• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, March 23, 2013

ပိုးကရင် ဗမာ အဘိဓာန်

 

March 23, 2013

ပိုးကရင် ဗမာ အဘိဓာန်

ဒီ ပိုးကရင်ဗမာ အဘိဓာန်ကို စာရွက်တွေအဖြစ်နဲ့ သိမ်းဆည်းထားတာ အလွန်အမင်းကြာနေပြီလို့ ယုံကြည်
ရပါတယ် ဘာကြောင့်လဲဆိုတော့ စာရွက်ကလေးတွေဟာ အင်မတန်ကိုဟောင်းနွမ်းနေပြီး စာလုံးတွေထင်
ရှားပြတ်သားမှုနည်းပါးနေတာကြောင့်ဖြစ်ပါတယ်။

ကရင်သံဃာတော်တစ်ပါးကနေ သူ့အနေနဲ့ လောကီအလုပ်ကိုမလုပ်တော့ပဲ လောကုတ္တရာဘက်ကိုသာ ဦး
ချလုပ်ကိုင်သွားတော့မယ်ဆိုပြီး ကျုပ်ကိုပေးခဲ့တာပါ။ အဲဒီသံဃာတော်အနေနဲ့ ပိုးကရင် ဗမာ အဘိဓာန်ကို
စာအုပ်အဖြစ်ထုတ်ဘို့ အပတ်တကုတ်ကြိုးစားခဲ့ဟန်ရှိပါတယ်၊သို့သော်လည်း အခြေအနေပေးခဲ့ပုံမရပါဘူး။
စာရွက်တွေအဖြစ်နဲ့သာ ကြေနပ်နေရတဲ့ပုံပေါက်နေပါတယ်။ အခုမှ ကျုပ်လည်း စာအုပ်သေတ္တာကို လိုက်ဖွ
ရင်းတွေ့တာနဲ့ လိုအပ်မယ်ထင်ပြီးရသလောက်ကလေးကောက်ရေးလိုက်ပါတယ်။

အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့မယ်ဆိုလျင်ဖြင့် အဲဒီအမှားဟာ ကျုပ်ရဲ့(စာလုံးကူးရေးရာ၌ဖြစ်စေ ဖတ်သည့်
အခါ၌ဖြစ်စေမသေခြာမှုကြောင့်) ကျုပ်ရဲ့အမှားပဲဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)