဉ်ခရီးစဉ်ပြေးဆွဲမှုများ
ကို ၂ဝ၁၃ခုနှစ်၊ မေလ(အထူးသဖြင့် အင်္ဂါနေ့ကျသောရက်များ)တွင် သတိပြုပျံသန်းကြရန် လိုအပ်ပါသည်။

သတင်းဂျာနယ်၊ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ အောင်မြင်မှု ရောင်ခြည် သန်းလာတော့မည့် ဇွန်လ

၂ဝ၁၃ ခုနှစ်၊ ဇွန်လမှစ၍ ကောင်းကင်ရှိ ကြာသပတေးဂြိုဟ်သည် ဗုဒ္ဓဟူးပိုင် မေထုန်ရာသီ (ရန်အိမ်)သို့
ကူးပြောင်းတော့ မည်ဖြစ်ပါသည်။ ဧပြီလမှ စတင်ထုတ်ဝေမည့် နေ့စဉ်သတင်းစာများအနေဖြင့် သတင်း
ဂျာနယ်များနှင့်အတူ ဧပြီနှင့် မေလ များတွင် ရုန်းကန်လှုပ်ရှားမှုများစွာဖြင့် စာဖတ်သူများအတွင်း ဈေးကွက်
ထိုးဖောက်နေရ ဦးမည်ဖြစ်ပါသည်။
သို့ရာတွင် ဇွန်လမှစ၍ စာပေစာနယ်ဇင်း သတင်းစာလောကအတွက် တိုးတက်သော ပြောင်းလဲမှုများနှင့်အ
တူ အောင်မြင်မှုရောင်ခြည်များ သန်းလာနိုင်ပါသည်။

တိကျမြန်ဆန်သော သတင်းများနှင့်အတူ မီဒီယာလောက တိုးတက်လာနိုင်

မီဒီယာလောကအတွင်း ဆက်သွယ်ရေးအိုင်တီပညာရပ်များဖြင့် သတင်းအချက်အလက်များကို အချိန်နှင့်
တစ်ပြေးညီ ကြည့်ရှုနိုင်သော နည်းပညာရပ်သုံး သတင်းထုတ်လွှင့်မှုများ ၂ဝ၁၃ ခုနှစ်၊ ဇွန်လမှ စတင်ပေါ်
ထွက်လာနိုင်သည့်အတွက် သတင်း ဂျာနယ်နှင့် သတင်းစာထုတ်ဝေသူများအနေဖြင့် ယှဉ်ပြိုင်ကြိုးစားထုတ်
ဝေရဦးမည်ဖြစ်ပါသည်။

မီဒီယာသမားများ မျှော်မှန်းသည့် စာမဖတ်သူ ပပျောက်ရေးနှစ်

၂ဝ၁၃ ခုနှစ်၊ ဇွန်လမှ ၂ဝ၁၄ခုနှစ်၊ ဇွန်လအတွင်း လုပ်သားပြည်သူများအနေဖြင့် နိုင်ငံ၏ နဝရတ်ကိုးပါးတွင်
နိုင်ငံ၏ နား အဖြစ်တင်စားရမည့် သတင်း (မီဒီယာ)လောကကို ပိုမိုစိတ်ဝင်စားစွာဖတ်ရှုလာနိုင်ကာ စာ မ
ဖတ်သူ ပ,ပျောက်ရေးနှစ်အဖြစ် တင်စားရမည့် ကာလရောက်ရှိလာဦးမည် ဖြစ်ပါသည်။

ဆရာဝဏ္ဏ B.Sc(Maths), H.G.P

Copy from http://www.myanmarij.com